Transparency Myanmar

transparency.myanmar@gmail.com

ဒေါက်တာတင်ထွန်းဦး မြန်မာတိုင်းမ် CEO ဖြစ်ပြီ


ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၁၄

ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် လ.ဝ.က ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အဖမ်းခဲ့ရသည့် သြစတြေးလျနိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေ Ross Dunkley ၏ Myanmar Consolidated Media Group Ltd (MCM) အယ်ဒီတာချုပ်ရာထူးကို ရှယ် ယာဝင်တဦးဖြစ်သူ ဒေါက်တာတင်ထွန်းဦးက ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် လွှဲပြောင်းယူလိုက်ကြောင်း သတင်းရရှိသည်။

လဝက ပုဒ်မ ၁၃(၁)ဖြင့် ထိန်းသိမ်းခံရသည့် မစ္စတာ ရော့စ်ဒန်ကလေ၏ နေထိုင်ခွင့်ဗီဇာသက်တမ်းသည် ဖေဖော် ဝါရီလ ၂၇ ရက်နေ့မှ ကုန်ဆုံးမည်ဖြစ်ပြီး ဗီဇာသက်တမ်းတိုးရန် စီစဉ်နေခိုက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အမှုတွင် လိုက်ပါ ဆောင်ရွက်ပေးနေသူ တစ်ဦးကလည်း ပြောကြားသည်။

MCM သည် မြန်မာတိုင်းမ်စ် ဂျာနယ်ကို ၂ဝဝဝ ခုနှစ်မှ စတင်ထုတ်ဝေခဲ့သည်။ စတင်ချိန်က ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် နီးစပ်သူ ဦးဆန်နီဆွေ၊ မစ္စတာ ဒန်ကလေနှင့် နိုင်ငံခြားသားအနည်းငယ်၊ အစိုးရနှင့် နီးစပ်သူ အနည်းငယ်တို့ ပါဝင်ခဲ့သည်။ ဦးဆန်နီဆွေက ၄ဝ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ပြီး မစ္စတာဒန်ကလေမှာ ရှယ်ယာ ၄၉ ရာခိုင်နှုန်းဖြင့် စတင်ချိန် ကတည်းက အများဆုံး ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် အဖမ်းခံရပြီးနောက် ဆက်စပ်သူတဦးဖြစ်သည့် ဦးဆန်နီဆွေပါ ယာယီထိန်းသိမ်းခံခဲ့ ရပြီး ၎င်း၏ ရှယ်ယာများကို ဇနီး ဒေါ်ယမင်းထင်အောင်က ၂ဝဝ၆ ခုနှစ် နှစ်လယ်ပိုင်းအထိ လွှဲပြောင်းယူခဲ့သေးသည်။ ထို့ နောက် ဒေါ်ယမင်းထင်အောင်က ဒေါက်တာတင်ထွန်းဦးသို့ လွှဲပြောင်းပေးခဲ့သည်။

မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် အပတ်စဉ်ထုတ် မြန်မာတိုင်းမ် သတင်းဂျာနယ်ကို ထုတ်ဝေသော Myanmar Consolidate Media Group Ltd တွင် မစ္စတာဒန်ကလေက အစုရှယ်ယာ ၄၉%ကို ပိုင်ဆိုင်ပြီး မြန်မာစွယ်စုံ ဂရု(ပ်) မှ ဒေါက်တာတင်ထွန်းဦးက ၅၁%ကို ပိုင်ဆိုင်ကြောင်း သိရသည်။

          ဂျာနယ်၏ အစုရှယ်ယာဝင် တစ်ဦးဖြစ်သော ဒေါက်တာတင်ထွန်းဦးသည် အစိုးရနှင့် ပူးပေါင်းထားသည့် လုပ်ငန်း များစွာရှိသည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ပုစွန်တောင်မြို့နယ်တွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သောကိစ္စနှင့် ပတ်သက်ပြီး မစ္စတာ ဒန်ကလေနှင့် သဘောထားကွဲလွဲမှုများ ရှိခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

ယခုလ ၁၂ ရက်နေ့တွင် ကြေးမုံသတင်းစာ၌ နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချရေးကော်မတီမှ မြေ၊ အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက် စုစုပေါင်း ၂၆၈ ခုကို ရောင်းချမည့် စာရင်းဖော်ပြခဲ့ရာ MCM ငှားရမ်းဖွင့်လှစ်သည့် ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်း အမှတ် (၃၇၉-၃၈၃) အဆောက်အအုံလည်း ပါဝင်သည်။

Ref; Internet News

--------------------------------------------------------------------------------------------------------------------------------

မြန်မာတိုင်း(မ်) တည်ထောင်သူ ဒန်ကလေ အာမခံဖြင့် ပြန်လွတ် 


ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၄၊

လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ၁၃(၁) ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာတိုင်းမ် ဂျာနယ် ပူးတွဲတည်ထောင် သူ သြစတေးလျနိုင်ငံသား ရော့စ်ဒန်ကလေသည် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က အာမခံဖြင့် ပြန်လွတ်လာကြောင်း သတင်းရရှိ သည်။

ဖေဖေါ်ဝါရီလ ၁၀ရက်နေ့တွင် ဖမ်းဆီးခံရသော ၎င်းကို အာဏာပိုင်တို့က ဖေဖေါ်ဝါရီလ ၁၁ရက်နေ့တွင် အင်းစိန် ထောင် အချုပ်သို့ ပြောင်းရွှေ့ပြီး ၂ ရက်အကြာ အာမခံရသွားခြင်း ဖြစ်သည်။ မစ္စတာဒန်ကလေသည် တရားရုံးတွင် အမှုကို ဆက်လက် ရင်ဆိုင်သွားရမည် ဖြစ်သည်။

မြန်မာတိုင်း(မ်)သည် အပတ်စဉ်ထုတ်ဂျာနယ်များထဲတွင် လုပ်ငန်းကြော်ငြာအများဆုံးရရှိသော ဂျာနယ်တစ်စောင် ဖြစ်ပြီး စီးပွားရေးအရလည်း မျက်စိကျစရာဖြစ်နေသည့်အတွက် အယ်ဒီတာမူဝါဒကို ချုပ်ကိုင်ထားသော မစ္စတာဒန်ကလေအား ဖယ်ထုတ်ရန် ကြိုးစားပုံရသည်ဟု ရန်ကုန်မှ သတင်းထောက်တစ်ဦးက သုံးသပ် ပြသည်။

Ref; Internet News

--------------------------------------------------------------------------------------------------------------------------------

နိုင်ငံပိုင် အဆောက်အအုံများ စုစုပေါင်း ၂၆၈ ခုအား ရောင်းချမည်


ဖေဖော်ဝါရီလ ၁၄

နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချရေး ကော်မတီနှင့် နိုင်ငံပိုင် သိမ်းဆည်းထားသောပစ္စည်းများ ထုခွဲ ရောင်းချရေး ကော်မတီတို့မှ တိုက်ခန်း၊ လုံးချင်း၊ မြေကွက် စုစုပေါင်း ၂၆၈ ခုအား ရောင်းချရန်အတွက် အဆိုပြုလွှာများ ခေါ်ယူထားကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်များအရ သိရသည်။

ရောင်းချမည့် တိုက်ခန်းစာရင်းများထဲတွင် ရန်ကုန်၏ မြို့တွင်းဧရိယာများဖြစ်သော ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်း၊ ဗိုလ်တစ်ထောင် မြို့နယ်များရှိ နေရာကောင်းများ အများစု ပါဝင်လာကြောင်း သိရသည်။

လုံးချင်းစာရင်းများထဲတွင် အစိုးရဌာနဆိုင်ရာရုံးများ ပါဝင်လာပြီး ရန်ကုန်၏ အချက်အချာကျသော လမ်းမတန်း များဖြစ်သည့် ကမ်းနားလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ဆိပ်ကမ်းသာလမ်း၊ ဘုရင့်နောင် လမ်းမကြီး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ရွှေတောင်ကြားလမ်း၊ ဓမ္မစေတီလမ်းတို့ အပါအဝင် အခြား လမ်းမတန်းများတွင်သာ အများဆုံးတည်ရှိသည့် ရုံးများ၊ နိုင်ငံတော်ပိုင် အဆောက်အအုံများ ပါဝင်ကြောင်း သိရသည်။

နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချရေးကော်မတီမှ လုံးချင်း ၈၆ ခု၊ တိုက်ခန်း ၄၅ ခန်းနှင့် မြေကွက် ၂၆ ခုအား ရောင်းချမည် ဖြစ်ပြီး နိုင်ငံပိုင် သိမ်းဆည်းထားသောပစ္စည်းများ စီမံခန့်ခွဲမှုကော်မတီမှ မြေနှင့်အဆောက်အအုံ ၆၅ ခု၊ တိုက်ခန်း ငါးခန်းနှင့် မြေကွက် ၄၁ ကွက် တို့အား ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

 

