အိုဘားမားအစိုးရသည် ၎င်း၏ရှေ့မှ အစိုးရများ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော သဘောထားများကို သွေဖည်၍ မြန်မာနိုင်ငံမှ စစ်ဗိုလ်ချုပ်များနှင့် တိုက်ရိုက်ဆက်ဆံသွားမည်ဖြစ် ကြောင်းနှင့် စီးပွားရေးနှင့် ငွေကြေးဆိုင်ရာပိတ်ဆို့အရေးယူမှုကိုလည်း ဆက်လက်ထားရှိသွားမည် ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့ပါသည်။ ပြီးခဲ့သော ဘွတ်ရှ်အစိုးရသည် မြန်မာခေါင်းဆောင်များ နှင့်သူတို့နှင့်ပူးပေါင်းဆောင်ရွက်သူများအပေါ်ငွေကြေးဆိုင်ရာအရေးယူပိတ်ဆို့မှုအသစ်များချမှတ် ခဲ့ပါသည်။
ယခုကြေညာချက်မှာ ၁၉၉၀ပြည့်နှစ်များ နောက်ပိုင်းမြန်မာအစိုးရအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပြီးနောက် အမေရိကန်၏ မြန်မာ နိုင်ငံအပေါ်ထားရှိသော မူဝါဒသစ်မှာ ကြီးမားသောအပြောင်းအလဲအဖြစ် မှတ်ကျောက်တင်ခဲ့ ပေသည်။
ယခုမူဝါဒအသစ်မှာ မြန်မာအစိုးရအတွက်လာမည့်နှစ်ရွေးကောက်ပွဲသည် အတိုက်အခံ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားများပါဝင်လျက် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးအတွက် ဖိအားပေးမှုဖြစ်စေမည်ဖြစ်ပါသည်။ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က တနင်္လာနေ့တွင် ပြုလုပ်သော အမေရိကန်၏ မူဝါဒအသစ်အတွက် သတင်းစာရှင်းလင်းပွဲတွင် မြန်မာအစိုးရနှင့်ဆက်ဆံရေးနှင့် အတူ ပိတ်ဆို့ရေးပါ ပါဝင်သောမီးစတစ်ဖက် ရေမှုတ်တစ်ဖက် မူဝါဒကိုပါ ရှင်းလင်းခဲ့ပါသည်။
Campbell က ဆက်လက်ပြောကြားရာတွင် မြန်မာခေါင်းဆောင်ပိုင်းမှ အမေရိကန်အစိုးရ နှင့် ဆက်ဆံမှုများပြုလုပ်လိုကြောင်း ပြသခဲ့သဖြင့် ယင်းသို့မူဝါဒများ ပြောင်းလဲခဲ့ကြောင်း ဖော်ပြခဲ့ ပါသည်။
ကန်အစိုးရအနေဖြင့် မြန်မာတို့အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် 1874 နှင့် 1781 တို့ကို အပြည့်အ၀လိုက်နာရေး၊ မြောက်ကိုရီးယားနှင့် တားမြစ်ထားသော စစ်ရေးနှင့် အခြားပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းသွားရေးတို့ကိုလည်း ဖိအားပေးသွားမည်ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။
မကြာသေးမီက မြောက်ကိုရီးယားက မြန်မာအပေါ် နျူကလီးယားနှင့်ပတ်သက်သော အကူအညီများသည် နျူလက်နက်ပြန့်ပွားရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်လာမည်ဖြစ်သဖြင့် ၎င်းကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လက အထီးကျန်အစိုးရနှစ်ခု၏ ဆက်ဆံမှုများ အရ လက်နက်များတင်ဆောင်လာသည်ဟု ယူဆရသော