Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2010.googlegroups.com

မွန်ပြည်သစ်ပါတီတွင်း ခွဲထွက်မှုများရှိ

Oct 7,09(By the ayeyarwaddy)

          မွန်ပြည်သစ်ပါတီ NMSP ၏ စစ်တပ်ဖြစ်သော Mon National Liberation Army (MNLA) မှ အဖွဲ့ဝင်၅၀ ခန့်သည် ပါတီမှ ပြီးခဲ့သည့် လများအတွင်းက ခွဲထွက်သွားခဲ့ကြောင်း ပါတီနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ လာသောသတင်းများအရ သိရသည်။
          အဆိုပါ ခွဲထွက်သွားသော မွန်စစ်သားများကို စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ပါတီ ခေါင်းဆောင်အချို့က ပံ့ပိုးကူညီလိမ့်မည်ဟု ယုံကြည်ရကြောင်း ပြောသည်။
          မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီမှ အဖွဲ့ဝင် ၅ဦးခန့်သည် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ ပါတီတွင်း ခေါင်းဆောင်များအကြား သဘောထား ကွဲလွဲမှုကြောင့် ပြီးခဲ့သည့်လ များအတွင်းက နှုတ်ထွက် သွားခဲ့ကြောင်း အဆိုပါသတင်းက ဆိုပါသည်။
          မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်က မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေး စာချုပ် လက်မှတ် ရေးထိုးခဲ့ပါသည်။ ထိုစဉ်ကတည်းကစပြီး စစ်သားအရေအတွက် လျော့နည်းလာခဲ့သည်။ယခင်က ပါတီတွင် စစ်သားအင်အား ၇၀၀ ခန့်ရှိပါသည်။
          စစ်အစိုးရက ၎င်းတို့လက်အောက်တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် ဖိအားပေးနေသော ငြိမ်းချမ်းရေး ယူထားသည့်အဖွဲ့ ၁၇ ဖွဲ့တွင် မွန်ပြည်သစ်ပါတီ သည် တစ်ခု အပါအဝင် ဖြစ်သည်။
          သြဂုတ်လ ၂၈ ရက်နေ့က မော်လမြိုင်မြို့တွင် ပြုလုပ်သည့် မွန်ပြည်နယ်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့် နယ်ခြားစောင့် တပ်ကိစ္စ ဆွေးနွေးစဉ်က တိုင်းမှူးက မွန်ခေါင်းဆောင်များကို ၎င်းတို့၏ အဖွဲ့ဝင်များအား သထုံနယ်ရှိ နိုင်ငံရေး လှုပ်ရှားမှုများတွင် မပါဝင်  ကြရန် အမိန့်ပေးခဲ့သည်။
          စစ်အစိုးရ၏ ၂၀၀၈ အခြေခံဥပဒေအရ ငြိမ်းချမ်းရေး ယူထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် မြန်မာအစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ရှိရမည်ဖြစ်သည်။

0 comments:

Post a Comment