Transparency Myanmar

transparency.myanmar@gmail.com


yangonchronicle2010.googlegroups.com


မြန်မာနိုင်ငံ၏ သကြားဈေးနှုန်း ကမ္ဘာ့ဈေးနှုန်းအောက်ရောက်ရှိ

Oct 8,09(Bernama)

 

          နိုင်ငံတကာ သကြားဈေးကွက်တွင် နှစ်ပေါင်းနှစ်ဆယ်အတွင်း ဈေးနှုန်းများ အမြင့် ဆုံးသို့ရောက်ရှိသွားချိန်တွင် မြန်မာနိုင်ငံရှိ သကြားဈေးနှုန်းများ ကျဆင်းခဲ့ပြီး ဈေးကွက်ငြိမ် နေသည်ဟု သကြားထုတ်လုပ်သူများက အင်္ဂါနေ့က ပြောကြားခဲ့သည်။

          ကမ္ဘာ့ဈေးကွက်ရှိ သကြားဈေးနှုန်းများမှာ ပြီးခဲ့သော လကုန်ပိုင်းမှစ၍ တက်လာခဲ့ပြီး လက်ရှိအချိန်တွင် မက်ထရစ်တစ်တန်လျှင် ၆၁၈ ဒေါ်လာသို့ ခုန်တက်သွားခဲ့ခြင်းဖြစ် သည်။

          ပြည်တွင်းဈေးကွက်ရှိသကြားရောင်းဝယ်ရေးလုပ်ငန်းများမှာ သကြားဖြူတစ်ပိဿာ လျှင် ၁၀၀၀ ကျပ်နှင့် သကြားညို တစ်ပိဿာလျှင် ၉၀၀ ကျပ်သို့ အသီးသီး ဈေးနှုန်းကျ ဆင်းခဲ့ခြင်းကြောင့် စိတ်ပျက်အားလျော့မှုများနှင့် ကြုံတွေ့နေရကြောင်း ဆင်ဟွာသတင်း ဌာန သတင်းများအရ သိရသည်။

          ၂၀၀၆ နှစ်ကုန်ပိုင်းက သကြားအသစ်များ ဈေးကွက်အတွင်း ဝင်ရောက်လာမှုကြောင့် အလားတူအဖြစ်မျိုးဖြစ်ပွားခဲ့ပြီး ထိုစဉ်က သကြားတစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၇၀၀ ကျပ်သို့ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

          မြန်မာနိုင်ငံသည် ပြီးခဲ့သောမတ်လက ကုန်ဆုံးခဲ့သည့်၂၀၀၈-၂၀၀၀၉ ရာသီအ တွင်း သကြားမက်ထရစ်တန် သုံးသောင်းနီးပါးထုတ်လုပ်ခဲ့ပြီး ၎င်းအနက် မက်ထရစ်တန် ၈၇၀၀ ကို ပြည်ပသို့တင်ပို့ရောင်းချကာ အမေရိကန်ဒေါ်လာ ၃သန်းနီးပါးရရှိခဲ့ကြောင်း အစိုးရမှ တရားဝင်ထုတ်ပြန်သည့် စာရင်းဇယား များအရသိရသည်။

         



0 comments:

Post a Comment