မြောက်ကိုရီးယားသင်္ဘောမှာ မြန်မာနိုင်ငံသို့ ဦးတည်နေစဉ် အမေရိကန်ရေတပ်သင်္ဘော၏ ဖိအားပေးမှုကြောင့် လာရင်းသို့ ပြန်လှည့်ခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးကလင်တန်က ပိတ်ဆို့အရေးယူရေးမူဝါဒရော အာဆီယံနိုင်ငံများ၏ နားလည်မှုဖြင့် ဆက်ဆံရေးကပါ မြန်မာနိုင်ငံအစိုးရ၏ ဒီမိုကရေစီပြောင်းလဲမှုများအတွက် တိုးတက်မှုရှိလာခြင်းမရှိ၍ မူဝါဒအသစ်လိုအပ်သဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံ အပေါ် အမေရိကန်၏ မူဝါဒကို ပြန်လည်သုံးသပ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Jim Webb ၏ သြဂုတ်လအတွင်းက မြန်မာနိုင်ငံခရီးစဉ်ကလည်း မြန်မာအစိုးရနှင့်ဆက်ဆံမှုများ ပြုလုပ်ရေးမူဝါဒ အတွက် တွန်းအားများ ဖြစ်စေခဲ့ပါသည်။
အမေရိကန်၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုမှာ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတစ်ခုတည်း မဟုတ်ပေ။ ပြီးခဲ့သည့်အပတ်က ကလင်တန်က မှတ်ချက်ပြုရာတွင် မြန်မာနိုင်ငံ၏ ဒေသတွင်း လုံခြုံရေးအတွက် စိုးရိမ်ပူပန်ရမှုများ၊ မူးယစ်ဆေးဝါးကိစ္စများ၊ လူကုန်ကူးမှုများ၊ အိမ်နီးနားချင်းနိုင်ငံ များသို့ စီးဝင်လာနေသော ဒုက္ခသည်များတိုးပွားလာမှုများနှင့် ကူးစက်ရောဂါများကိစ္စလည်း ပါဝင် ပေသည်။ သူမကဖော်ပြရာတွင် မြန်မာအစိုးရ၏ မြောက်ကိုရီးယားနှင့်ဆက်ဆံမှုများသည် ဒေသတွင်း နျူကလီးယားအရေးတွင် စိုးရိမ်ဖွယ်များဖြစ်ပေါ်စေသည်ဟု ဆိုပါသည်။
ဆက်ဆံမှုများပြုလုပ်ခြင်းဖြင့်သာ မြန်မာအစိုးရကို လုံခြုံရေးကိစ္စများ အပါအ၀င်နိုင်ငံတကာ စံများနှင့် ရင်ဘောင်တန်းနိုင်ရေးကို မျှော်လင့်နိုင်မည်ဖြစ်ကြောင်း ၀ါရှင်တန်အစိုးရက ယုံကြည်နေ ပေသည်။ သို့သော် မြန်မာခေါင်းဆောင်များ၏ နှစ်ပေါင်းများစွာအရိုးစွဲလာသော နိုင်ငံခြားသား ကြောက်ရောဂါ၊ နိုင်ငံတကာအမြင်များကို လျစ်လျူရှုမှု စသည်တို့နှင့် ယဉ်ပါးနေသော မြန်မာနိုင်ငံ အပေါ် မျှော်လင့်ချက်များထားရသည်မှာလည်း လွယ်လှသည်တော့ မဟုတ်ပေ။
ကန်အစိုးရ၏ မူဝါဒအသစ်သည် မြန်မာအစိုးရအပေါ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဖော်ဆောင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အကြွင်းမဲ့လွှတ်ပေးရေး၊ နိုင်ငံရေးအတိုက်အခံများ၊ တိုင်းရင်းသားများနှင့်အစိုးရက လေးနက်သော တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရေးတို့အတွက် တွန်းအားပေးမည်ဖြစ်ကြောင်း ကလင်တန်ရော Campball ရောကပါ ရှင်းလင်းစွာပြောကြားခဲ့ပါသည်။ ကလင်တန်က ဆက်လက်ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ဒီမိုကရက်တစ်အတိုက်အခံများအပေါ် ကူညီပံ့ပိုးမှုများမှမူ သွေဖည်သွားမည်မဟုတ်ကြောင်း ပါဝင်ပါသည်။
