Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံမှ ဒုက္ခသည်များသည် ထိုင်းနိုင်ငံတွင် နေထိုင်လာသည်မှာ ဆယ်စုနှစ် နှစ်ခုလောက် ရှိနေပြီဖြစ်သည်။ သို့တိုင်အောင် ဒုက္ခသည်များနှင့်ပတ်သက်သော အခြေအနေမှာ ရေရေရာရာမရှိသေးဘဲ ရှိနေပါသည်။ ထောင်ပေါင်းများစွာသော ဒုက္ခသည်များအား ပြန်လည် ထူထောင်ရေးအတွက် အကူအညီပေးခဲ့ပြီးသော်လည်း မြန်မာနိုင်ငံတွင်း နိုင်ငံရေးပဋိပက္ခများမှာ ပြောင်းလဲလျက်ရှိသဖြင့် နောက်ထပ်ဒုက္ခသည်များ ထိုင်းနိုင်ငံတွင်းသို့ ပြေးဝင်လာလျက် ရှိနေပါသည်။
ထိုင်းနိုင်ငံအစိုးရသည် ရောက်ရှိလာသော ဒုက္ခသည်များကို မငြီးမငြူလက်ခံပေးနေရသော် လည်း၊ မြန်မာနိုင်ငံတွင်း ပဋိပက္ခများက အဆိုပါ ဒုက္ခသည်များကို နေရပ်သို့ အချိန်မရွေးပြန်သွား နိုင်ရေးအတွက် အဟန့်အတားဖြစ်နေသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင်းရှိ ပဋိပက္ခများကြောင့် ဒေသတွင်းစိန်ခေါ်မှုများကို ဖော်ပြရလျှင် ထိုင်းအစိုးရအနေဖြင့် ပိုမို၍အလုပ်ဖြစ်မည့် ဒုက္ခသည်များဆိုင်ရာမူဝါဒ ချမှတ်ရန်လိုအပ်လျှက်ရှိပြီး၊ အမေရိကန်နှင့် အခြားအလှူရှင်နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများပေးနိုင်ရေးအတွက် ပျော့ပြောင်းသော အစီအစဉ်များ ချမှတ်ကူညီသင့်ပေသည်။


မူဝါဒဆိုင်ရာ အကြံပြုချက်များ
          အလှူရှင်နိုင်ငံများနှင့် ကုလသမဂ္ဂသည် ထိုင်းနိုင်ငံအပေါ် ၎င်း၏ နိုင်ငံတွင်းဝင်ရောက်လာ သော မြန်မာဒုက္ခသည်များအပေါ် သဘောထားကြီးစွာ လက်ခံစောင့်ရှောက်မှုအပေါ် အသိအမှတ် ပြုသင့်ပြီး ထိုင်းနိုင်ငံ၏ ယခုလက်ရှိမူဝါဒကို မည်သည့်အခြေအနေပြောင်းလဲမှုတွင်မဆို ဆက်လက် ထိန်းသိမ်းထားနိုင်ရေးအတွက် အကူအညီပေးကြရမည်ဖြစ်သည်။
          အမေရိကန်၊ ဥရောပသမဂ္ဂ၊ အင်္ဂလန်နိုင်ငံနှင့် အခြားအလှူရှင်အစိုးရများ၊ နိုင်ငံတကာ အေဂျင်စီများအနေဖြင့် ယခုလက်ရှိထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိသော ဒုက္ခသည်များ မိမိကိုယ်တိုင်ရပ်တည်နိုင်ရေး၊ လွတ်လပ်ခွင့်များအတွက် အစီအစဉ်များတွင် ထိုင်းနိုင်ငံအစိုးရနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သင့်သည်။
          အမေရိကန်နှင့် အခြားအလှူရှင်နိုင်ငံအစိုးရများသည်  တိုးတက်လာနေသော ဒုက္ခ သည်များ အတွက် လိုအပ်ချက်အားလုံးရရှိစေရန် မြန်မာလူမျိုးများအတွက် လူသားချင်းစာနာ ထောက်ထားသောအကူအညီပေးရေး၊ ငွေကြေးအစီအစဉ်များကိုလည်း မပြတ်ချမှတ်နေရန် လိုအပ်ပါသည်။
          မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်းရှိ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီ ပေးရေးအဖွဲ့အစည်းအချင်းချင်းကလည်း မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားလျက်ရှိသော ဒေသတွင်းရှိ လူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်သင့် လှပေသည်။
(Sean Garcia and Mawreen Lynch assessed the needs of Burmese refugees in Thailand in August 2009)

0 comments:

Post a Comment