Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံတပ်မတော်အစိုးရနှင့် နှစ် နိုင်ငံဆက်ဆံရေးအကြားတွင်ရှိခဲ့သော တင်းမာမှုများကို အမေရိကန်သမ္မတ ဘားရက်ဟူစိန်အိုဘားမားအုပ်ချုပ်ရေး အဖွဲ့က လျှော့ချရန်ကြိုးပမ်းနေခြင်း သည် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုများရှိ နေသည်ကို ဖော်ကျူးရာရောက်ပါသည်။ စက်တင်ဘာလ ၂၃ ရက်ကနယူး ယောက် မြို့ရှိ ကုလသမဂ္ဂဋ္ဌာနချုပ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာ ရီကလင်တန်က မူ
ဝါဒနှစ်ရပ်ဖြင့် ဆက် ဆံသွားမည်ဟုထုတ်ဖော်ပြောဆိုသည်။ (အမေရိကန်အစိုးရသည် မြန်မာနိုင်ငံ နှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်မည်ဖြစ် သလို စီးပွားရေးပိတ်ဆို့မှုကိုလည်း ဆက်လက်ကျင့်သုံးသွားမည်) ဟု မစ္စဟီလာရီကလင်တန်ကပြောသည်။ ၎င်းင်းသည် ယခု ၂၀၀၉ ခုနှစ်ဆန်းပိုင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး အဖြစ် အာရှဒေသသို့ ပထမဆုံးခရီး စဉ်သွားရောက်ခဲ့စဉ်က ပြောဆိုခဲ့သော မြန်မာ့အရေးသုံးသပ်ချက်ကို ပြန်လည် ပြောဆိုခြင်းဖြစ်သည်။
 ယခု ဟီလာရီကလင်တန်၏ ကြေညာချက်သည် အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံ အပေါ် ထားရှိသော ပေါ်လစီမည်သို့ရှိမည် ဟူသော အချက်ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေ သည့်အချိန်သမယတွင် ထွက်ပေါ်လာ ခြင်းဖြစ်သည်။ အမေရိကန်အစိုးရ၏ ကိုးလာတာ မျှကြာမြင့်သော ပေါ်လစီရီဗျူးမှာ မျှော်လင့်မထားသော ပုံစံမျိုးဖြစ် နေသည်။ အိုဘားမားအုပ်ချုပ်ရေးအဖွဲ့ သည် နိုင်ငံတကာ၏ပေါင်းစည်းချဉ်း ကပ်မှုမပါဝင်ဘဲ မိမိတစ်နိုင်ငံတည်း မြန်မာနိုင်ငံ အပေါ်တိုက်ရိုက်ထိတွေ့ကာ စေ့စပ်ညှိနှိုင်းမှုများပြုလုပ် ခြင်းသို့ မဟုတ်  စီးပွားရေး ပိတ်ဆို့အရေး ယူခြင်း ပြုလုပ်ပါကအ ကျိုးသက် ရောက်မှုမရှိနိုင် ဟူသောအချက်ကို နားလည်သဘော ပေါက်သည်။
 အခြားသောနိုင်ငံရေးဖွံ့ဖြိုးတိုးတက် မှုတစ်ရပ်ရှိသေးသည်။ ယင်းမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ် ၀င်းအား စက်တင်ဘာ ၁၈ ရက်နေ့ည က ၀ါရှင်တန်ဒီစီသို့ သွားရောက်လည် ပတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ လည်ပတ်ချိန် ၂၄ နာရီတိတိပေးသည်။ ဤသို့ခွင့်ပြုခြင်းသည် ၁၉၉၀ ပြည့်နှစ် ကစပြီး မြန်မာနိုင်ငံကို စီးပွားရေးပိတ် ဆို့မှုများပြုလုပ်သည့် နှစ်များအတွင်း ပထမဆုံးဖြစ်သည်။ ပိတ်ဆို့ရေးမူဝါဒ အရ မြန်မာနိုင်ငံမှ တပ်မတော်ဗိုလ်ချုပ် ကြီးများနှင့် ထိပ်တန်းခေါင်းဆောင်များ သည် နိုင်ငံတကာတွေ့ဆုံပွဲများတက် ရောက်ခြင်းမှလွဲ၍ အမေရိကန်ပြည် ထောင်စုတွင်းလည်ပတ်သွားလာခွင့်မရှိ ပေ။ ၂၀၀၃ခုနှစ် မြန်မာပြည်လွတ် မြောက်ရေးနှင့် ဒီမိုကရေစီရရှိရေး အက်ဥပဒေ အောက်တွင် အမေရိကန် အစိုးရ(အိမ်ဖြူတော်) အနေဖြင့် မြန်မာ ခေါင်းဆောင်များ ကုလသမဂ္ဂအထွေ ထွေညီလာခံတက်ရောက်ရာတွင် နယူး ယောက်မြို့မှ မိုင်ပေါင်း ၂၅ မိုင်အကွာ အဝေးအထိသွားရောက်ခွင့် ပြုနိုင်ရေး အတွက် တရားဝင်ကြေညာစာထုတ်ပြန် ရန်လိုအပ်ပါသည်။
 ယခုခရီးစဉ်တွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဦးဉာဏ်ဝင်းမှာ သမ္မတအိုဘား မားအုပ်ချုပ်ရေးအဖွဲ့မှ အရာရှိကြီးများ နှင့်တွေ့ဆုံခွင့်မရခဲ့ဘဲ မြန်မာသံရုံးမှ ၀န်ထမ်းများနှင့်သာတွေ့ဆုံခဲ့သည်။ သို့သော်လည်း ဦးဉာဏ်ဝင်းသည် အမေရိကန်-အာရှဘိဇနက်ကောင်စီ နှင့် မြန်မာနိုင်ငံသို့ ဂျွန်ယက်တောကိစ္စဖြင့် လာရောက်ဖူးသော ဆီနိတ်တာ မစ္စတာ ဂျင်ဝက်ဘ်နှင့် တွေ့ဆုံခဲ့ရပါသည်။ မစ္စ တာဂျင်ဝက်ဘ်သည် မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှုပြုလုပ်မည့် မူဝါဒထွက် ပေါ်ရန်များစွာ ပြောဆိုသူတစ်ဦးဖြစ် သည်။
 ကုလအထွေထွေညီလာခံတွင် သမ္မတ အိုဘားမားအုပ်ချုပ်ရေးအဖွဲ့၏ ညင်သာ ပျော့ပျောင်းသော ဆက်ဆံရေးကြောင့် မြန်မာတပ်မတော်အစိုးရသည် စက်တင် ဘာလ ၁၇ ရက်နေ့တွင် အကျဉ်းသား ၇၀၀၀ကျော်လွှတ်ပေးလိုက်သည်။ လွှတ် ပေးသူများထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ပါဝင်သည်။ အဆိုပါ အကျဉ်းသားများလွှတ်ပေးသည် ဟူသော သတင်းကို မြန်မာ့အတိုက်အခံနိုင်ငံရေး သမားများနှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က ကြို ဆိုခဲ့ကြသည်။
 အမေရိကန်ပြည်ထောင်စု အနေဖြင့် မြန်မာတပ်မတော်အစိုးရနှင့် စေ့စပ်ညှိ နှိုင်းမှုပြုလုပ်မည်ဆိုပါက အရှေ့တောင် အာရှဒေသတစ်ခုလုံးတွင် မတူညီသော တိုင်းရင်းသားမျိုးနွယ်စုအမျိုးမျိုးရှိသည် ဟူသော အချက်ကိုကောင်းစွာနားလည် သဘောပေါက်ရမည်ဖြစ်သည်။ ယနေ့ မြန်မာ^ဗမာ (ပြညောမေ။ကြမာေ) ဟု ခေါ်ဆိုနေကြခြင်းသည် ၁၉၄၇ ခုနှစ် တွင်ချုပ်ဆိုသော ပင်လုံစာချုပ်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမှန်တွင် မြန်မာနိုင်ငံကို့ ညငသည သ် ကြမာေ ဟု ခေါ်ဆိုရမည်။ ကြမာေ ဟူသော စကား လုံးတစ်လုံတည်းသက်သက်မဟုတ်ပေ။ မြန်မာတပ်မတော်အစိုးရက စစ်အာဏာ သိမ်းပြီးနောက် ဘားမား (ကြမာေ) ဟူ သောအသုံးအနှုန်းကို ပြညောမေ ဟု ပြောင်းလဲပစ်လိုက်သော ကြောင့် ညငသည သ် ပြညောမေ နာမည်ဖြစ်လာသည်။ အပြောင်းအလဲများ ကိုအခြေခံပြီး တပ်မတော်အစိုးရက  မြန်မာနိုင်ငံတွင် လူမျိုး ၁၃၅ မျိုးရှိသည်ဟု သတ်မှတ် သည်။ အမှန်စင်စစ်မှာ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီ ဗြိတိသျှကိုလိုနီအုပ် ချုပ်ရေးလက်ထက်က ဗမာပြည်နှင့် နယ်စပ်ဒေသများဟူ၍ နှစ်ပိုင်းရှိခဲ့သည်။ ဗမာပြည်ဟူသည်မှာ ဗမာလူမျိုးများကြီး စိုးသည်။ နယ်စပ်ဒေသများမှာ တိုင်းရင်း သားမျိုးနွယ်စုများနေထိုင်သည်။
 မြန်မာနိုင်ငံသည် အရှေ့တောင်အာ ရှဒေသတွင် လက်နက်ကိုင်ပုန်ကန်မှုကာ လကြာရှည်စွာဖြစ်ပေါ်နေသည့် နိုင်ငံဖြစ် သည်။ တပ်မတော်အစိုးရက လက်နက် ကိုင်အဖွဲ့ ၁၀ ဖွဲ့ကျော်နှင့် အပစ်အခတ် ရပ်စဲရေးစာချုပ်များချုပ်ဆိုရန်သိမ်းသွင်း ခဲ့သော်လည်း အချို့မှာ အိန္ဒိယနှင့် ထိုင်းနယ်စပ်ဒေသတို့တွင် ခြေကုပ်ယူ ကာလှုပ်ရှားနေဆဲဖြစ်သည်။
 အဆိုပါလက်နက်ကိုင်တပ်ဖွဲ့များမှာ အကြမ်းဖက်သမားများဟုတ်သလို၊ ခွဲထွက်ရေးသမားများလည်းမဟုတ်ကြ ပါ။ သူတို့က ဖက်ဒရယ်အစိုးရလက် ထက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိစေ ရေးအတွက်တောင်းဆိုနေကြခြင်းဖြစ်၏။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများမှာ နိုင်ငံရေးသက်သက် ဟုတ်။ တိုင်းရင်းသားအရေးကိစ္စများ လည်းပါဝင်သည်။ ထို့ကြောင့် ဒီမိုကရေ စီဖော်ဆောင်ရေးသက်သက်ဖြင့် တိုင်း ရင်းသားများ၏ ယုံကြည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုကို ဖော်ဆောင်နိုင်ဖွယ်မရှိပေ။
 အမေရိကန်အစိုးရနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် မြန်မာနိုင်ငံ တွင်းပဋိပက္ခများ၏ သဘောသဘာဝနှင့် ရှုပ်ထွေးမှုများကို နားလည်သဘော ပေါက်ရန်လိုအပ်သည်။ တပ်မတော်အစိုး ရတွင် တိုင်းရင်းသားများနှင့်လက်နက် ကိုင်တပ်ဖွဲ့များကို အင်အားသုံးဖိနှိပ်ချုပ် ခြယ်နိုင်သည့် ပါဝါနှင့် စစ်သည်အင် အားလေးသိန်းကျော်ရှိသည့် စစ်တပ်ရှိ သော်လည်း  တိုင်းရင်းသားများ၏ ပြင်းပြသော ဆန္ဒကိုမူ အင်အားဖြင့်ဖိနှိပ် ၍ရမည်မဟုတ်ပေ။ ပဋိပက္ခတို့၏ ဇစ် မြစ်နှင့် အကြောင်းအရင်းများကို အသေ အချာ ထုတ်ဖော်ရှင်းလင်းရန်သာလိုအပ် ပါသည်။
