Transparency Myanmar

transparency.myanmar@gmail.com

ကမ္ဘောဒီးယားနှင့် မြန်မာ စစ်ရေး ပူးပေါင်းဆောင်ရွက်မည်

 

Phnom Penh, Oct 11, Xinhua

 

       ကမ္ဘောဒီးယားနှင့် မြန်မာ နှစ်နိုင်ငံတပ်မတော်များအကြား ပိုမိုကျယ်ပြန့်စွာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ခိုင်မာတောင့်တင်းရေးတို့ကို အတူတကွလုပ်ဆောင်သွားကြမည်ဖြစ် ကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်သော ဖနွမ်းပင်သတင်းများမှ သိရသည်။

          ကမ္ဘောဒီးယား လက်နက်ကိုင်တပ်ဖွဲ့များ (RCAF) စစ်ဦးစီးချုပ် Pol Saroeun က အလည်အပတ်ရောက်ရှိနေသော မြန်မာနိုင်ငံမှ စစ်ဘက်ရေးရာ လုံခြုံရေးအကြီးအကဲ ဒုတိ ယဗိုလ်ချုပ်ကြီးရဲမြင့်အား ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ လမ်းညွှန်မှုအောက်တွင် ကမ္ဘောဒီးယားသည် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများနှင့် နယ်နမိတ်ခြင်းထိစပ်နေသော နယ်စပ်ဒေသများကို ငြိမ်းချမ်းသော၊ လုံခြုံသော၊ စိတ်ချရသော တိုးတက်ဖွံ့ဖြိုးသော ဒေသ များအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ရည်ရွယ်ထားပါကြောင်း ပြောကြားခဲ့ သည်ဟု ခမာဘာသာဖြင့် ထုတ်ဝေသော Raksmei Kampuchea သတင်းစာတွင်ဖော်ပြ ထားသည်။

          ၁၁ ရာစုနှစ် ပရီဗီဟာ ဘုရားကျောင်းအနီးတဝိုက်နယ်ခြားဒေသများတွင် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် နယ်စပ်အငြင်းပွားမှု ပြဿနာဖြစ်နေပါကြောင်း၊ ကမ္ဘောဒီးယားအနေနှင့် အိမ်နီးခြင်းနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အမြဲတမ်း လေးစားသည့် သဘောထားရှိပါကြောင်း ၊တချိန်တည်းမှာပင် မိမိ၏ နယ်မြေကိုလည်း တစ် မီလီမီတာမျှ အဆုံးရှုံးမခံချင်ပါကြောင်း စစ်ဦးစီးချုပ်ကပြောကြားခဲ့သည်။

          ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၏ ကမ္ဘောဒီးယားခရီးစဉ်မှာ နှစ်နိုင်ငံတပ်မတော်များအ ကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မြဲရန်နှင့် စစ်ဖက်ရေးရာကဏ္ဍများတွင် အတွေ့အကြုံဖ လှယ်ရန် ရည်ရွယ်လာရောက်ခဲ့ခြင်းဖြစ်သည်။

          ကမ္ဘောဒီးယားစစ်ဦးစီးချုပ် Pol Saroeun သည် မကြာမီ အချိန်တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်းသိရှိရပါသည်။

          ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့သည် အာဆီယံ(ASEAN) အဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်ပါသည်။

0 comments:

Post a Comment