(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ် များအတွက် သတင်းများနှင့် ဆောင်းပါးများကိုအချိန်ပေးဖတ်ရှုရ သည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ်တခုခုကိုရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ)မဟုတ်ပါ ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

၁ဝ မိနစ်သာကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်

သမ္မတက  တရားသူကြီးအဖွဲ့ဝင် ၇ ဦးအား အဆိုပြုတင်သွင်း

ဖေဖေါ်ဝါရီလ ၁၅

နေပြည်တော်၌ ကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ယနေ့ ဖေဖေါ်ဝါရီလ ၁၅ရက်နေ့တွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် တရားလွှတ်တော်ချုပ် တရားသူကြီးအဖွဲ့ကို ၇ ဦးဖြင့် ဖွဲ့ စည်းရန် သမ္မတက တင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။

၁ဝ မိနစ်သာ ကျင်းပခဲ့သည့် အစည်းအဝေး၌ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးအဖွဲ့တွင် ပါဝင်ရ မည့် အရေအတွက်ကို သမ္မတဖြစ်သူ ဦးသိန်းစိန်က တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂ဝဝ၈ ခု ဖွဲ့စည်းပုံအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အကြီးအမှူးဖြစ်သည့် ပြည်ထောင်စု တရားသူကြီး ချုပ် အပါအဝင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကို အနည်းဆုံး ၇ ဦးမှ အများဆုံး ၁၁ ဦးအထိ ခန့် အပ်နိုင်သည်။

သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူချက်ဖြင့် "ပါတီနိုင်ငံရေး"ကင်းရှင်းပြီး အသက် (၅ဝ-၇ဝ) ရှိ သူကို ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ်ခန့်ရမည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကိုမူ သမ္မတ က ပြည်ထောင်စု တရားသူကြီးချုပ်နှင့်ညှိနှိုင်းကာ ပြည်ထောင်စုလွှတ်တော်၏ သဘောတူချက်ဖြင့် ခန့်အပ်ရမည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအရ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌတို့သည် "ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်" ၁၃ ဦး၌ ပါဝင်ကြသည်။

ဖေဖေါ်ဝါရီလ ၁၅ရက်နေ့တွင် သမ္မတက တင်သွင်းခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ၈ ဦး အရေအတွက်ကို အမတ်ပေါင်း ၆၅၉ ဦးအနက် အင်္ဂါအစည်းအဝေး တက်သည့် ၆၅၆ ဦးက "ကန့်ကွက်သူမရှိ" အတည်ပြုခဲ့ ကြောင်းလည်း သိရသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၌ "သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသည့် အခါတိုင်း ယင်းတို့အား တာဝန်ပေးအပ်သည့် ဝန်ကြီးဌာနများကို ဖော်ပြ၍ ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားရမည်" ဟု ပါ ရှိသော်လည်း ဝန်ကြီးအမည်နှင့် ဝန်ကြီးဌာနကိုတွဲလျက် မကြေညာသေးသဖြင့် အမတ်များအကြား ဝေဖန်မှုများ ထွက်ပေါ် နေသည်။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကိုလည်း နေရာသာအတည်ပြုထားနိုင်ပြီး အမည်များမထွက်သေးသည့်အ ပေါ် အမတ်များအကြား ဝေဖန်သံများ ထွက်နေသည်။

Ref; Internet News

--------------------------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ် ဝန်ကြီးဌာန ၉နေရာ ပါတီအလိုက် သတ်မှတ်

ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေး၏ တတိယနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြည်နယ်ဝန်ကြီး ဌာန ၉ နေရာအား ပါတီအလိုက် ရာထားသတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လွှတ်တော်အစည်းအဝေးကို နံနက် ၁၀နာရီကနေ ၁၀နာရီ ၁၀မိနစ်အထိ ကျင်းပခဲ့သည်ဟု သိရပြီး ပြည်ခိုင်ဖြိုး ပါတီက အမတ် ၅ဦး၊ ရတပပါတီက အမတ် ၃ဦး နှင့် တပ်မတော်သားကိုယ်စားလှယ် တစ်ဦးကို ဝန်ကြီး ၉ နေရာအတွက် ရာထားသတ်မှတ်လိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါ ရွေးချယ်ခန့်အပ်ရန် သတ်မှတ်လိုက်သည့် ဝန်ကြီး ၉ဦးမှာ ဗိုလ်မှူးကြီးထင်လင်း (တပ်မတော်သား ကိုယ် စားလှယ်)၊ ဦးကျော်ခင် (ပြည်ခိုင်ဖြိုးပါတီ) ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁)၊ ဦးကျော်သိန်း (ရတပပါတီ) မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)၊ ဦးစိုးအေး (ပြည်ခိုင်ဖြိုးပါတီ) ဂွမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂)၊ ဦးမြအောင် (ပြည်ခိုင်ဖြိုးပါတီ) မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂)၊ ဦးသာလူချေ (ရတပပါတီ) စစ်တွေ မြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁)၊ ဒေါက်တာအောင်ကျော်မင်း (ပြည်ခိုင်ဖြိုးပါတီ) တောင်ကုတ်မြို့နယ် ပြည်နယ် လွှတ်တော် အမှတ်(၂)၊ ဦးအောင်သန်းတင် (ရတပပါတီ) ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂)၊ ဦးလှဟန် (ပြည်ခိုင်ဖြိုးပါတီ) သံတွဲမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁) တို့ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ချင်းရေးရာကိုယ်စားလှယ်ဝန်ကြီးတစ်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီမှ ဦးကိုကိုနိုင် အား ရွေးချယ်ခန့်အပ်လိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ပါဝင်မည့် ဝန်ကြီးဌာန ၉ ခုမှာ ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီးဌာန၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးဌာန၊ သာသနာရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ စက်မှုနှင့် အားကစား ဝန်ကြီးဌာန၊ လူမူဖုံလုံရေး နှင့် ယဉ်ကျေးမူ ဝန်ကြီးဌာန၊ စီးပွားကူးသန်း ဝန်ကြီးဌာန ၊ သားငါးနှင့် စက်မှုလက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ လယ်ယာစိုက် ပျိုးရေး ဝန်ကြီးဌာနတို့ ဖြစ်ကြသည်။

ခန့်အပ်လိုက်သည့် အမတ်များအား မည်သည့် ပြည်နယ်ဝန်ကြီးဌာနများတွင် ခန့်အပ်လိုက်သည်ကိုမူ အသေး စိတ် မသိရသေးချ။
Ref; Internet News

--------------------------------------------------------------------------------------------------------------------------------

ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေး သင်တန်းပေးမည်

ဖေဖော်ဝါရီ ၁၄

ပြည်ခိုင်ဖြိုး ပါတီဝင်များအား သင်တန်းပေးရန်အတွက်  နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီ ရုံးချုပ် အနီး၌ နိုင်ငံရေး သင်တန်းကျောင်း ဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါ သင်တန်းကျောင်းအား ယခုနှစ် အတွင်း စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းအတွက် ပြင်ဦးလွင် စစ်တက္ကသိုလ်၊ ဗထူး စစ်သင်တန်းကျောင်းမှ သင်တန်းဆရာများသာမက ယဉ်ကျေးမှုဝန်ကြီးဌာန လက် အောက်ရှိ ပညာရှင်များကိုပါ တာဝန် ပေးသွားမည် ဖြစ်ကြောင်း၊ သင်ထောက်ကူဆိုင်ရာ ပစ္စည်းများ၊ စာအုပ် စာတမ်းများ ကြိုတင် စုဆောင်းမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံးရရှိထားသည့် ပါတီဖြစ်ပြီး မကြာသေးခင်က ကျင်းပသော လွှတ်တော်အစည်းအဝေး၌ အစိုးရအဖွဲ့သစ် ဖွဲ့ရာတွင်လည်း ပြည်ခိုင်ဖြိုးပါတီ ဝင်များသာ ပါဝင်သည်။

ပြည်ခိုင်ဖြိုးပါတီမှာ စစ်အစိုးရ ကျောထောက်နောက်ခံမှုဖြင့် ၁၉၉၃ ခုနှစ်တွင် လူမှုရေးအဖွဲ့အစည်းအနေနှင့် စတင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ၂၀၁၀ ဧပြီလ၌ နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းခဲ့သော ပါတီ ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ၏ အမာခံအင်အား ၈ သန်းကျော် ရှိကြောင်း ပါတီအကြီးအကဲတစ်ဦးက ထုတ်ဖော်ပြောဆို ထားသည်။

မြန်မာနိုင်ငံ၌ ၁၉၆၂ ခုနှစ်တွင် တစ်ပါတီ အာဏာရှင် ဦးနေဝင်း အာဏာသိမ်းပြီးနောက် မြန်မာ့ဆိုရှယ်လစ် လမ်း စဉ်ပါတီ (မဆလ) ကို ဖွဲ့စည်း၍ ပါတီ မူဝါဒ သဘောတရားများကို သင်ကြားပို့ချသည့် နိုင်ငံရေးသင်တန်းကျောင်း ဖွင့်လှစ် မှု ပြုလုပ်ခဲ့ဖူးသည်။

Ref; Internet News


(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ် များအတွက် သတင်းများနှင့် ဆောင်းပါးများကိုအချိန်ပေးဖတ်ရှုရ သည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကိုရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ)မဟုတ်ပါ ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(14 Feb 2011 ရက်စွဲပါ Reuters သတင်းဌာန၏ US criticizes Myanmar government threat on Suu Kyi ကို ဘာသာ ပြန်ဆိုသည်။)

          မြန်မာ အစိုးရ၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ခြိမ်းခြောက် ခဲ့ခြင်းသည် မသာမာမှုကြောင့် အများက လက်မခံခဲ့သော နိုဝင်ဘာ ရွေးကောက်ပွဲ ပြီးခဲ့သော်လည်း စစ်တပ် နောက်ခံပြု အစိုးရသည် မည်သည့် ပြောင်းလဲမှုမျှ မရှိကြောင်း ပြသလိုက်ခြင်းပင် ဖြစ်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက တနင်္လာနေ့က ပြောကြားလိုက်သည်။

          "မြန်မာနိုင်ငံဟာ ခေတ်သစ်တစ်ခုကို ရောက်ပြီလို့ ပြောနေပေမယ့်လည်း ဒေါ်အောင်ဆန်း စုကြည်ကို ခြိမ်းခြောက်နေတုန်းပဲ ဆိုတော့ အကျင့်ဟောင်းထဲမှာပဲ ရှိနေသေးတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် P.J Crowley က Twitter ရှိ မက်ဆေ့ခ်ျတွင် ပြောကြားခဲ့သည်။

          မြန်မာနိုင်ငံ ဒီမိုကရေစီ မီဒီယာများမှ တနင်္ဂနွေနေ့က ပြောကြားရာတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် ၎င်း၏ပါတီသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကို ထောက်ခံခြင်း အပါအဝင် ၎င်းတို့၏ ရပ်တည်ချက်များကို ဆက်လက် ဖက်တွယ်ထားပါက ကြေကွဲဖွယ် ဇာတ်သိမ်းရလိမ့်မည်ဟု ဖော်ပြခဲ့သည်။

          အမေရိကန် သမ္မတ Barack Obama စတင် တာဝန်ယူစဉ်က မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပိုမို တိုးတက် ကောင်းမွန်အောင် မျှော်လင့်ခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာ အစိုးရ၏ အမှန်တကယ် ပြုပြင် ပြောင်းလဲမှု အတွက် စိတ်အား ထက်သန်မှု မရှိခြင်းကြောင့် စိတ်ပျက်မှုကို ဖော်ပြခဲ့သည်။

          နိုင်ငံရေး ဝေဖန် သုံးသပ်သူများက ပြောကြားရာတွင် မည်သို့ပင်ဆိုစေ အမေရိကန် ပြည်ထောင်စု အနေဖြင့် Sanction နှင့် ပတ်သက်၍ ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည် သုံးသပ်နိုင်သည်ဟု ဆိုသည်။ ဝေဖန်သူများက Sanction များသည် မအောင်မြင်ခဲ့ရုံမက မြန်မာ ဗိုလ်ချုပ်များကို တရုတ်နှင့် ပိုမို နီးကပ်စွာ ဆက်ဆံရန် တွန်းအားပေးသလို ဖြစ်ရသည်ဟု ဆိုသည်။

          ဒေါ်အောင်ဆန်းစုကြည်က သူမ လွတ်မြောက်ပြီးနောက် Sanction များကို ပြန်လည် သုံးသပ်ရန် အနောက်နိုင်ငံများနှင့် ဆွေးနွေးလိုကြောင်း လေသံပစ်ခဲ့သည်။ Sanction များဆိုသည်မှာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းများနှင့် ဒီမိုကရေစီ လှုပ်ရှားမှုများကို ဖိနှိပ်မှုများကြောင့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

          သို့သော် သူမနှင့် သူမ၏ NLD သည် မကြာသေးမီက ယခုအခါ Sanction နှင့်ပတ်သက်၍ ရုတ်သိမ်းရန် အကြောင်းပြချက် မမြင်သေးကြောင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(BBC News မှ 13 February 2011 ရက်စွဲပါ "Burma Media Warns of Tragic End for Aung San Suu Kyi" ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာပြီး နောက်ပိုင်း နိုင်ငံပိုင် အစိုးရ သတင်းစာများက သူမအပေါ် ပထမဆုံး တိုက်ရိုက် ပြစ်တင် ဝေဖန်မှု ပြုလုပ် ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ ပြစ်တင် ဝေဖန်ထားသော ဆောင်းပါးတွင် သူမနှင့် သူမ၏ ပါတီသည် အနောက် နိုင်ငံ အရေးယူ ဒဏ်ခတ်မှု အစီအစဉ်များကို ဆက်လက် ထောက်ခံနေမည် ဆိုပါက ကြေကွဲဖွယ် ဇာတ်သိမ်းနှင့် ကြုံတွေ့ရဖွယ် ရှိသည်ဟု ဖော်ပြထားသည်။

ဒေါ်အောင်ဆန်း စုကြည်သည် သူမနှင့် NLD ပါတီတို့ မြန်မာ နိုင်ငံ၏ အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲမှ ပယ်ထုတ် ခံရပြီး နောက်ပိုင်း ပြီးခဲ့သော နိုဝင်ဘာလတွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံတွင် ယခုအခါ အရပ်ဖက် အစိုးရကို ဖွဲ့စည်းနေပြီဟု ဆိုသော်လည်း အမှန် တကယ်တွင်မူ လွှတ်တော်ကို တပ်မတော်ကသာ လွှမ်းမိုးထားဆဲ ဖြစ်သည်။

နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသော ယင်းဝေဖန်ရေး ဆောင်းပါးတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် အဖျက်သိမ်းခံ NLD ပါတီကို လမ်းမှား လျှောက်နေသည်ဟု စွပ်စွဲထားသည်။

ယနေ့ မြန်မာ နိုင်ငံသည် ခေတ်သစ်၊ စနစ်သစ်နှင့် ဒီမိုကရေစီ စနစ်သို့ ဦးတည်သည့် နိုင်ငံရေး အခင်း အကျင်းသစ် ဆီသို့ ချီတက် နေသည် ဆိုသော အချက်ကို ဒေါ်အောင်ဆန်း စုကြည်နှင့် NLD ပါတီက လျစ်လျူ ရှုနေသည်ဟု အစိုးရ အာဘော် ဆောင်းပါးရှင်က ဆိုထားသည်။

အကယ်၍ NLD ပါတီ အနေဖြင့် ဤလမ်းကြောင်း အတိုင်း ဆက်သွားပါက ကြေကွဲဖွယ် ဇာတ်သိမ်း ရလိမ့်မည်ဟု ဆောင်းပါးရှင်က သတိပေး ထားသော်လည်း အသေးစိတ် ဖော်ပြထားခြင်း မရှိပါ။

အပြောင်းအလဲများ၊ ပြုပြင်မှုများကို ၎င်းတို့ပါတီနှင့်သာ ညှိနှိုင်း ပြုလုပ် သင့်ကြောင်း တောင်းဆိုခြင်းဖြင့် ၎င်းတို့ အာဏာ ရလာသည့် တိုင်အောင် လက်နက် ရောင်းဝယ်မှု ပိတ်ဆို့ရေးကို ဆုပ်ကိုင် ထားလိုခြင်း အတွက် NLD အား မိမိ ကိုယ်ကို အထင် ကြီးလွန်းသူ အဖြစ် ဆောင်းပါးရှင်က စွပ်စွဲ ထားသည်။

ဆောင်းပါးတွင် ကျေရာ ကျေကြောင်း လေပြေ ထိုးမှုလည်း ပါဝင်ပြီး ဒီမိုကရေစီ နိုင်ငံဟု အစိုးရက ခေါ်သည့် ကဏ္ဍ နယ်ပယ်သို့ ပူးပေါင်း ဆောင်ရွက်ရန် ဒေါ်အောင်ဆန်း စုကြည်နှင့် NLD ပါတီကို ဖိတ်ခေါ် ထားသော်လည်း ယင်းပူးပေါင်း ဆောင်ရွက်မှုကို မည်သည့် ပုံစံဖြင့် ပြုလုပ်မည် ဆိုသည်ကိုမူ ပြောကြား ထားခြင်း မရှိပါ။

NLD ပါတီက အနောက် နိုင်ငံ ပိတ်ဆို့မှုများကို ထောက်ခံကြောင်း၊ သို့သော်လည်း ပြုပြင်ရန် လို/မလို ကို ဆွေးနွေးလိုကြောင်း ပြောကြားပြီး နောက်ရက်ပိုင်း အတွင်း နိုင်ငံပိုင် သတင်းစာတွင် ယင်းကဲ့သို့ ဝေဖန်ချက် ပါဝင် လာခြင်း ဖြစ်သည်။

အနောက် နိုင်ငံ များ၏ ပိတ်ဆို့ အရေးယူမှု များကို မြန်မာ စစ်ဖက် အုပ်ချုပ်သူများက အစဉ် တစိုက် ကန့်ကွက် ခဲ့ကြပြီး မြန်မာ ပြည်သူများကို ထိခိုက် စေကာ တိုင်းပြည်ကို ဆင်းရဲတွင်းသို့ တွန်းပို့ နေသည်ဟု ပြောကြား ခဲ့သည်။

အသက် ၆၅ နှစ်ရှိ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အနှစ် ၂၀ နီးပါး ထိန်းသိမ်း ခံရခြင်းမှ လွတ်မြောက် လာပြီးနောက် သူမ၏ မိန့်ခွန်း ပြောကြားမှု၊ လူထုရှေ့ ထွက်လာမှု များကို အစိုးရက အနည်းငယ်သာ တုံ့ပြန်မှု ပြသခဲ့သည်။

အထက်ပါ ဝေဖန်မှုသည် ရွေးကောက်ပွဲ ဝင်ရန် ငြင်းဆန် ခဲ့ပြီးနောက် ဖျက်သိမ်းခြင်း ခံရသည့် NLD ပါတီနှင့် ပါတီ ခေါင်းဆောင် သူမ အပေါ် ဖိနှိပ် ချုပ်ချယ်ရန် အတွက် အစိုးရ၏ ကြိုးပမ်းမှု တစ်ရပ်သာ ဖြစ်သည်ဟု စစ်မှုထမ်းဟောင်း အတိုက်အခံ နိုင်ငံရေး သမား တစ်ဦးက BBC သို့ ပြောကြား ခဲ့သည်။

လက်ရှိ မြန်မာ့ တပ်မတော် ခေါင်းဆောင်များက ၎င်းတို့ ပြုလုပ်သော နိုဝင်ဘာ ရွေးကောက်ပွဲသည် ဒီမိုကရေစီ လမ်းညွှန် မြေပုံ၏ အဆင့် တစ်ခု ဖြစ်ကြောင်း အဆက် မပြတ် အသံကောင်း ဟစ်ခဲ့ သော်လည်း အကျင့်ပျက် ခြစား လိမ်လည်မှု များကြောင့် ၎င်းတို့ အပေါ် ကမ္ဘာက ဝိုင်းဝန်း အပြစ်တင် ရှုတ်ချခြင်းကို ခံနေရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(News Wire မှ 14 February 2011 ရက်စွဲပါ "SIPC Hits Gas in Burma" ကို ဘာသာ ပြန်ဆိုသည်)

Sinopec International Petroleum ဖက်စပ် လုပ်ငန်း SIPC က မြန်မာ နိုင်ငံ၏ အကြီးဆုံး ရန်ကုန် မြို့တော်၏ အနောက်မြောက်ဖက် ၈၃၅ ကီလိုမီတာ အကွာရှိ မဟူတောင် ဒေသတွင် တစ်ရက်လျှင် ဓာတ်ငွေ့ ကုဗပေ ၂.၁ သန်း ထုတ်လုပ် နိုင်သော ဓာတ်ငွေ့သိုက် တစ်ခု တွေ့ရှိသည်ဟု နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် ဖော်ပြ ပါရှိသည်။

မြန်မာ နိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ စ၍ ရေနံ၊ ဓာတ်ငွေ့ ရှာဖွေ ခဲ့သော Sinopec နှင့် နိုင်ငံပိုင် MOGE တို့ အကြား ဖက်စပ် လုပ်ငန်း ဖြစ်သည့် SIPC Myanmar Petroleum က ကုန်းတွင်း လုပ်ကွက် D တွင် စုစုပေါင်း အစမ်းတွင်း ၆ တွင်း တူးဖော် ခဲ့ပြီး နောက်ထပ် အစမ်းတွင်း ၃ တွင်း စမ်းသပ် တူးဖော်ရန် အစီအစဉ် ရှိသည်ဟု သိရှိရသည်။

မြန်မာ နိုင်ငံ အလယ်ပိုင်းတွင် ဓာတ်ငွေ့ ကုဗပေ ၉၀၉ ဘီလျံနှင့် ရေနံစိမ်း စည်ပေါင်း ၇.၁၆ သန်း ထုတ်ယူ နိုင်မည့် သယံဇာတ သိုက်များ တွေ့ရှိကြောင်း SIPC က ယခင်လတွင် အတည် ပြုခဲ့ ပြီးနောက် ယခု ထပ်မံ တွေ့ရှိမှု သတင်း ထွက်ပေါ် လာခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံ၌ ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံခြား ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ငန်းများ ဝင်ရောက် လာပြီး နောက်ပိုင်း ရခိုင်၊ တနင်္သာရီနှင့် မွန်ပြည်နယ် တို့တွင် ကမ်းနီး စီမံကိန်း ၄၉ ခုနှင့် ကမ်းဝေး စီမံကိန်း ၂၆ တို့တွင် ရေနံ၊ ဓာတ်ငွေ့ ရှာဖွေ ခဲ့ကြသည်။

မြန်မာ နိုင်ငံတွင် တွေ့ရှိ ပြီးသော ဓာတ်ငွေ့သိုက် များမှာ ပြီးခဲ့သော ဆယ်နှစ် အတွင်း နှစ်ဆ တိုးကာ ကုဗပေ ၁.၉ ထရီလီယံ အထိ ရောက်ရှိ သွားခြင်းကြောင့် ဩစတြေးလျ နိုင်ငံ၏ ငါးပုံ တစ်ပုံခန့်နှင့် ညီမျှသည်ဟု BP ကိန်းဂဏန်း စစ်တမ်း အရ သိရသည်။

ရေနံနှင့် ဓာတ်ငွေ့ သယံဇာတများမှ ရရှိသော ဘဏ္ဍာငွေများကို စစ်ဖက် အုပ်ချုပ်သူ အလွှာက တင်းတင်း ကျပ်ကျပ် ချုပ်ကိုင် ထားပြီး ယင်းတို့၏ အဆက် အနွယ်များ၊ ရောင်းရင်း များကလည်း အခြား စီးပွားရေး လုပ်ငန်း ကဏ္ဍများကို လက်ဝါးကြီး အုပ်ထား ကြသည်။

အိမ်နီးချင်း ထိုင်းနှင့် တရုတ် နိုင်ငံ တို့သည် မြန်မာ စွမ်းအင် ကဏ္ဍတွင် အများဆုံး ရင်းနှီး မြှုပ်နှံ ထားကြသူများ ဖြစ်ပြီး ဩစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ ရုရှား၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့မှ ကုမ္ပဏီများကလည်း မြန်မာ အစိုးရနှင့် စွမ်းအင် ကဏ္ဍ သဘောတူ စာချုပ်များ ချုပ်ဆို ထားကြသည်။

၁၉၈၈ ခုနှစ်တွင် ဖက်စပ် လုပ်ငန်းများ စတင် ခဲ့သည့် နောက်ပိုင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ နယ်ပယ်ရှိ စုစုပေါင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၁၃.၅ ဘီလျံ အထိ ရှိခဲ့သည်ဟု တရားဝင် ကိန်းဂဏန်းများက ပြသနေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(China Daily မှ 14 Feb 2011 ရက်စွဲပါ "China premier Wen seeks people's advice on government work" သတင်းကို ဘာသာ ပြန်ဆိုသည်။)

တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က အစိုးရ၏ လုပ်ငန်း အစီရင်ခံစာနှင့် လာမည့် ငါးနှစ် အတွက် တိုင်းပြည်၏ စီးပွားရေးနှင့် လူမှု ဖွံ့ဖြိုး တိုးတက်ရေး စီစဉ် ရေးဆွဲမှု မူကြမ်းများ အပေါ် ထင်မြင်ချက်များ ပေးကြရန် လုပ်ငန်း အလွှာစုံမှ သာမန် ပြည်သူ တစ်စုကို ဖိတ်ခေါ်ခဲ့သည်။

လယ်သမား၊ ရွှေ့ပြောင်း လုပ်သား၊ ကျေးလက် ဆရာဝန်နှင့် လူထု လုပ်သား အပါအဝင် ကိုယ်စားလှယ်များကို ဘေဂျင်း မြို့လယ် အစိုးရ ခေါင်းဆောင်များ ရုံးစိုက်ရာ ဇောင်နင်ဟိုင်သို့ ဇန်နဝါရီလ ၂၅ ရက်တွင် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပြီး အစည်းအဝေး၏ အသေးစိတ် အချက်အလက် အချို့ကို တနင်္ဂနွေနေ့က လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

အစည်းအဝေးတွင် ဝန်ကြီးချုပ် ဝမ် က "သာမန် ပြည်သူတွေဟာ အစိုးရရဲ့ လုပ်ငန်း ဆောင်တာကို အကဲဖြတ် စိစစ်ဖို့ အကောင်းဆုံး နယ်ပယ်တစ်ခု ဖြစ်ပြီး ပြည်သူလူထု အသံကို နားထောင်ခြင်း အားဖြင့် အစိုးရရဲ့ မူဝါဒတွေဟာ အောက်ခြေ အလွှာအထိ အလုပ်ဖြစ်ရဲ့လား၊ ပြည်သူတွေ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလဲ ဆိုတာတွေကို သိခွင့် ရစေမှာ ဖြစ်တယ်" ဟု ပြောကြားခဲ့သည်။

အရှေ့ မြောက်ပိုင်း ဟီလုံဂျန် ပြည်နယ်မှ လယ်သမား လူဟောင်ဝေက တရုတ်မြောက်ပိုင်း၌ ယခု ဆောင်းရာသီ ဆိုးရွားစွာ မိုးခေါင် ရေရှားမှု ကဲ့သို့သော သဘာဝ ဘေးအန္တရာယ် ကိစ္စများတွင် အစိုးရက စိုက်ပျိုးရေး ရရှိ ထိန်းသိမ်းရေး စီမံကိန်းများတွင် ရင်းနှီးမြုပ်နှံမှု တိုးမြှင့်နေခြင်းကို ညွှန်ပြခဲ့သည်။

လူနေအိမ် သုံးစွဲမှုနှင့် စိုက်ပျိုးရေ သွယ်ယူမှု နှစ်ခုစလုံး အတွက် လျှပ်စစ်ဓါတ်အား ဖြည့်ဆည်းမှု လုံလောက်စေရန် ကျေးလက်ဒေသ ဓါတ်အားလိုင်းများကို ပြန်လည် ပြုပြင် တပ်ဆင်မှု စတင်နေသည့် အချိန်တွင် ရေထိန်းသိမ်းမှု စီမံကိန်းများ၌ အစိုးရက ရင်းနှီး မြုပ်နှံမှုများကို ယခုနှစ် တိုးမြှင့်သွားမည်ဟု ဝမ်ကျားပေါင်က ပြောကြားသည်။

အစိုးရက ကောက်ပဲသီးနှံ ဝယ်ယူသည့် ဈေးနှုန်းကိုလည်း တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်ဝမ်က လယ်သမား လူဟောင်ဝေကို အာမခံ ပြောကြားခဲ့ပြီး ကောက်ပဲသီးနှံ စိုက်ပျိုးသူ လယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရာ ရောက်စေမည် ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Nation သတင်းစာမှ 12 Feb 2011 ရက်စွဲပါ UNESCO to send envoy to Bangkok "Phnom Penh" သတင်းကို ဘာသာ ပြန်ဆိုသည်။)

ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ် ပစ်ခတ်မှု ဖြစ်စဉ် အတွင်း ပရာဗီဟာ ဘုရားကျောင်း ပျက်စီး ထိခိုက်မှုကို စစ်ဆေးမည့် မစ်ရှင်နှင့် ပတ်သတ်၍ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်း UNESCO က သောကြာနေ့တွင် ကြေညာချက် ထုတ်ပြန်ရာ၌ ဘုရားကျောင်းသို့ သွားရောက် စစ်ဆေးမည့် ခရီးစဉ်အတွက် မကြာမီအတွင်း ခွင့်ပြုချက် ရရန် ဘန်ကောက်နှင့် ဖနွမ်းပင်သို့ အထူး ကိုယ်စားလှယ် စေလွှတ်မည်ဟု ပြောကြားခဲ့သည်။

အဆိုပါ ဘုရားကျောင်းကို ၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် အဆင့်အတန်း သတ်မှတ် လိုက်ခြင်းဖြင့် ပဋိပက္ခများကို အစပျိုးခဲ့သည်ဟု အဘီဆစ် အစိုးရက UNESCO ကို စွပ်စွဲခြင်း နှင့်အတူ ထိုင်း- ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခသည် ကုလသမဂ္ဂ အထိ ရောက်ရှိ ပျံ့နှံ့ခဲ့သည်။

ဖေဖော်ဝါရီ ၄ရက်မှ ၇ရက်အထိ တိုက်ပွဲများ အတွင်း ထိုင်းတပ်ဖွဲ့များ၏ အမြောက်များနှင့် ပစ်ခတ်မှုကြောင့် ဘုရားကျောင်း တစိတ်တပိုင်း ပျက်စီးသွားသည်ဟု ကမ္ဘောဒီးယားက ထုတ်ဖော် ပြောကြားခဲ့ပြီး နောက်တွင် ဘုရားကျောင်းကို စစ်ဆေးရန် အရေးပေါ်မစ်ရှင် စေလွှတ်မည် ဖြစ်ကြောင်း UNESCO က အစောပိုင်းတွင် ကြေညာခဲ့သည်။

သို့သော်လည်း UNESCO တာဝန်ရှိသူများ အနေဖြင့် ဘုရားကျောင်းသို့ ရောက်ရှိရန် ထိုင်းနိုင်ငံ ပိုင်နက် နယ်မြေကို ဖြတ်သန်းရမည် ဖြစ်၍ ဘုရားကျောင်းသို့ သွားရောက်မည့် ခရီးစဉ်ကို ထိုင်းအာဏာပိုင်များထံမှ ခွင့်ပြုချက် ရယူရမည်ဟု ပြောကြားကာ အဆိုပါ မစ်ရှင်ကို ကန့်ကွက် လိုက်သည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ UNESCO ညွှန်ကြားရေးမှူးချုပ် အိုင်ရီနာဘိုကိုဗာက သူမ အနေဖြင့် ဘန်ကောက်နှင့် ဖနွမ်းပင်သို့ အထူး ကိုယ်စားလှယ်များ စေလွှတ်မည်ဟု ပြောကြားလိုက်သည်။ နယ်မြေ အေးချမ်းသွားသည်နှင့် တပြိုင်နက် ဗရာဗီဟာ အကဲဖြတ် မစ်ရှင်ကို စေလွှတ်နိုင်လိမ့်မည်ဟု သူမက ဆက်လက် ပြောဆိုခဲ့သည်။

ထိုအတော အတွင်း UNESCO က ဗရာဗီဟာ ဘုရားကျောင်း ကိစ္စနှင့် ပတ်သတ်ပြီး အိမ်နီးချင်း နှစ်နိုင်ငံ ဆက်လက် တင်းမာနေခြင်းကို စိတ်မကောင်း ဖြစ်ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ "ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ဆိုတာ ပဋိပက္ခ အတွက် အကြောင်းရင်း လုံးဝ မဖြစ်သင့်ပါဘူး" ဟု အိုင်ရီနာ ဘိုကိုဗာက သောကြာနေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး UNESCO အနေဖြင့် နှစ်နိုင်ငံ ထိပ်ပိုင်း တာဝန်ရှိသူများနှင့် အနီးကပ် အဆက်မပြတ် ညှိနှိုင်းနေသည်ဟု ဆက်လက် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Associated Press မှ 13 February 2011 ရက်စွဲပါ "Egyptians Hopeful but Face Uncertain Future" ကို ဘာသာ ပြန်ဆိုသည်)

စနေနေ့တွင် အီဂျစ် တို့၏ မျှော်လင့်ချက်များ ရှင်သန် လာခဲ့သော်လည်း မသေချာသော အနာဂတ်နှင့် ရင်ဆိုင် နေရခြင်းကြောင့် မြောက်မြား စွာသော ဆန္ဒပြသူများက ၎င်းတို့၏ ဒီမိုကရေစီ တောင်းဆိုမှုများ ရရှိစေမည့် သဲကွဲသော အာမခံချက်များ ကြားရသည် အထိ ကိုင်ရို မြို့လယ် ရင်ပြင်တွင် စခန်းချ နေထိုင်ကြရန် သန္နိဋ္ဌာန် ချမှတ် ထားကြသည်။

သမ္မတ ဟော့စနီ မူဘာရက် စစ်တပ်ထံ အာဏာ လွှဲပြောင်း ပေးအောင် ဖိအား ပေးခဲ့သည့် ၃ ပတ် နီးပါး ဆန္ဒပြမှုများနှင့် ညလုံးပေါက် အောင်ပွဲခံ အခမ်းအနား အပြီးတွင် တာရစ် လွတ်မြောက်ရေး ရင်ပြင်သို့ ဦးတည်သည့် လမ်းများကို အနည်းဆုံး ဖွင့်လှစ် ပေးရန် အတွက် မီးလောင်ကျွမ်း ထားသော မော်တော်ယာဉ်များကို ဆွဲယူ ဖယ်ရှားကာ အီဂျစ် စစ်သားများက လမ်းများကို ရှင်းလင်းခဲ့ကြသည်။

ဆန္ဒပြသူများမှာမူ နှစ်စု ကွဲသွားကြပြီ ဖြစ်ပြီး အချို့က ယင်းတို့၏ ယာယီ ရွက်ဖျင်တဲများကို ဖြုတ်သိမ်းကာ အိမ်သို့ ပြန်ကြပြီ ဖြစ်သည်။ ကျန် ဆန္ဒပြသူ များကမူ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု များကို ထိန်းကျောင်းရန် ကတိပြု ထားသည့် တပ်မတော်က နောက်ထပ် ဆောင်ရွက်မည့် အဆင့်များကို ကတိပြု ကြေညာချက် ထုတ်ပြန် သည်အထိ ရင်ပြင်တွင် ဆက်လက် နေထိုင်ရန် သန္နိဋ္ဌာန် ချထားကြသည်ဟု ဆိုသည်။

ဆန္ဒပြသူများ လိုလားသည့် ဆောင်ရွက်ချက်များတွင် လွှတ်တော် ဖျက်သိမ်းခြင်းနှင့် ယာယီ အစိုးရ ဖွဲ့စည်းခြင်းတို့ ပါဝင်သည်။

"ဒီမိုကရေစီ နည်းကျ အာဏာ လွှဲပြောင်းမှုကို တပ်မတော်ကို ဘယ်လို အကောင် အထည် ဖော်မလဲ ဆိုတာကို ကြည့်ရမှာပါ၊ ကျွန်တော်တို့ စောင့်ပြီး ကြည့်ရမှာပါ" ဟု တာရစ် ရင်ပြင်တွင် စခန်းချ ခဲ့သူ အရောင်း မန်နေဂျာ အလီမိုဟာမက်က ပြောကြားသည်။

"အာဏာရှင် အစိုးရ နုတ်ထွက်အောင် ပြည်သူများက စွမ်းဆောင်ခဲ့သည်"ဟု ရေးသား ထားသော နဖူးစည်း စာတမ်း  အောက်မှ အခြား ဆန္ဒ ပြသူ နှစ်ဦး ကမူ နာမည်ကျော် အီဂျစ် ပြတိုက် အနီးမှ မြို့လယ် ရင်ပြင်ကို ရှင်းလင်းရေးနှင့် ပတ်သက်ပြီး ငြင်းခုန်လျက် ရှိကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

,

(AFP သတင်းဌာနမှ 13 February 2011 ရက်စွဲပါ "White House Calls on Iran to Allow Rally" ကို ဘာသာ ပြန်ဆိုသည်)

အီရန် အတိုက်အခံ အုပ်စုများအား အာရပ် ပြည်သူများ၏ တော်လှန် ဆန္ဒပြမှုများကို ထောက်ခံသည့် ချီတက်ပွဲများ ကျင်းပခွင့် ပေးရန် အီရန် အစိုးရက ငြင်းပယ် ခဲ့ခြင်းကို အိမ်ဖြူတော် အရာရှိကြီး တစ်ဦးက စနေနေ့တွင် ပြင်းထန်စွာ ပြစ်တင် ဝေဖန် လိုက်သည်။

"အတိုက် အခံတွေရဲ့ ဆန္ဒပြပွဲ တွေကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကြေညာခြင်း အားဖြင့် အီရန် အစိုးရက အီဂျစ် တွေရဲ့ မြင့်မြတ်တဲ့ အောင်ပွဲကို ဂုဏ်ပြုဖို့ တောင်းဆိုထားတဲ့ အီရန် ပြည်သူတွေကို တရား မဝင်ဘူး လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်" ဟု အမျိုးသား လုံခြုံရေး အကြံပေး Tom Donilon က ထုတ်ပြန် ပြောကြား လိုက်ခြင်း ဖြစ်သည်။

"ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ဆန္ဒပြခွင့်နဲ့ ကိုင်ရိုမှာ ဖြစ်နေတဲ့ ဆန္ဒ ပြပွဲတွေကို ဆက်သွယ်ခွင့် အစရှိတဲ့ အီရန် ပြည်သူတွေရဲ့ အခြေခံ အခွင့် အရေးကို ခွင့်ပြုဖို့ အီရန် အစိုးရကို ကျွန်တော်တို့ တောင်းဆို ပါတယ်" ဟု ယင်းက ဆက်လက် ပြောသည်။

ယခု အဆိုပြု နေသည့် ချီတက်ပွဲသည် သမ္မတ အာမက် ဒီနီဂျက် အငြင်းပွားဖွယ် ပြန်လည် ရွေးချယ် ခံရပြီး နောက်ပိုင်း ၂၀၀၉ ခုနှစ်က အလားတူ အစိုးရ ဆန့်ကျင်ရေး ဆန္ဒ ပြပွဲများကို ထပ်မံ ပြုလုပ်ရန် အတွက် လှည့်ကွက် ဖြစ်သည်ဟု အစ္စလာမ္မစ် အစိုးရက ပြောကြား ထားသည်။ ချီတက်ပွဲ ကျင်းပရန် တောင်းဆိုမှုသည် တရားမဝင်ဟု အီရန် အစိုးရက ဆိုသည်။

သို့သော်လည်း ပြီးခဲ့သော တစ်ရက်က အီဂျစ် အာဏာရှင် မနုတ်ထွက်မီ  နာရီပိုင်း အလိုတွင် "အမေရိကန် မဟာမိတ် ဟော့စနီ မူဘာရက်ကို ဆန့်ကျင် ဆန္ဒ ပြခြင်းသည် အီဂျစ် ပြည်သူတို့၏ အခွင့် အရေး ဖြစ်သည်" ဟု အီရန် သမ္မတ အာမက် ဒီနီဂျက် ကိုယ်တိုင် ပြောကြား ခဲ့သည်။

အီရန် နိုင်ငံတွင် အတိုက် အခံ ခေါင်းဆောင်များက "တူနီးရှားနှင့် အီဂျစ်မှ ဆန္ဒ ပြမှုများနှင့် တစ်သားတည်း ရှိကြောင်း ပြသရန်" ဟု ယင်းတို့ ပြောဆိုထားသည့် ချီတက်ပွဲကို တနင်္လာနေ့တွင် ပြုလုပ်ရန် ခွင့်ပြုချက် ရရှိအောင် ကြိုးပမ်းလျက် ရှိသည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုမှာ အနောက်ရဲ့မှန်ကန်တဲ့မူဝါဒလော..........(၁)

(ဘုန်းထက်ဝင်း)

အနောက်အုပ်စုမှ မြန်မာနိုင်ငံအပေါ် ၁၉၉၇ ခုနှစ်ကတည်းကချမှတ်ခဲ့သည့် စီးပွားရေးပိတ်ဆို့မှုကို ယခုအချိန်အခါ တွင် သုံးသပ်လေ့လာသူများက မှန်ကန်သော မူဝါဒဖြစ်မဖြစ်ကို မေးခွန်းထုတ်နေကြလေပီ။ ဝါရှင်တန်အစိုးရမှ မြန်မာနိုင်ငံ ပေါ်ထားရှိသည့် နိုင်ငံခြားရေးမူဝါဒမှာ ထိတွေ့ဆက်ဆံရေးမူဝါဒဖြစ်သော်ငြားလည်း မြန်မာနိုင်ငံရေးအခင်းအကျင်းအရ စီးပွား ရေးပိတ်ဆို့မှုကို ဆက်လက်ပြုလုပ်ဆဲပင်ဖြစ်သည်။ ဥရောပသမဂ္ဂအဖွဲ့နိုင်ငံများထဲမှ ဂျာမနီနိုင်ငံမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအား ဖယ်ရှားနိုင်ရန် ကိုးစားနေပါသော်လည်း ကမ္ဘာ့ကီးငါးကြီးတွင် တစ်ကြီးအဖြစ် အခိုင်အမာရပ်တည် ထားသည့် ဗိတိန်နိုင်ငံမှာမူ ဖယ်ရှားရန် ငြင်းဆန်နေဆဲဖြစ်သည်။

မြန်မာ၊ ကျူးဗားအစရှိသော တင်းကျပ်သည့် အုပ်ချုပ်ရေး စနစ်ကိုကျင့်သုံးသည့် နိုင်ငံများသည် အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှုကို ခံထားရသော်လည်း စီးပွားရေးအကျပ်အတည်း မဖြစ်ရုံမျှမက နိုင်ငံရေးအရ အလွန်တည်ငြိမ်သည့် နိုင်ငံများဖြစ်နေသည်ကို တွေ့ရသည်။ နိုင်ငံရေးပွင့်လင်းလွတ်လပ်မှုလည်းမရှိ၊ စီးပွားရေးအရ ဖွံ့ဖိုးတိုးတက်မှုလည်းမရှိဘဲ အလွန်တည်ငိမ်သည့် လူ့အဖွဲ့အစည်းဖြစ်နေခြင်းကိုမူ အနောက်တိုင်း ပေါ်လစီမိတ်ကာ များက နားမလည်နိုင်ဖြစ်နေလျက်ရှိပါသည်။