မြန်မာအစိုးရသည် အာဆီယံနိုင်ငံများနှင့် ဆက်ဆံမှုများရှိခဲ့သော်လည်း ပြောကြားထား သည့်အတိုင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် လေ့လာသူများက ယခု အမေရိကန်၏ မီးစတစ်ဖက် ရေမှုတ်တဖက် မူဝါဒဖြစ်သော လူသားခြင်း စာနာသောအထောက်အပံ့များနှင့် ပစ်မှတ်ထားသော ပိတ်ဆို့အရေးယူမှုများဖြင့်သာ အစိုးရ၏ အမူ အကျင့်များ ပြောင်းလဲလာဖွယ်ရှိသည်ဟု ယူဆကြသည်။ Campbell က ပြောကြားရာတွင် လူသားချင်း စာနာထောက်ထားသော အကူအညီများကို လိုအပ်သူများအားလုံး ရရှိနိုင်အောင် တိုးချဲ့ကူညီသွားမည်ဟု ဆိုပါသည်။
သို့ရာတွင် အမေရိကန်ကပေးသော အကူအညီကို မြို့တော်ဟောင်း ရန်ကုန်နှင့် မြန်မာ ပြည်အလယ်ပိုင်း ခွဲခြားပေးမည်လား၊ ဒုက္ခသည်များနှင့် ထိုင်း-မြန်မာနယ်စပ်မှ အိုးမဲ့အိမ်မဲ့များကို ပေးမည်လား၊ ခွဲခြား၍ ပြောဆိုသွားခြင်းမရှိပေ။ လူပေါင်း ၂.၄သန်းကို ဒုက္ခပေးခဲ့သော လွန်ခဲ့သော နှစ်က နာဂစ်မုန်တိုင်းအပြီးတွင်မူ အမေရိကန်သည် အကူအညီကို အကန့်အသတ်ဖြင့်သာ ပေးခဲ့သည်။
ယခုအမေရိကန်၏ မူဝါဒအသစ်တွင် ပိတ်ဆို့အရေးယူမှုများကို ယခုအတိုင်းသာ ဆက်လက်ထားရှိမည်ဖြစ်သည်။ ‘smart’ sanctions ဟုခေါ်နေသော ယမန်နှစ်က ချမှတ်ခဲ့သော ဗိုလ်ချုပ်များနှင့် ၎င်းတို့နှင့်ပတ်သက်သူများအပေါ် ပုဂ္ဂိုလ်ရေးကန့်သတ်ပိတ်ဆို့ရေးလည်း ပါဝင်ဦးမည်ဖြစ်သည်။ သို့သော် Campbell က လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဖော်ဆောင်မှုများ၊ နိုင်ငံတွင်း ဒီမိုကရေစီအရေးများကို သိသာထင်ရှားစွာ ပြုပြင်ပြောင်းလဲနိုင်ပါက အဆိုပါ ပိတ်ဆို့မှုများ ရုတ်သိမ်းရေးကို ဆွေးနွေးမည်ဟု ပြောကြားခဲ့ပါသည်။
မုန့်ဝေသကဲ့သို့ ထုတ်ဝေရေးအစီအစဉ်တွင် ပြည်တွင်း အဖြစ်အပျက်များပေါ်မူတည်၍ ပစ်မှတ်ထားသော ကန့်သတ်အရေးယူမှုများကို တိုးချဲ့လာနိုင်ပေသည်ဟု ဆိုပါသည်။ ဥပမာအား ဖြင့် ၂၀၀၇ စက်တင်ဘာကဲ့သို့ ဘုန်းတော်ကြီးများအား ဖိနှိပ်မှုများရှိလာပါက မူဝါသစ်အရ ဆက်ဆံမှုများကို ထိခိုက်လာနိုင်မည်ဟု ရှင်းလင်းသွားခဲ့ပေသည်။
ယခုမူဝါဒ အပြောင်းအလဲအတွက် မြန်မာအရေးစောင့်ကြည့်သူများအကြားတွင် ငြင်းခုံစရာ များဖြစ်လာခဲ့သည်။ “ ပိတ်ဆို့အရေးယူမှု၏ အကျိုးသက်ရောက်မှု၊ နှစ်ဖက်ဆက်ဆံရေး၏ အကျိုး သက်ရောက်မှုများပေါ်တွင်သာ မူတည်နေလိမ့်မည်” ဟု ထင်မြင်ကြောင်း ကုလအရာထမ်းဟောင်း နှင့် သမိုင်းပညာရှင် ဦးသန်းမြင့်ဦးက Asia Time Online တွင် ရေးသားခဲ့သည်။ “ နှစ်ဖက်အဆက် အဆံပြုလုပ်နေခြင်းဆိုသည်မှာ ဗိုလ်ချုပ်များနှင့် စကားပြောခြင်းဆိုလျှင် တဖက်တွင် ကန့်သတ် ပိတ်ဆို့မှုကလည်း သက်ရောက်မှုရှိနေရမည်” ဟု ရေးသားထားသည်။ “လွယ်လွယ်ပြောရလျှင် ကလင်တန်အဆိုပြုသလို ဗိုလ်ချုပ်များနှင့် တွေ့ဆုံမှု တိုးတက်မှုရှိလာသည်နှင့်အမျှ ကန့်သတ် ပိတ်ဆို့မှုများကို ဖြေလျော့ပေးသွားမည်” ဟု ဆိုလိုပေသည်။ သူက ပိတ်ဆို့အရေးယူမှုနှင့် ပတ်သက်၍ ထပ်လောင်းရေးသားရာတွင် “ အချို့လက်နက်ရောင်းဝယ်မှုကန့်သတ်ခြင်း၊ ပုဂ္ဂိုလ်ရေး ကန့်သတ်ပိတ်ဆို့ရေးတို့မှာ အဓိပ္ပါယ်ရှိသော်လည်း နိုင်ငံတကာဖွံ့ဖြိုးမှုအကူအညီများ၊ ကုန်သွယ်ရေးတိုးချဲ့မှုများ၊ ခရီးသွားကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို ကန့်သတ်ထားမှုအား ဖြေလျော့ပေးသင့်ကြောင်း သို့မှသာ ပိုနေမြဲကျားနေမြဲ အခြေအနေမှ အကောင်းဖက်သို့ ဦးတည်မည်” ဟု ဖော်ပြထားပါသည်။
ဒီမိုကရေစီပေတံ
အနီးစပ်ဆုံး တစ်နှစ်အတွင်း မူဝါဒအသစ်၏ အောင်မြင်မှုရှိမရှိ တိုင်းတာမည်ဆိုလျှင် ၂၀၁၀ ရွေးကောက်ပွဲကို ဗဟိုပြုစဉ်းစားရမည်ဖြစ်သည်။ ကလင်တန်က ယခုအချိန်သည် ပြောရန် စောသေးကြောင်းနှင့် အတိုက်အခံအားလုံး တိုင်းရင်းသားအားလုံးပါဝင်လာပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကြီး ပြီးမြောက်ဖို့အားလုံးကို တိုက်တွန်းရမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ကလင်တန်က “တစ်ချိန်တည်းမှာပင် မိမိတို့မှာ မြန်မာအာဏာပိုင်များအား ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားများ၊ အတိုက်အခံများအားလုံးပါဝင်ပြီး လွတ်လပ်ပြီး တရားမျှတမှ သာ နိုင်ငံတကာအသိုင်းအ၀ိုင်းက လက်ခံလိမ့်မည်ဖြစ်ကြောင်း ဆွေးနွေးတိုက်တွန်းသင့်ကြောင်း “ ပြောကြားပါသည်။
Campbell က အမေရိကန်အနေဖြင့် တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲအတွက် သံသယရှိနေပြီး မည်သို့သောအခြေအနေများရှိသင့်ကြောင်း၊ မြန်မာအစိုးရအား ဖော်ပြထားရန် လိုမည်ဖြစ်ကြောင်း ပြောကြားပါသည်။
လက်ရှိအားဖြင့် မြန်မာအစိုးရသည် အတိုက်အခံများ တောင်းဆိုလျက်ရှိသော ရွေးကောက်ပွဲဥပဒေများ၊ ပါတီများဖွဲ့စည်းခွင့်၊ စည်းရုံးခွင့်များနှင့်ပတ်သက်၍ လျစ်လျူရှုလျက် ရှိသည်။ ယမန်နှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုစဉ်က သံသယရှိခဲ့မှုများကလည်း ယခု ရွေးကောက်ပွဲအတွက် ဆက်လက်သံသယရှိနေခဲ့ကြသည်။
ရာသီဥတုကလည်း ကိုယ့်ဘက်မပါဘူးဆိုသကဲ့သို့ လက်ရှိအတိုက်အခံခေါင်းဆောင် အားလုံးနီးပါး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်တို့မှာ အကျယ်ချုပ်နှင့်ထောင်ထဲတွင် အသီးသီးရှိနေဆဲဖြစ်သည်။ တချိန်တည်းတွင်ပင် တိုင်းရင်းသား များက ၂၀၀၈ အခြေခံဥပဒေရေးဆွဲစဉ်ကပင် တောင်းဆိုနေသော ၎င်းတို့၏ နိုင်ငံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုပိုင်ခွင့်များကို အစိုးရက လျစ်လျူပြုဆဲ တွေ့ရသည်။
အချို့သော တိုင်းရင်းသား နိုင်ငံရေးအဖွဲ့များမှာမူ ရွေးကောက်ပွဲတွင် ပါဝင်ဖြစ်မည်မဟုတ် ကြောင်း ဖွင့်ဟခဲ့ကြပြီးဖြစ်သည်။ ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သော ကိုးကန့်အရေးအခင်းကလည်း ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသားအဖွဲ့အစည်းများကြားတွင် ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်လာစေသည်။ ယခုအခါ အဆိုပါငြိမ်းချမ်းရေးအဖွဲ့အစည်းများအား ၎င်းတို့တပ်ဖွဲ့ များကို လက်နက်အပ်စေပြီး ရွေးကောက်ပွဲဝင်ရန် ပါတီအသွင်ပြောင်းရေး အစိုးရက တိုက်တွန်း လျက် ရှိသည်။
မည်သို့ဆိုစေကာမူ အမေရိကန်တို့က တရားမျှတ၍ လွတ်လပ်သောရွေးကောက်ပွဲအဖြစ် လက်ခံလာစေရန်၊ အစိုးရအနေဖြင့် တိုင်းရင်းသားအဖွဲ့များရော အတိုက်အခံအားလုံးပါ ဖြစ်စဉ် တွင် ပါဝင်လာစေရန် လိုအပ်ပေမည်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် တိုင်းရင်းသား များ၊ အတိုက်အခံအားလုံးပါ ဖြစ်စဉ်တွင် ပါဝင်လာစေရန်လိုအပ်ပေမည်။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်တွင် တိုင်းရင်းသားများ၊ အတိုက်အခံများနှင့် တွေ့ဆုံရေးကိုလည်း လိုအပ်ကြောင်း မြန်မာအစိုးရအား ကလင်တန်က တိုက်တွန်းထားသည်။ အမျိုးသားပေါင်းစည်း ညီညွတ်ရေးနှင့် ပြုပြင်ပြောင်းလဲမှုများအတွက် ယင်းအချက်ကလည်း အရေးကြီးကြောင်း Campbell က ထပ်မံတိုက်တွန်းထားပါသေးသည်။
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်၏ မြန်မာအစိုးရနှင့် တိုက်ရိုက်ဆက်ဆံရေးမူဝါဒအား ကြိုဆိုလိုက်ပြီး အမေရိကန်အနေဖြင့် အတိုက်အခံများနှင့်ပါ တွေ့ဆုံဆွေးနွေးသင့်ကြောင်း တိုက်တွန်းထားပါသည်။ ဒေါ်စုကြည်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံသို့ပေးစာတွင် သူမအား နိုင်ငံခြားသံအမတ်များနှင့် အမေရိကန်၏ မူဝါဒအသစ်ပေါ် ၎င်းတို့၏ အမြင်များကိုသိရှိရန် တွေ့ဆုံခွင့် တောင်းဆိုခဲ့ပါသည်။
၁၄နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံမှ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းတို့ပါဝင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ သို့ တက်ရောက်စဉ်၊ ၎င်းတို့နှင့် တွေ့ဆုံမှုမှာ ပထမဆုံးအကျိုးရှိသော တွေ့ဆုံမှုဖြစ်လာလိမ့်မည် ဟု ယူဆရသည်။ အမေရိကန်က မြန်မာဗိုလ်ချုပ်များအပေါ် ခရီးသွားလာခွင့် ပိတ်ပင်ထားမှုအပေါ် ဖြေလျော့၍ နယူးယောက်အပြင် ၀ါရှင်တန်သို့ သွားခွင့်ပြုခဲ့သည်။
မေးခွန်းမေးစရာအနေဖြင့် မြန်မာအာဏာပိုင်များက အမေရိကန်တို့၏ ချဉ်းကပ်မှုကို အလေးအနက်ထား/မထားနှင့် ၎င်းတို့ရွေးကောက်ပွဲအတွက် ၎င်းတို့၏လှုပ်ရှားမှုများအပေါ် အာရုံလွှဲရုံနည်းလမ်းပေလားဆိုသည်မှာတော့ မသိနိုင်ပေ။ ယခင်က ကုလသမဂ္ဂနှင့် ဆက်ဆံခဲ့စဉ်ကလည်း မြန်မာအစိုးရအနေဖြင့် အာရုံလွှဲရုံသာနည်းလမ်းကို အသုံးပြုခဲ့ပြီးဖြစ်သည်။ နောက်ထပ်စဉ်းစားရမည့်အချက်မှာ အမေရိကန်တို့၏ တွေ့ဆုံညှိနှိုင်းရေးအကြံပြုချက်များမှာ ၎င်းတို့အာဏာလျော့ပါးစေရေးအတွက်ဆိုပါက အဆိုပါအကြံပြုချက်ကို လက်ခံ/မခံ ရှင်းရှင်း လင်းလင်း မည်သူမျှ မသိနိုင်ပေ။
Blog Archive
- ► 2024 (319)
- ► 2013 (1051)
- ► 2012 (1188)
- ► 2011 (1025)
- ► 2010 (2008)
-
▼
2009
(620)
-
▼
October
(211)
-
▼
Oct 02
(17)
- ကချင်နှင့်စစ်အစိုးရ၊ နယ်ခြားစောင့်တပ်ပြောင်းလဲရေးေ...
- မြန်မာနိုင်ငံနှင့်ဆက်ဆံမှုအပေါ် မက်ကော်နဲလ်နှင့်လျူဂ...
- မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဝေဖန်မှုများ ကြားမှ ဒေ၀ူး...
- အမေရိကန်နှင့် မြန်မာအကြား တင်းမာမှု လျော့ပါးလာခြင်း...
- တပ်မတော်နှင့်စေ့စပ်ညှိနှိုင်းမည့် အမေရိကန်အနေဖြင့် ...
- အမေရိကန်က မြန်မာအပေါ်စီးပွားရေးပိတ်ဆို့မှုများကို ဖ...
- တပ်မတော်နှင့်စေ့စပ်ညှိနှိုင်းမည့် အမေရိကန်အနေဖြင့် ...
- မြန်မာအစိုးရနှင့် ဆွေးနွေးရန် အမေရိကန်၏ မျှော်လင့်...
- ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းရေးအတွက် စစ်အစိုးရန...
- တရုတ်-မြန်မာနယ်စပ်အခြေအနေအေးချမ်း
- မြန်မာနှင့် စကားပြောခြင်း
- စိန်ခေါ်မှု ပြဿနာအသစ်များအတွက် ဆုံးဖြတ်ချက်အဟောင်းများ
- အမျိုးသားနေ့ အခမ်းအနားလုံခြုံရေးအတွက် ဘီဂျင်း၏ အစီ...
- အမေရိကန်-မြန်မာအဆင့်မြင့်အရာရှိများတွေ့ဆုံ
- ဗိုလ်ချုပ်များနှင့် တိုက်ရိုက်ဆက်ဆံသွားမည်
- တရုတ်ဝန်ကြီးချုပ် မြောက်ကိုရီးယားသို့သွားရောက်မည်
- ၀ါရင့်အတိုက်အခံကြီး၏ ရွေးကောက်ပွဲနှင့်ပတ်သက်သော ပြ...
-
▼
Oct 02
(17)
-
▼
October
(211)
Labels
- Op-Ed (4)
Posted by
Transparency Myanmar 2010
Friday, October 2, 2009
Subscribe to:
Post Comments (Atom)