 လက်ရှိအကောင်အထည်ဖော်နေကြ သော ဒီမိုကရေစီလှုပ်ရှားမှုတွင် မတူညီ သော အနေအထားနှစ်မျိုးရှိသည် ကိုတွေ့ရသည်။ တစ်ဖက်တွင် မြန်မာလူ မျိုးအများစုက ဒီမိုကရေစီစနစ်ကျင့်သုံး သောအစိုးရတစ်ရပ်ပေါ်ထွက်ရုံမျှဖြင့် ကျေနပ်နိုင်ဖွယ်ရှိသော်လည်း တိုင်းရင်း သားများမှာကျေနပ်နိုင်မည်မဟုတ်ပေ။ သူတို့၏ အခြေခံနိုင်ငံရေး အခွင့်အရေး နှင့် ရပိုင်ခွင့်များအတွက် ဆက်လက် တောင်းဆိုနေကြမည်သာဖြစ်သည်။
 အမေရိကန်သမ္မတအိုဘားမားအုပ် ချုပ်ရေးအဖွဲ့အနေဖြင့် မြန်မာတပ်မ တော်အစိုးရအပေါ် စေ့စပ်ညှိနှိုင်းရေး ရော ပိတ်ဆို့အရေးယူရေး မူဝါဒနှစ်ရပ် ကျင့်သုံးပြီး မြန်မာ့နိုင်ငံရေးပဋိပက္ခ မှ လွတ်မြောက်ရေးအတွက် မှန်ကန်သော လုပ်ရပ်ဖြစ်သည်။ ထို့ပြင်အမေရိကန် အစိုးရအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်၊ နိုဗယ်ငြိမ်းချမ်း ရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါ အ၀င် နိုင်ငံရေးအကျဉ်းသားများစေ လွှတ်ရန် တပ်မတော်အစိုးရအပေါ်ဆက် လက်ဖိအားပေမှုများပြုလုပ်ရန်လိုအပ် သည်။ မြန်မာနိုင်ငံတွင်း ထင်သာမြင် သာရှိသော အပြောင်းအလဲများမဖြစ် ပေါ်သေးသရွေ့ စီးပွားရေးပိတ်ဆို့မှု မူဝါဒများကို အကြောင်းမဲ့မပယ် ဖျက်သင့်ပေ။
 ယခုမူဝါဒအသစ်ကြောင့် အမေရိကန် အစိုးရအနေဖြင့် တစ်ဖက်တွင် စေ့စပ် ညှိနှိုင်းမှုများပြုလုပ်နိုင်မည်ဖြစ်သလို အခြားတစ်ဖက်တွင်လည်း သီခြားကွဲ ထွက်နေသော အုပ်စုများနှင့် ဆက်သွယ် နိုင်မည်ဖြစ်သည်။ ထို့ပြင်စေ့စပ်ညှိနှိုင်းရေး အာဂျင်ဒါကြောင့် အရှေ့ တောင်အာရှ(အာဆီယံ)အဖွဲ့ဝင်နိုင်ငံ များအပါအ၀င် တရုတ်၊အိန္ဒိယ၊ ရုရှား အစရှိသည့်နိုင်ငံများနှင့်လည်း အလုပ် တွဲလုပ်နိုင်ပြီဖြစ်သည်။ တဖန် ပိတ်ဆို့ အရေးယူမှုကို ဆက်လက်ကျင့်သုံးမည် ဖြစ်သောကြောင့် အစဉ် အလာ မဟာ မိတ်ကြီးဖြစ်သော ဥရောသမဂ္ဂနှင့်လည်း ယခင်ပုံစံအတိုင်း လက်တွဲ၍အလုပ်လုပ် နိုင်မည်ဖြစ်ပါသည်။
 ဆိုရလျှင် မြန်မာအပေါ်ထားရှိသည့် အမေရိကန်အစိုးရပေါ်လစီအပြောင်း အလဲမှာ ကြိုဆိုရမည့်ကိစ္စဖြစ်သည်။ သမ္မတအိုဘားမားအုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံတွင်းမှ ပဋိပက္ခ များ၏ ဇာစ်မြစ်ကို ကောင်းမွန်စွာနား လည်သဘောပေါက်ရန်သာလိုအပ်သည်။ စေ့စပ်ညှိနှိုင်းမှုသည် တပ်မတော်အစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့တို့အတွက် သက်သက်မဖြစ်သင့်ပေ။ တိုင်းရင်းသား များ၊ အဖွဲ့အစည်းများအားလုံးနှင့် ပြုလုပ်သင့်သည်။ ထို့အတူစေ့စပ်ညှိနှိုင်း မှုမှရရှိလာမည့် ရလဒ်၏တစ်စိတ်တစ် ပိုင်းသည် တိုင်းရင်းသားလူမျိုးစုများ ၏ သဘောထားဆန္ဒများဖြစ်သင့်ကြောင်း ပါ။

0 comments:

Post a Comment