Transparency Myanmar

transparency.myanmar@gmail.com

        
ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့က အိုဘားမားအစိုးရက “စစ်တပ်အုပ်ချုပ်သော မြန်မာအစိုးရ အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများမှ ဗိုလ်ချုပ်များနှင့် တိုက်ရိုက်စကားပြောရန် ကြိုးပမ်းမှုကဲ့သို့ သော မူဝါဒအသစ်များ ချမှတ်သည့်တိုင် မိမိတို့၏ အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ပေးလိမ့်မည် မဟုတ်” ဟု ပြောကြားခဲ့ပါသည်။
          လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Campbell က မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ ပြောင်းလဲမှုများ မပြုလုပ်ဘဲ တွေ့ဆုံဆွေးနွေးမှု စတင်ရုံမျှဖြင့် ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းပေးခဲ့မည်ဆိုပါက အမှားကျူးလွန်ရာရောက်ပေမည်ဟု ဆီးနိတ်နိုင်ငံခြား ဆက်ဆံရေး အာရှဆပ်ကော်မတီသို့ ပြောကြားခဲ့ပါသည်။
          ဗာဂျီးနီးယား ဆီနိတ်တာ Jim Webb က အမေရိကန်ကဲ့သို့ မြန်မာနိုင်ငံအပေါ် ကောင်းမွန် သော ချဉ်းကပ်ခြင်းနည်းလမ်းကို အသုံးပြု ဆက်ဆံကြရန် နိုင်ငံတကာသို့ တိုက်တွန်းခဲ့ပါသည်။
          အမေရိကန်၏ အထီးကျန်ဆန်သော မူဝါဒသည် မြန်မာဗိုလ်ချုပ်များအား ပြောင်းလဲမှုများ ပြုလုပ်မည့် အခွင့်အလမ်းများကို ကန့်သတ်ပေးသကဲ့သို့ ဖြစ်စေကြောင်း Webb က Campbell ကို ပြောကြားခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် မြန်မာပြည်သူများအား ပိုမိုဝေးကွာစေခဲ့ပြီး နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဖျက်ဆီးပစ်ရာရောက်သည်ဟု ပြောသွား ပါသည်။
          Webb သည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ သွားရောက်ပြီး ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပါသည်။ အမေရိကန်၏ တင်းကျပ်သော အရေးယူပိတ်ဆို့မှုများသည် မြန်မာနိုင်ငံအပေါ် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများသာ ရရှိစေခဲ့သည်။ ဗိုလ်ချုပ်များသည် ပိုမို၍ ခေါင်းမာ လာပြီး တချိန်တည်းမှာပင် တရုတ်အစိုးရက မြန်မာနိုင်ငံတွင် အင်အားကောင်းသော စီးပွားရေးနှင့် သံတမန်ဆက်ဆံရေး ခြေကုတ်ယူနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံမှာ ၁၉၆၂ခုနှစ်မှစတင်၍ စစ်တပ်မှ အုပ်စိုးသော နိုင်ငံ ဖြစ်ခဲ့ရသည်။
          ဗီယက်နမ်စစ်ပြန် အာရှရေးရာ စိတ်ပါဝင်စားသူ Webb က မြန်မာနိုင်ငံနှင့် မိမိတို့ ကြုံတွေ့ နေရသည့် အခြေအနေမှာ တိုင်းပြည်တစ်ခုကို ပတ်ဝန်းကျင်နှင့်ဝေးရာ အထီးကျန်နိုင်ငံအဖြစ် ပို့ဆောင်စေပါက ရရှိမည့် အကျိုးဆက်အတွက် ဥပမာဖြစ်ကြောင်း၊ လှည့်ကြည့်ပါက မည်သူမျှ မိမိတို့နောက်သို့ လိုက်မလာကြောင်း ဖြည့်စွက်ပြောကြားသွားပါသည်။
          အိုဘားမားအစိုးရ၏ မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံရေးအတွက် ဆုံးဖြတ်ချက် သည် ယခင် Bush အစိုးရ၏ မြန်မာနိုင်ငံရှိ တက်ကြွသူများကို လမ်းဘေးဆန္ဒပြသူများအဖြစ်သာ ရောက်စေခဲ့သော မူဝါဒ၏ ခိုင်မာနေမှု၏နောက်မှနေ၍ ဖောက်ထွက်ခဲ့ရခြင်းဖြစ်သည်။