သူတို့ဖြစ်စေချင်သည့် အရှင်းရှင်စနစ် ကမ္ဘာတဝန်းအပြည့်အဝကျင့်သုံးရေးနှင့် ပွင့်လင်းသည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းဖြစ်စေလိုလျင် မြန်မာအပါအဝင် စီးပွားရေးပိတ်ဆို့ထားသည့် အခြားနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေး ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ သဘောထားအယူအဆများနှင့် နိုင်ငံရေး၊ စီးပွားရေး အဖွဲ့အစည်းကီးများ၏ စွမ်းဆောင်နိုင်ရည်တို့ကိုပါ စနစ်တကျလေ့လာသုံးသပ်ရန် အထူးလိုအပ်ပါသည်။

မြန်မာနိုင်ငံ၏ အချမ်းသာဆုံးစာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးတေဇက မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်မျက်ရတနာများအပေါ် အင်အားကီးနိုင်ငံတစ်ချို့မှ ပိတ်ဆို့မှုများ ပြုလုပ်နေခြင်းမှာ တရားမျှတမှု မရှိကြောင်း ယင်းကဲ့သို့ လုံးဝတရားမျှတမှုမရှိသော ပတ်ဆို့မှုအား Counter Sanction လုပ်သည့်အနေဖြင့် ကျောက်မျက် Mine များတွင်လိုအပ်သော စက်ကိရိယာပစ္စည်းများအသုံးပြုရာ အနောက်နိုင်ငံများကထုတ်လုပ်သော စက်ယန္တရားများကို သိပ်မသုံးတော့ဘဲ အာရှထုတ်ပစ္စည်းများကိုသာ အသုံးပြုကြောင်း The Future Myanmar Business Report Vol.1 ၏ အင်တာဗျူးမှာ ဖြေကြားသွားခဲ့သည်။

ကမ္ဘာစီးပွားရေး၌ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာသည့် တရုတ်နိုင်ငံမှာလည်း မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ် ဖက်နိုင်ငံဖြစ်နေသည့်အပြင် အရှေ့အာရှနိုင်ငံများ၏ စီးပွားဖက်ဒေသဖြစ်သော အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ် နေခြင်းမှာလည်း မြန်မာနိုင်ငံအပေါ် အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှု မအောင်မြင်ရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။ ကျောက်မျက်လုပ်ငန်းများအပေါ် အနောက်နိုင်ငံမှ ပိတ်ဆို့နေရာတွင် နိုင်ငံရေးသမားများကသာ ပိတ်ဆို့နေခြင်း ဖြစ်ပီး၊ စီးပွားရေးသမားများက မြန်မာနိုင်ငံသို့ လာရောက်ဝယ်ယူနေကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖိုးတိုးတက် လာသောကြောင့် အနောက်နိုင်ငံများ၏ ပိတ်ပင်မှုမှာ မထိရောက်နိုင်တော့ကြောင်းနှင့် ကျောက်စိမ်း ဈေးကွက်၏ အဓိက ဖောက်သည်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း အဆိုပါအင်တာဗျူးတွင် ယင်းမှ ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့် တက်လာမည့်အစိုးရအပေါ်တွင် နိုင်ငံတကာမှ ဒီမိုကရေစီ စံနှုန်းများဖြင့် တရားဝင်မှုရှိ၊ မရှိကို မေးခွန်းထုတ်နေကြသော်လည်း မြန်မာ့စီးပွားရေးဖွံ့ဖိုးမှုအတွက် IMFနှင့် ASEAN 5 ကူညီမည့်အပြင် အာဆီယံ ကုန်သွယ်မှုကွန်ရက်စီမံကိန်းတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို ဒေသတွင်း နိုင်ငံများက လိုလားလျက် ရှိနေပါသည်။ IMF ၏ ထပ်တန်းအရာရှိကီးတစ်ဦးက မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း၌ အလားအလာကောင်းသည့် ဖွံ့ဖိုးဆဲနိုင်ငံ တစ်ခုအဖြစ် ကုလသမဂ္ဂလက်အောက်ခံအဖွဲအစည်းများက သတ်မှတ်ထားရာ IMF က စီးပွားရေးဖွံ့ဖိုးမှု အတွက်လိုအပ်သော ဘဏ္ဍရေးအကူအညီများပေးအပ်ရန် အဆင့်ရှိနေကြောင်းပြောကြားသွားသည်။

ထို့အပြင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် ASEAN ကလည်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အကူအညီများပေးရန် ဆန္ဒရှိနေသည်။ ထို့အပြင် ASEAN TRADE LINK စီမံကိန်းအရ စင်ကာပူ၊ ဗီယမ်နမ်စသည့် အာဆီယံဒေသ၏ ဖွံ့ဖိုးမှုကီးမားသော နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး၊ ပုံမှန် ကုန်သွယ်ရေးနှင့် အထွေထွေကုန်သွယ်ရေး စသည့်  ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းအားလုံး မြင့်တင်ရန် စီစဉ်ဆော်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သည့် နည်းပညာအကူအညီများ ပေးမည် ဖြစ်ကြောင်းသိရသည်။

ယခုအခါတွင် အာရှေ့အာရှစီးပွားရေးမြင့်တင်မှု မဟာဗျူဟာစီမံကိန်းအရ လွတ်လပ်သော ကုန်သွယ်မှုဒေသများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် FTA ဒေသ ၄၀ ကျော်ကို ညှိနှိုင်းလက်မှတ်ရေးထိုးပီးဖြစ်သော FTAဒေသ ၁၅ ခုဝန်းကျင်ကို ထပ်မံအကောင်အထည်ဖော်ရန် ကွင်ဆင်းလေ့လာမှုများ ပြုလုပ်လျက်ရှိပီး အရှေ့အာရှဒေသတွင်း နိုင်ငံများ၏ လွတ်လပ်သော ကုန်သွယ်မှုဒေသ ဖော်ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်းမှာ ၂၀၁၀ နှစ်ကုန်မှ စတင်သက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံသည် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ကုလားတန်မြစ်ကြောင်းဘက်စုံစီမံကိန်းနှင့် အခြားသော ကုန်သွယ်ရေး စီမံကိန်းများစွာရှိသည့်အတွက် အရှေ့အာရှဒေသနိုင်ငံအားလုံးက မြန်မာနိုင်ငံကို အာဆီယံဒေသတွင်း၌ စီးပွာရေးဖွံ့ဖိုးတိုးတက်ရန် အလားအလာကောင်းမွန်သည့် နိုင်ငံတစ်ခုအဖြစ်သတ်မှတ်ထားသည်။

နိုင်ငံစီးပွားရေး ဖွံ့ဖိုးတိုးတက်ရေးအတွက် နိုင်ငံရေးဆုံးဖြတ်ချက်သည် အရေးကီးသည့်အားလျှော်စွာ နိုင်ငံရေး တွင် အဓိက ပါဝင်ပတ်သက်နေသည့် နိုင်ငံရေးပါတီများကလည်း စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်သည့် ယင်းတို့၏ တရားဝင်ရပ်တည်ချက်ကို ထုတ်ပြန်ကြေငြာမှုများ ပြုလုပ်လာပါသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးနှင့် ပတ်သက် သည့် သဘောထားကြေညာချက် ၃/၂၀၁၁အား ပြည်သူများသို့ တရားဝင်အသိပေး ထုတ်ပြန်ခဲ့သည်။ "ဆယ်စုနှစ်နှစ်စု စီးပွားရေး ပိတ်ဆို့မှုခံခဲ့ရတာကို ကျွန်တော်တို့ ပြန်သုံးသပ်ကြည့်တဲ့အခါ ဒီပိတ်ဆို့မှုကြောင့် ပြည်သူတွေ ထိခိုက် နစ်နာတာကို တွေ့ရပါတယ်။ ဒါကြောင့် ရင်းနှီးမြုပ်နှံမှုတွေနဲ့ ကုန်သွယ်မှုတွေမှာလဲ အခက်အခဲတွေရှိခဲ့ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေ မရှိရင်တော့ ပြည်သူတွေရဲ့ အလုပ်အကိုင်ရော၊ တိုင်းပြည်ရဲ့ စီးပွားရေးတွေပါ ကောင်းမွန်မှာ ဖြစ်ပါတယ်"ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကပြောသည်။

ယင်းထုတ်ပြန်ချက်၌ နိုင်ငံနှင့် ပြည်သူတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကိုရည်မျှော်၍ အာဆီယံဒေသတွင်း ပထဝီနိုင်ငံရေးမျှခြေထိန်းရာတွင် မြန်မာနိုင်ငံအနေဖြင့်ပါဝင်၍ ဟန်ချက်ညီစွာ တည်ဆောက်နိုင်ရေးအတွက်လည်းကောင်း၊ ပေါ်ပေါက်လာမည့် လွှတ်တော်တွင် အများပါဝင်နိုင်သည့် စီးပွားရေးစနစ် ကျင့်သုံးနိုင်မှုဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ကိုးပမ်းခြင်းပြုနေရာ တစ်ဖက်တွင်လည်း ကုန်သွယ်ရေးပိတ်ဆို့မှုနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာတို့ကို ဦးစွာအဆုံးသတ် ရုပ်သိမ်းရေးကို ပြုလုပ်ပေးရန် အထူးပင်လိုအပ်သည် ယုံကြည်သဖြင့် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

"အဆိုပြုချက်က အာဏာရှင်အစိုးရတွေရဲ့ စနစ်တွေ မှားယွင်းတဲ့အတွက် တိုင်းပြည်ဆင်းရဲဒုက္ခ ရောက်ရတယ်၊ အဲဒီအထဲမှာမှ အမေရိကန်နဲ့ အနောက်နိုင်ငံများက Sanction တွေလုပ်တဲ့အခါကျတော့ တိုင်းပြည်လူထုဟာပိုပြီး ဒုက္ခတွေ ခံစားကြရပါတယ်၊ ဒါကြောင့် အဲဒီ Sanction ကို ပြည်သူ့ရှုထောင့်ကနေ ကျနော်တို့ သဘောမတူဘူး၊ ပြန်ပြီး ရုတ်သိမ်း ပေးပါဆိုတဲ့အဆိုကို ကျနော်တို့ အဆိုပြုတယ်။ ထောက်ခံကြတယ်" ဟု ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ ဦးသုဝေက ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့သည့်နိုင်ငံရေးပါတီ ၁၁ပါတီ စုပေါင်းပီး ၆၄နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားပွဲ၌ ပြောကြားသွားသည်။

REF: ရန်ကုန်တိုင်းမ် အတွဲ(၇)၊ အမှတ်(၇) ဖေဖော်ဝါရီ ၁၇-၂၃၊ ၂၀၁၁ :  မြန်မာပို့စ် အတွဲ(၃)၊ အမှတ်(၇) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၁ :  The Messenger အတွဲ(၁)၊ အမှတ်(၄၀) ဖေဖော်ဝါရီ ၁၄ ၂၀၁၁ :  The J CURVE ( A new way to understand why nations rise and fall) by IAN BREMMER

(အထက်ပါ ဆောင်းပါးကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ်များအတွက် သတင်းများနှင့် ဆောင်းပါးများကို အချိန်ပေးဖတ်ရှုရသည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကို ရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာ ဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ) မဟုတ်ပါကြောင်းအသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့်တပ်မတော်

            တပ်မတော်တစ်ရပ်၏ ခေတ်မှီမှုကို တိုင်းတာရာတွင် နည်းပညာမြင့်လက်နက်ကောင်းများသုံးစွဲနိုင်ခြင်းဟူသော အကြောင်းပြချက် တစ်ခုတည်းဖြင့်လုံလောက်မည်မဟုတ်ပေ။ တပ်မတော်တို့၏ တာဝန်မှာ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန် ဖြစ်လေရာ မည်မျှအတိုင်းအတာအထိ  ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပေမည်။

            နိုင်ငံအချင်းချင်းကျူးကျော်တိုက်ခိုက်သည့် စစ်ပွဲများကုန်လွန်သွားသောအခါတွင် တပ်မတော်တို့၏တာဝန်မှာ နိုင်ငံကာကွယ်ရေးသက်သက်သာ ဖြစ်လာခဲ့သည်။ အထူးသဖြင့် နိုင်ငံ၏ နယ်နိမိတ်ကို ကာကွယ်ရန်၊ နိုင်ငံသားတို့အားကျူးကျော်လာမည့် အန္တရာယ်များမှ ကာကွယ်ရန် ခေတ်မှီစွမ်းအားမြင့်လက်နက်များနှင့် တိုက်ရည်ခိုက်ရည်ကောင်းမွန်ရန်အတွက် စစ်ပွဲများမရှိသည့်တိုင် ဆက်လက်လေ့ကျင့်နေကြရသည်။

            မကြာသေးမီက ဆိုမာလီယာပင်လယ်ဓားပြတို့အား စီးနင်းတိုက်ခိုက်ကာ ၎င်း၏နိုင်ငံသားများကို ကယ်တင်ခဲ့သော ကိုရီးယား ရေတပ်ကို သတိရကြပါလိမ့်မည်။  အထူးလေ့ကျင့်မှု၊ ခေတ်မှီမှုနှင့် နိုင်ငံသားတို့အတွက်ကာကွယ်ပေးရမည်ဟူသော အချက်များက ခေတ်မှီတပ်မတော်တစ်ရပ်၏ အောင်မြင်မှုကို ပြသလိုက်ခြင်းဖြစ်သည်။

            နိုင်ငံရေးတွင် တပ်မတော်အနေဖြင့် အရေးကြီးသည့်အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့်တိုင် အုပ်ချုပ်ရေးနှင့်တပ်မတော်သည် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပေ။ အစိုးရအပြောင်းအလဲမည်မျှပင်ရှိစေကာမူ တပ်မတော်သည် ၎င်း၏တာဝန်ကိုသာဆက်လက်ထမ်းဆောင်မြဲဖြစ်သည်။

ဤကား ဒီမိုကရေစီနည်းအရ တင်မြှောက်သောအစိုးရများအုပ်ချုပ်သည့် နိုင်ငံများ၏လက္ခဏာဖြစ်ပြီး နိုင်ငံရေးရေချိန်လည်းအတော်အသင့် မြင့်မားသည့်နိုင်ငံများဖြစ်သည်။

            နိုင်ငံရေးရေချိန်နိမ့်ကျသည့်တိုင်းပြည်များတွင်မူ လက်နက်ကိုင်တပ်ဖွဲ့များသည် အုပ်ချုပ်ရေးကို တာဝန်ယူကြသည်။ အစိုးရများသည် မတည်ငြိမ်သော ပြည်တွင်းရေးများကြားတွင် စစ်တပ်ကိုအားကိုးကြရသည်။ သို့ဖြင့်ပင် စစ်တပ်များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်လာရပြီး တစတစဖြင့် စစ်အုပ်ချုပ်ရေးများဖြစ်လာသည်။ ထိုမှတဆင့်တက်၍ လူပီသစွာပင် အာဏာ၊လောဘနှင့် လက်နက်ပေါင်းစပ်မိသောအခါ ပြည်သူကို မကာကွယ်ပေးသည့်အပြင် ပြည်သူကို နှိပ်စပ်သောတပ်မတော်ဖြစ်လာသည်။

            နိုင်ငံရေးအရ အတော်အသင့်တည်ငြိမ်သည့်နိုင်ငံများတွင်မူ စစ်တပ်၏ ပါဝင်မှုသည် အတော်အသင့်မြင့်မားလျှက်ရှိသည်။ တရုတ်၊ ကျူးဘား၊ ပါကစ္စတန် အီရန် စသည်တို့သည် တပ်မတော်များကို မှီိခိုအားထားနေရဆဲပင်ဖြစ်သည်။ ထိုင်းနိုင်ငံသည် စစ်တပ်၏ ပါဝင်ပတ်သက်မှုရှိသည့်တိုင် စစ်အုပ်ချုပ်ရေးနှင့် စစ်တပ်၏ပါဝါများစွာမထားဘဲ ကြားဖြတ်အစိုးရများဖွဲ့စည်းပေးခြင်း၊ အစိုးရသစ်များတင်မြှောက်ခြင်းစသည့် အတိုင်းအတာထိပါဝင်ပတ်သက်သည်ကိုလည်းတွေ့ရသည်။

            တပ်မတော်များ၏ စွမ်းဆောင်ရည်သည် ပညာရေးအပေါ်တွင်လည်းမူတည်သည်။ အမေရိကန်တပ်မတော်၏ တပ်သား၉၀ရာခိုင်နှုန်းကျော်သည် အထက်တန်းအောင်မြင်ပြီးဖြစ်ကြသည်။ ထိုင်းတပ်မတော်နှင့် အီဂျစ်တပ်မတော်မှ အရာရှိများသည် အနောက်နိုင်ငံမှ စစ်တက္ကသိုလ်ဆင်းများဖြစ်ကြသည်။

            တာဝန်နှင့်ဝတ္တရားကို ကောင်းစွာသိခြင်းနှင့် သုံးသပ်နိုင်သောဥာဏ်ပညာရှိခြင်းက အီဂျစ်တပ်မတော်သည် နောက်ဆုံးတွင် ၎င်း၏တာဝန်ဖြစ်သော ပြည်သူ့အိုးအိမ်အသက်စည်းစိမ်ကို အကာကွယ်မဲ့မပြုခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။

            ထို့ကြောင့်တပ်မတော်တစ်ရပ်ကို ခေတ်မှီလက်နက်အင်အား၊ တိုက်ခိုက်စွမ်းရည်တို့သာမက တပ်မတော်သားများ၏ တာဝန်သိစိတ်နှင့် ဥာဏ်ပညာရှိမှုတို့ကို လည်း အလေးထားမှသာ ပြည်သူတို့၏ အားကိုးအားထားရာခေတ်မှီတပ်မတော်တစ်ရပ်ဖြစ်ပေမည်ဟု ရေးသားလိုက်ရပါသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.