Transparency Myanmar

transparency.myanmar@gmail.com

ဗထူးကွင်းသို့သတင်းသမားဝင်ရောက်ခွင့်မပြုသည့်ကိစ္စ ဦးဇော်ဇော်ငွေပေးနှုတ်ပိတ်


 eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။


မြန်မာနိုင်ငံ၏ဒုတိယမြို့တော်မန္တလေးမြို့တွင်ကျင်းပခဲ့သော ရန်ကုန်United အသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်တွင် ဘောလုံးအဖွဲ့ချုပ်မှ အကြီးတန်းအရာရှိတစ်ဦးက အခွင့် အာဏာကို အလွဲသုံးစားပြုကာ သတင်းသမားများကို သက်ဆိုင်ရာဝင်ပေါက်မှ ဝင်ခွင့်မပြုခဲ့သည့် သတင်းကို မီဒီယာများတွင် ရေးသားခြင်းမပြုရန် အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ကျပ်ငွေ လေးသိန်းပေးကာ သတင်းသမားများကို နှုတ်ပိတ်ခဲ့သည်။

          အထက်ပါ ပွဲစဉ်တွင် ကွင်းအတွင်းဝင်ရောက်သတင်းရယူရန် ကြိုးစားသူ ပြည်တွင်း အားကစားသတင်းထောက် ၂၀ ကျော်ကို ဘောလုံးအဖွဲ့ချုပ် ဦးဘန်နီတင်အောင်မှ မီဒီယာ ဝင်ပေါက်မှ ဝင်ရောက်ခွင့် မပြုဘဲ ရန်ကုန်အသင်းပရိသတ်ဝင်ပေါက်မှသာ ဝင်ရောက်ရန် ညွှန်ကြားခဲ့ခြင်းအပေါ် သတင်းသမားများက ကျေနပ်မှုမရှိဘဲ ဦးဇော်ဇော်ထံ တိုင်ကြားခဲ့ ကြောင်း ပြည်တွင်းအားကစားဂျာနယ်မှ သတင်းထောက်တစ်ဦးက ဆိုသည်။

          အထက်ပါကိစ္စနှင့်ပတ်သက်၍ ဦးဇော်ဇော်က ဦးဘန်နီတင်အောင်ကို အရေးယူ မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း မီဒီယာသမားများအနေဖြင့် ၎င်းတို့၏ သက်ဆိုင် ရာမီဒီယာများတွင် ရေးသားခြင်းမပြုရန် အထက်ပါငွေပေး၍ နှုတ်ပိတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

          " တစ်ယောက်ကို နှစ်သောင်းနီးနီးလောက်တော့ ရကြတယ်" ဟု ၎င်းက ပြောကြား ခဲ့သည်။

          အထက်ပါ ပွဲစဉ်တွင် တက်ရောက်သတင်းရယူရန်အတွက် ရန်ကုန်အသင်းပိုင်ရှင် ဦးတေဇက သတင်းသမားများကို ၎င်း ကုမ္ပဏီပိုင်လေယာဉ်ဖြင့် အခမဲ့လိုက်ပါခွင့် ပြုခဲ့သည်။

          ဦးဘန်နီတင်အောင်အနေဖြင့် မီဒီယာများကို မတောင်းပန်ပါက ရာထူးမှ ထုတ်ပယ် အပစ်ပေးမည်ဟု ဦးဇော်ဇော်က ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၆ရက်ထုတ် သစ္စာ ဂျာနယ်တွင်ဖော်ပြထားသည်။

          MNL ပြိုင်ပွဲများ အတွင်း သတင်းဝင်ရောက်ရယူရာတွင် လိုအပ်ချက်များကို အားကစားမီဒီယာများက မကြာခဏ ထုတ်ဖော်ရေးသားလေ့ရှိသော်လည်း  အထက်ပါ ကိစ္စနှင့်ပတ်သက်၍မူ ထုတ်ဖော်ရေးသားသော မီဒီယာအနည်းငယ်သာရှိကြောင်း အထက်ပါသတင်းထောက်က ပြောကြားသည်။

          MNL ပြိုင်ပွဲကို နိုင်ငံတကာအဆင့်မီ စည်းမျည်းစည်းကမ်းများအသုံးပြု၍ ကျင်းပနေ ခြင်းဖြစ်ကြောင်း ၂၀၀၅ ခုနှစ်တွင် ဥက္ကဌတာဝန်စတင်ရယူခဲ့သူ ဦးဇော်ဇော်က မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသည်။

0 comments:

Post a Comment