          အမေရိကန်၏ အရေးယူပိတ်ဆို့မှုသည် အစိုးရကို မထိခိုက်ပဲ မြန်မာပြည်သူများအပေါ်တွင် သာ သက်ရောက်သဖြင့် ရုတ်သိမ်းပေးရေး အယူအဆကိုမူ Campbell က ပယ်ချခဲ့သည်။ မကြာသေးမီက ချမှတ်ခဲ့သော အရေးယူပိတ်ဆို့မှုများသည် စစ်ခေါင်းဆောင်များနှင့် နိုင်ငံပိုင်ကုမ္ပဏီများကိုသာ ပစ်မှတ်ထား၍ ပြည်သူများကို ထိခိုက်လိမ့်မည်မဟုတ်ကြောင်း Campbell က ပြောပါသည်။
          ပြီးခဲ့သည့် အင်္ဂါနေ့က မြန်မာနိုင်ငံမှ ခေါင်းဆောင်များနှင့်နယူးယောက်တွင် တွေ့ဆုံခဲ့သော Campbell က ယခုစကားပြောမှုများ မအောင်မြင်ခဲ့ပါက ဘာလုပ်ကြမည်နည်းဟု အများသူငါ၏ မေးခွန်းထုတ်မှုကို ကြုံတွေ့ခဲ့ရကြောင်း ပြောပါသည်။
          Campbell ကဲ့သို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဆင့်နှင့် မြန်မာအစိုးရတာဝန်ရှိသူ တို့၏ နောက်ဆုံးတွေ့ဆုံခဲ့မှုမှာ ၂၀၀၀ပြည့်နှစ်မှာဖြစ်ကြောင်း အမေရိကန်၌ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ထုတ်ဖော်ပြောကြားခဲ့သည်။
          Campbell နှင့် Webb တို့ အပြန်အလှန်ဆွေးနွေးပြောကြားစဉ်က ဆီးနိတ်ကြားနာမှု ရုံးခန်း တွင် လာရောက်နားထောင်ကြသော မြန်မာဘုန်းတော်ကြီးတစ်ပါးနှင့် ဒီမိုကရေစီအရေးကိုတက်ကြွလှုပ်ရှားသော မြန်မာ များ (Activities) များအနက် တက်ကြွသူ မြန်မာများက Webb ၏ ဝေဖန်ပြောကြားမှုများကို ဆန့်ကျင်ခဲ့ကြသည်။
          Webb သည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့လာရောက်ကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခဲ့ပါသည်။ ထိုအချိန်မှစ၍ Webb အပေါ်တွင် ဆန့်ကျင်ဘက် အမြင်ရှိသည့် အဖွဲ့များ၊ ခေတ်နောက်ကျသူများ (Conservatives) ၏ ဝေဖန်မှုများ နှင့် ရင်ဆိုင်ခဲ့ရပြီး၊ ယင်းခရီးစဉ်သည် ပြည်သူများကို ဖိနှိပ်မှုများပြုလုပ်သော စစ်အစိုးရကို အသိအမှတ်ပြုရာ ရောက်သည်ဟု ဝေဖန်ခဲ့ကြသည်။
          အမေရိကန်ပြည်ထောင်စုသည် အစဉ်အလာအားဖြင့် မြန်မာဗိုလ်ချုပ်များကို လူ့အခွင့် အရေးကို အလေးပေးလာရန်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးအတွက် ရည်ရွယ်ချမှတ်ထားသော တင်းကျပ်သည့် ပိတ်ဆို့အရေးယူမှုများအပေါ်တွင်သာ နားယောင်နေခဲ့ ကြသည်။ အဆိုပါပိတ်ဆို့အရေးယူမှုများကို အိုဟောင်းသော ဒီမိုကရက်တစ်နှင့် ရီပတ်ဗလီကန် အမေရိကန်ဥပဒေပြုသူများက ထောက်ခံပံ့ပိုးခဲ့ကြခြင်းဖြစ်သည်။
          ဆီးနိတ်လူနည်းစုခေါင်းဆောင် Mitch Mc Connell က အမေရိကန်တို့က ပိတ်ဆို့အရေးယူ မှုများဖယ်ရှားရေးအတွက် စဉ်းစားလာရန် မြန်မာအစိုးရအနေဖြင့် အချက်နှစ်ချက်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် လွတ်လပ်၍ တရား မျှတသော ၂၀၁၀ ရွေးကောက်ပွဲဖြစ်စေရေးကို အလေးပေးလုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment