Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2010

North Korea to send Nuclear Envoy to US

အမေရိကန်နိုင်ငံသို့ နျူဆိုင်ရာအထူးသံတမန် မြောက်ကိုရီးယား စေလွှတ်မည်

8th Oct, 09 (Reuters)

မြောက်ကိုရီးယား နျူကလီယာဆိုင်ရာ အဆင့်မြင့် အထူးသံတမန်တစ်ဦးသည် ယခုလတွင်း အမေရိကန်သို့ နှစ်နိုင်ငံ စေ့စပ်ဆွေးနွေးမှု ပြန်လည်စတင်ရန်အတွက် သွားရောက်ရန်ရှိကြောင်း တောင်ကိုရီးယား အသံလွှင့်ဌာနက သောကြာနေ့တွင် ပြောကြား ခဲ့ပါသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီး(Kim Jong-il) က ၎င်းတို့သည် အချက် () ချက်ပါ နျူကလီယာလက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲတွင် ပြန်လည်တက်ရောက်ရန် ဆန္ဒရှိကြောင်း၊ သို့သော် အမေရိကန်နိုင်ငံနှင့် အရင်ဆွေးနွေးလိုကြောင်း ပြောပါသည်။ ယခင်ဆွေးနွေးပွဲ ရပ်ဆိုင်းသွားပြီးနောက် () လအကြာတွင် ယခုကဲ့သို့ပြောကြားလာခြင်း ဖြစ်ပါသည်။

မြောက်ကိုရီးယားမှ ၎င်းတို့၏ ဒုတိယညှိနှိုင်းသူ Ri Gun ကို ရပ်ဆိုင်းခဲ့သော အချက်() ချက်ပါ နျူကလီယာ ဆွေးနွေးပွဲကိစ္စအတွက် စေလွှတ်မည် ဖြစ်ပြီး၊ အမေရိကန်တို့ကလည်း အပြန်အလှန်အားဖြင့် ပြုံးယမ်းသို့ အထူးသံတမန်စေလွှတ်မည်ဟု မျှော်လင့်ကြောင်း သံတမန်အသိုင်းအဝန်း၏ ပြောကြားချက်ကို YTN ရုပ်မြင်သံကြားမှ ကိုးကားပြောကြားသွားပါသည်။

ညွှန်ကြားရေးမှူးချုပ် Ri Gun ၏ အမေရိကန်နိုင်ငံ ခရီးစဉ်မှာ စာတမ်းဖတ်ပွဲတက်ရောက်မည် အသွင်ယူထားကြောင်း ပြောပါသည်။ Ri သည် အမေရိကန်နိုင်ငံသို့ ကိုရီးယားနှစ်နိုင်ငံ၊ တရုတ်၊ ဂျပန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့၏ ရပ်ဆိုင်းသွားသော ဆွေးနွေးပွဲ ပြန်လည်ပြုလုပ်အောင် တွန်းအားပေးရန် ကိစ္စအတွက် ယခင်က သွားရောက်ခဲ့ဖူးပြီး ဖြစ်ပါသည်။

အမေရိကန်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် သံတမန်အဆက်အသွယ် မရှိသောကြောင့် အလားတူ ခရီးစဉ်မျိုးမှာ မရှိသလောက်ပင် ဖြစ်သည်။

ကုလသမဂ္ဂက မြောက်ကိုရီးယားကို နျူကလီးယားအစီအစဉ်နှင့် ဒုံးကျည်စမ်းသပ်မှုအပေါ် အရေးယူခြင်းကို မကျေနပ်သောကြောင့် သူ၏ အသုံးပြုပြီးသော နျူကလီးယားလောင်စာဆီမှ ပလူတိုနီယံ ထုတ်လုပ်မှုကို ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့ပါသည်။

 

 



0 comments:

Post a Comment