Transparency Myanmar

transparency.myanmar@gmail.com

AP, 29 Nov 2009

          မော်စကို-စိန်ပီတာစဘတ် အမြန်ရထားလမ်းပေါ်တွင် ပြည်တွင်းလုပ် ဗုံးတစ်လုံး ပေါက်ကွဲခဲ့သောကြောင့် ရထားခရီးစဉ်များ ပြတ်ထောက်သွားခဲ့ပြီး လူ၂၆ ဦး သေဆုံးကာ ဒါဇင်နှင့် ချီ၍ ထိခိုက်ဒဏ်ရာ ရခဲ့သောကြောင့် အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရုရှားအာဏာပိုင်များ က ယမန်နေ့တွင် ပြောကြားခဲ့ပါသည်။

          သောကြာနေ့ည ၉ နာရီခွဲခန့်က ရထားခုတ်မောင်း ဖြတ်သန်းစဉ် ပေါက်ကွဲခဲ့သော လက်လုပ်ဗုံးသည် တီအမ်တီ ယမ်းအား ၁၅ ပေါင်နှင့် ညီမျှပြီး အခင်းဖြစ်ပွားရာ နေရာမှ ၎င်းဗုံး အစအနများ သိမ်းဆည်း ရရှိခဲ့သည်ဟု ပြည်ထောင်စု လုံခြုံရေးဌာန အကြီးအကဲ Alaxander Borotnikor က ပြောကြား ပါသည်။

          အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ဖြစ်သည်ဟု လုံခြုံရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Vladimir Markin က ပြောကြားခဲ့ပြီး ရထားလမ်းပေါ်ရှိ ဗုံးကျင်းမှာ ၅ ပေ အနက်ရှိသည်ဟု ၎င်းက ITAR-TASS News Aqency သို့ ပြောကြားပါသည်။

          အစိုးရအာဏာပိုင်များနှင့် စီးပွားရေး လုပ်ငန်းရှင်အတွက် လူကြိုက်များစေခဲ့သော အဆင့်မြင့် ရထားလမ်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းသည် အခင်းဖြစ်ပွားရာ မြောက်ပိုင်း ကော့ကေးဆပ်ဒေသ၏ ပြင်ပတွင် ယခုနှစ်များအတွင်း သေပျောက်မှု အများဆုံး အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။  ယခု ရထားလမ်း ပေါက်ကွဲမှုအားကြောင့် အဆိုပါ နေရာရှိ ကားများစွာ ပျက်စီးသွားခဲ့ပြီး ဒဏ်ရာရ ခရီးသည် အချို့လည်း ပျက်စီးသွားသော ရထားတွဲများအတွင်း နာရီအတန်ကြာ ပိတ်မိနေခဲ့ကာ ခရီဆောင်အိတ်များ၊ သတ္တုအပိုင်းအစများ ပြန့်ကျဲလျက် ရှိသည်ဟု သိရှိရပါသည်။ ဒဏ်ရာရသူများအနက် အခြေအနေ မသိရသေးသူ ၁၈ ဦး ရှိသည်ဟု ဆိုပါသည်။ ဒုတိယမြောက် ဗုံးတစ်လုံးကို ယမန်နေ့က ဖယ်ရှား ရှင်းလင်းနိုင်ခဲ့သည်ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment