Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2010.googlegroups.com



Oct 8,09(AP)

မြန်မာအစိုးရ၏ ကိုးကန့်ဒေသ ထိုးစစ်အပြီး၌ ရွှေတြိဂံ အပါအဝင် ၎င်းဒေသများရှိ မူးယစ် ဆေးဝါးများမှာ "ဆိုင်ခါ" သည့် အခြေအနေသို့ ရောက်ရှိ သွားသည်။ ထိုင်း၊ လာအို၊ တရုတ် နယ်ခြား ဒေသရှိ လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော် အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာနိုင်ဖွယ် ရှိသည့် စိုးရိမ်ဖွယ်ရာ အခြေအနေများကြောင့် ဟုဆိုသည်။

မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်သူများသည် လက်နက်များဝယ်ယူရန်အတွက် ၎င်းတို့ သိုလှောင်ထားသည့် မူးယစ်ဆေးဝါး ဂိုထောင်များကို "ရုံခါ" ၍ ထိတ်လန့်စိုးရိမ်စွာ ရောင်းချငွေဖော်လျက် ရှိကြရာ ဈေးကွက်အတွင်း၌ ဟီးရိုးအင်းနှင့် မီသိုင်း အင်ဖက်တာမင်း ဆေးဝါးများ "လျှံ" တက်လာသည်ကို ထိုင်းမူးယစ်ဆေးနှိမ်နင်းရေး အရာရှိများက သတိထားမိကြခြင်း ဖြစ်ပါသည်။
ယခုအခါ အချို့မူးယစ်ဆေး ကုန်သည်များသည် နယ်ခြားဒေသ၌ အကြွေးဖြင့် ဝယ်ယူနေကြပြီး ငွေသားဖြင့် ပေးချေရန် မလိုအပ်ကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ မြောက်ပိုင်းဌာနခွဲမှ ညွှန်ကြားရေးမှူး Pornthep Eamprapai က ပြောကြားခဲ့သည်။
လက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှုများကြောင့် ယမန်နှစ် အောက်တိုဘာလမှ ဩဂုတ်လအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသော ၅၇ ကီလိုနှင့် နှိုင်းယှဉ်ပါက အဆ ၂၀ ကျော် မြင့်တက်လာကြောင်း၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန၏ သတင်းများအရ သိရှိရပါသည်။
နယ်စပ်အခြားတစ်ဖက်ရှိ မြန်မာနိုင်ငံအတွင်းက ဖမ်းဆီးရမိသော ဟီးရိုးအင်း ၇၂၅ ကီလို အပါအဝင် မူးယစ်ဆေးဝါးအများအပြား ယခု လကုန်ပိုင်းများအတွင်း ဖမ်းဆီးရမိကြောင်း မူးယစ်နှိမ်နင်းရေး အရာရှိများက ပြောကြားခဲ့ပါသည်။ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်တွင် သန်းပေါင်းများစွာသော မီသိုင်းအင်ဖက်တာမင်း ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရှိရပါသည်။
ယမန်နှစ်က ပြောပလောက်အောင် ဖမ်းဆီးရမိမှုများ မရှိပါဟု လာအိုအခြေစိုက် United Nations Office on Drugs and Crime ဌာနေကိုယ်စားလှယ် Leik Boonwaat က ပြောကြားခဲ့သည်။ "ဒီနှစ်ကတော့ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါဘူးဗျာ။ လုံးဝပါပဲ" ဟု ၎င်းက သုံးသပ်လိုက်ပါသည်။

0 comments:

Post a Comment