Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2010.googlegroups.com



Bangladesh to take maritime dispute to UN tribunal

South Asia News

Oct 8th, 2009

ဘင်္ဂလားဒေ(့ရှ်) က ရေပြင်ပိုင်နက် အငြင်းပွားမှုကို ကုလသမဂ္ဂသို့ တင်ပြမည်

ဘင်္ဂလားဒေ့ရှ် အစိုးရသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံတို့နှင့် ဖြစ်ပွားနေသော ရေပြင်ပိုင်နက်အငြင်းပွားမှုနှင့် ပတ်သက်၍ သမာသမတ်ကျသော ဆုံးဖြတ်ချက်ရရှိရေးအတွက် ကုလသမဂ္ဂ တရားစီရင်ရေးခုံရုံး (UN Tribunal) သို့ တင်ပြရန် ကြာသပတေးနေ့က ဆုံးဖြတ်လိုက်ကြောင်း ဝန်ကြီးက ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီး Dipu Moni က သတင်းထောက်များအား ပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ၁၉၈၂ ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေညီလာခံမှ ချမှတ်ခဲ့သော စည်းကမ်းဥပဒေများကို လိုက်နာသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဘင်္ဂဘားပင်လယ်အော်ရှိ ရေပြင်ပိုင်နက် အငြင်းပွားမှုကို ဖြေရှင်းရန် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်နေစေကာမူ တရားမျှတသော သဘောတူညီမှု ရရှိရေးအတွက် ဆက်လက်ကြိုးစားသွားမည်ဟု ဝန်ကြီးက ပြောကြားသည်။

အကယ်၍ ယခုစေ့စပ်ဆွေးနွေးမှုများ မအောင်မြင်ပါက ၎င်းတို့၏ ရေပြင်ပိုင်နက်ကို ခွဲခြားသတ်မှတ်ပေးမည့် တရားဝင် နောက်ဆုံးသဘောတူ ဆုံးဖြတ်ချက်အား လာမည့် လေးနှစ်မှ ငါးနှစ်အတွင်း ရရှိရေးကို စဉ်းစားရွေးချယ်သွားမည်ဟု ဆိုသည်။ "ဒက်ကား" အနေဖြင့် အထက်ပါ နည်းလမ်းကို ရွေးချယ်ရမည်ဆိုပါက ၃၅ နှစ်ခန့် အဖြေမပေါ်ဘဲ စခန်းသွားခဲ့ရသော ယခု စေ့စပ်အဆိုပြုမှုများပေါ်တွင် ရပ်တည်မှုကို ငြင်းဆန်မည်ဟုလည်း ဖော်ပြထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးအတွက် ကမ်းလွန်ရေနံ လုပ်ကွက် ၃ ခု ၎င်းရေပြင်ပိုင်နက်တွင် သတ်မှတ်ရေးနှင့် ပတ်သက်ပြီး အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ စောဒကတက်မှုနှင့်အတူ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina Wazed က ပင်လယ်အော်တွင် ရေနံနှင့် ဟိုက်ဒရိုကာဗွန်များ ရှာဖွေရေး ဆက်လက်ကြိုးပမ်းသွားရန် အခိုင်အမာ ဆုံးဖြတ်လိုက်ပြီးနောက် ယင်းကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုဆုံးဖြတ်ချက်သည် အိမ်နီးချင်းနိုင်ငံများနှင့် အငြင်းပွားမှု အပါအဝင် အခြေအနေများကို ချက်ချင်းတည်ငြိမ် အေးချမ်းသွားစေမည် ဖြစ်ပြီး ပင်လယ်ပြင်ရှိ သဘာဝသယံဇာတများ အပေါ်တွင် မိမိတို့၏ အချုပ်အခြာပိုင် ရပိုင်ခွင့် အခွင့်အရေးများမှာ မျှော်လင့်ချက်များဖြင့် ပြည့်လျှမ်းနေကာ ကြွယ်ဝချမ်းသာသော သမိုင်းတခေတ်ဆီသို့ လှမ်းတက်ရှေ့ဆက်သွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုများကို ဘင်္ဂလားဒေ့ရှ် ပြည်သူများ၏ ကောင်းကျိုးများ အလို့ငှာ သုံးစွဲသွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အထက်ပါ ၃ နိုင်ငံစလုံးသည် ရေပင်လယ်ပြင်ဆိုင်ရာ ဥပဒေညီလာခံ၏ အဖွဲ့ဝင်များဖြစ်ပြီး ခုံသမာဓိအဖွဲ့၏ နောက်ဆုံးသတ်မှတ်ချက်ကို လက်ခံသဘောတူရန် တာဝန်ရှိပါသည်။

ပင်လယ်အော်ရေပိုင်နက်ရှိ ကမ်းလွန်ရေနံ လုပ်ကွက် ၃ ခုနှင့် ပတ်သက်ပြီး မိမိတို့ ၃ နိုင်ငံအကြား သဘောကွဲလွဲမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဌာန အတွင်းဝန် Mohamed Mijarul Quayes က စောစောပိုင်းက ပြောကြားခဲ့ပါသည်။

အငြင်းပွားမှုများ ဆက်လက်ရှိနေစေကာမူ ၎င်းရေနံလုပ်ကွက် ၃ ခုတွင် ဟိုက်ဒရိုကာဗွန် ရှာဖွေလုပ်ကိုင်ခွင့်ကို အမေရိကန်အင်အားကြီး Conoco Phillips ရေနံကုမ္ပဏီနှင့် အိုင်ယာလန် Tallow Oil ရေနံကုမ္ပဏီတို့အား ပေးအပ်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရက ဆုံးဖြတ်ထားပြီး ၎င်းကုမ္ပဏီများနှင့် နောက်ဆုံးသဘောတူညီချက်များ ရရှိရန် ဆွေးနွေးလျက် ရှိကြောင်း သိရှိရပါသည်။

 




0 comments:

Post a Comment