Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံသည် ၎င်း၏ ကွန်မြူနစ်ပါတီ နှစ်၆၀ပြည့် အခမ်းအနားကို ခမ်းနားစွာ ကျင်းပ နိုင်ရေးအတွက် ဘီဂျင်းမြို့လယ်၏ ပျားပန်းခတ်မျှသော သွားလာလှုပ်ရှားမှုများကို ဗုဒ္ဓဟူးနေ့က စတင်ရပ်ဆိုင်းထားလိုက်ပြီးနောက် အာဏာပိုင်များက မည်သည့်နှောက်ယှက်မှုကိုမျှ ခွင့်မပြုနိုင် ကြောင်း ပြောကြားထားသည်။
          တိန်အန်မင်ရင်ပြင်နှင့် အနီးတ၀ိုက်ဒေသများအပါအ၀င် တားမြစ်ထားသောမြို့တော်၏ အခြားဒေသများအား ပိတ်ဆို့ထားပြီး မြို့တော်နေလူဦးရေ (၁၇)သန်း၏ သွားလာလှုပ်ရှားမှုများကို အာဏာပိုင်များက ပိတ်ဆို့ထိန်းချုပ်လိုက်သောကြောင့် ပုံမှန်အားဖြင့် ရှုပ်ထွေးထူထပ်ပြီး ယာဉ်ကြောပိတ်ဆို့နေတတ်သော မြို့တော်မှာ ယခုအခါ ရှင်းလင်းခြောက်ကပ်လျက်ရှိသည်။
          ကြာသပတေးနေ့တွင် တိန်အန်မင်ရင်ပြင်၌ ကျင်းပမည့်အမျိုးသားနေ့ အခမ်းအနားတွင် အနည်းဆုံးလူတစ်သိန်းခန့်က ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံ၏ စစ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအာဏာများ ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ကြွေးကြော်သံများဖြင့် ဆင်နွှဲကြမည် ဖြစ်သည်။
          ပြည်တွင်းတွင် ထုတ်လုပ်သော နောက်ဆုံးပေါ် လက်နက်များပါဝင်သည့် နံနက်ခင်းစစ်ရေး ပြအစီအစဉ်ဖြင့် အခမ်းအနားကို စတင်မည်ဖြစ်ပြီး ယင်းအစီအစဉ်မှာ ကမ္ဘာက တရုတ်နိုင်ငံအား အလေးထားဂရုပြုလာစေရန် ရည်ရွယ်ပုံရကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။
နိုင်ငံ၏ လူနည်းစု လူမျိုးစုများနေထိုင်ရာ ဇင်ဂျီယမ်နှင့်တိဘက်ဒေသများတွင် မငြိမ်မသက်မှုများဖြစ်ပေါ်နေသည့်ကြားမှ အာဏာပိုင်များက မြို့တော်၏သမိုင်းတွင် အမြင့်ဆုံးသော လုံခြုံရေးတင်းကျပ်မှုအစီအမံများကို ယခုသီတင်းပါတ်တွင် ချမှတ်ခဲ့ပြီး ဗုဒ္ဓဟူးနေ့က စတင်၍ ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။
စစ်ရေးပြအစီအစဉ်ချီတက်ရာလမ်းကြောင်းဖြစ်သည့် အီတန်နယ်ပိစ် လမ်းမကြီး အပါအ၀င်အဓိကလမ်းမကြီးများ၊ မြို့လယ်ခေါင်ရပ်ကွက်များနှင့် မြေအောက်ရထားလမ်းများ အားလုံး ဗုဒ္ဓဟူးနေ့ညကပင် ရပ်ဆိုင်းထားလိုက်ပြီဖြစ်သည်။
ခြေလျင်ခရီးသွားများသည် စောစောအလုပ်သိမ်း၍ အိမ်ပြန်ကြရန်နှင့် သို့မဟုတ်ပါက ပြဿနာများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ယာဉ်ကြောလုံခြုံရေးတာဝန်ရှိသူများက ပြောကြားသည်။
တရုတ်နိုင်ငံသည် ၁၉၄၉ အောက်တိုဘာ (၁)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခဲ့သော တော်လှန်ရေးပါတီ ခေါင်းဆောင်မော်စီတုံးကို ဂုဏ်ပြုသောအားဖြင့် ၁၀နှစ်လျှင် ၁ကြိမ် ကြီးကြယ်သော အခမ်းအနားများ ကျင်းပလေ့ရှိသည်။
ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဇမ်ဇီဂျမ်က တရုတ်နိုင်ငံသည် မိမိ၏ အနာဂတ်အတွက် ကောင်းစွာယုံကြည်မှုရှိကြောင်း သတင်းထောက်များအား ပြောကြားလိုက်သည်။ ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့သည့် တရုတ်ထိပ်တန်းခေါင်းဆောင်များနှင့် နိုင်ငံခြားဧည့်သည်တော်များ တက်ရောက်ခဲ့ သည့် အနှစ် (၆၀)မြောက် ဧည့်ခံပွဲတွင် တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်က မိန့်ခွန်းပြောကြားရာ တွင် တရုတ်ပြည်၏ အနာဂါတ်တိုးတက်မှုများကို ကြိုတင်ထည့်သွင်းမိန့်ကြားခဲ့သည်။
“ကျွန်ုပ်တို့ နိုင်ငံ၏ နောက်အနှစ်(၄၀)တွင် ကျရောက်မည့် နှစ် (၁၀၀) ပြည့်ရောက်လျှင် တရုတ်နိုင်ငံဟာ ချမ်းသာကြွယ်ဝပြီး အင်အားတောင့်တင်းတဲ့ နိုင်ငံဖြစ်လာရုံမျှမက အရှေ့ဖျားဒေသကို လွှမ်းမိုးနိုင်မည့် ယဉ်ကျေးပြီး၊ ဒီမိုကရက်တစ်အစဉ်အလာနှင့် လိုက်လျော ညီထွေမှုရှိတဲ့ ဆိုရှယ်လစ်နိုင်ငံတစ်ခုဖြစ်လာမှာ” ဟု ပြောခဲ့သည်။ သို့သော် ယခုနှစ်တွင် အာဏာပိုင်များအနေဖြင့် အစွန်းရောက်လွန်းသောလုပ်ဆောင်မှုကြောင့် ပါတီထိခိုက်မှာကို စိုးရိမ် ပူပန်နေကြသည်။
ယခုနှစ်တွင် စွန်လွှတ်ခြင်း၊ ခိုလွှတ်ခြင်းများမရှိခဲ့ဘဲ၊ မော်စီတုန်း၏ ပုံထားရှိသော တီအာနမ် လွင်ပြင်တွင် ပိုးမွှားများနှိမ်နင်းရန်ကိုသာ လှုံဆော်ခဲ့သည်။
သူတောင်းစားများနှင့် အခြေအနေမဲ့များကို ရှင်းလင်းပြီး မြို့တော်အတွင်းရှိ စတိုးဆိုင်အချို့ တွင် ဓားမရောင်းရန် ယာယီပိတ်ပင်ခဲ့သည်။ လူ(၂)ဦးသေ၍ (၁၄)ဦး ဒဏ်ရာရရှိခဲ့သော တီအာနမ် လွင်ပြင် ဓားတိုးမှုဖြစ်ပြီးနောက် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ကြာသပပတေးနေ့တွင် ပြုလုပ်မည့် ပီကင်းမြို့သူမြို့သားအတွက် ရုပ်မြင်သံကြားပွဲတော် အတွက် လုံခြုံရေးအထူးချထားမည်ဖြစ်သည်။ ပီကင်းမြို့သူမြို့သားများ အောက်တိုဘာလ (၁)ရက်နေ့တွင် အပြင်မထွက်ဘဲ အခမ်းအနားကို ရုပ်မြင်သံကြားမှသာ ကြည့်ကြရန် ရဲတပ်ဖွဲ့နှင့် တရုတ်နေ့စဉ်သတင်းစာက ပြောကြားထားသည်။
တီအာနမ်လွင်ပြင်အနီးရှိ ဟိုတယ်ကြီးများက AFP သို့ ပြောကြားချက်အရ ဟိုတယ်များ တွင် နိုင်ငံခြားဧည့်သည်များကို လက်မခံရန် အစိုးရကအမိန့်ထုတ်ထားကြောင်း၊ အခမ်းအနားတွင် ကျင်းပရာလမ်းကြောင်းပေါ်ရှိ အိမ်များတွင်လည်း ပြူတင်းပေါက်များကို ပိတ်၍ လေသာဆောင်များ မှ ထွက်မကြည့်ရန် ညွှန်ကြားထားသည်။
စစ်လေယာဉ်များ သရုပ်ပြပျံသန်းရန်အတွက် ပီကင်းလေဆိပ်ကိုအခမ်းအနား ကျင်းပစဉ် (၃)နာရီခန့် ပိတ်ထားမည်ဖြစ်ပြီး၊ အဆိုပါလုပ်ရပ်ကြောင့် လေယာဉ်ခရီးစဉ်(၁၈၀)ခန့် ရပ်ဆိုင်းရပြီး၊ ခရီးစဉ်နောက်ကျမှုများ ကြာသပတေးနေ့တစ်လျှောက်လုံးဖြစ်နေပေမည်။
အစိုးရသတင်းဌာန၏ ထုတ်ပြန်ချက်အရ အခမ်းအနားတွင် မိုးရွာခြင်းမရှိအောင် လေယာဉ် များဖြင့် တိမ်များဖယ်ရှားရန် ဓာတုဆေးများ ပက်ဖြန်းမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment