Transparency Myanmar

transparency.myanmar@gmail.com

Calvin Woodward, From AP 29 Nov 2009

          အိုစမာ ဘင်လာဒင် (Osama Bin Laden) သည် Tora Bora တောင်များ ကြားတွင် အမေရိကန်တပ်ဖွဲ့များ၏ လက်တစ်ကမ်း အကွာတွင်သာ ရှိနေခဲ့သည်မှာ အမှန်ဖြစ်ကြောင်း ဆီးနိတ် အစီရင်ခံစာက ပြောပါသည်။ သို့သော် အမေရိကန် စစ်တပ်ခေါင်းဆောင်များသည် ၎င်းအား အင်အားကြီးမားစွာ သုံးပြီး ရှင်းလင်းခြင်း မပြုရန် အရေးကြီး၍ တန်ဖိုးကြီးမားစွာ ပေးဆပ်ရမည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါသည်။

          ၂၀၀၁ ခုနှစ် ဒီဇင်ဘာလက Bin Laden ကို အလွယ်တကူ ဖမ်းဆီး၍ သော်လည်းကောင်း သတ်ပစ်၍ သော်လည်းကောင်း အခွင့်အရေးရခဲ့စဉ်က မပြုလုပ်နိုင်ခဲ့သည့် အကျိုးဆက်သည် ယနေ့ များစွာ ပေးဆပ်နေပြီ ဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာက စွပ်စွဲလိုက်ပါသည်။ Bin Laden ၏ လွတ်မြောက်မှုသည် ယနေ့ အာဖဂန် နစ္စတန် ၏ သူပုန်ထမှုအား ပြန်လည် သန်စွမ်းအောင် လုပ်ပေးသလို ဖြစ်သည့်အပြင်၊ ပါကစ္စတန် ပြည်တွင်းရေး ပြဿနာများကို ပိုမို တောက်လောင်စေရန် လုပ်ပေးခဲ့ ကြောင်း ဆီးနိတ် အစီရင်ခံစာက ဆိုပါသည်။

          ဒီမိုကရက် အများစုပါဝင်သော ဆီးနိတ် နိုင်ငံခြား ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဆီနိတ်တာ John Kerry ၏ တောင်းဆိုချက်အရ အဆိုပါ အစီရင်ခံစာကို ရေးသားခဲ့ခြင်း ဖြစ်ပြီး သမ္မတ Obama ကလည်း အဖဂန်နစ္စတန်တွင် အမေရိကန်တပ်ဖွဲ့များ တိုးမြှင့်ချထားရန် ပြင်ဆင်လျက် ရှိပါသည်။

          ၂၀၁၀ ခုနှစ်စက်တင်ဘာ ၁၁ ရက်အကြမ်းဖက် တိုက်ခိုက်မှုအပြီး သုံးလအကြာတွင် အယ်လ်ကေဒါ ခေါင်းဆောင်နှင့် သူ၏ ထိပ်တန်း လက်ထောက်များသည် အာဖဂန်နစ္စတန် အရှေ့ဖက် တောင်များကြားတွင် ပိတ်မိနေစဉ်က အခွင့်အရေး လက်လွတ်သွားခဲ့ရမှုအပေါ် Bush အစိုးရအား Kerry က ပြစ်တင် ဝေဖန်လိုက်ပါသည်။

          ရှစ်နှစ်သာ သက်တမ်းရှိသေးသော စစ်ဆင်ရေးအတွက်  သုံးသပ်ရန် အကန့်အသတ်များ ရှိသော်လည်း၊ ယခု အစီရင်ခံစာသည် အာဖဂန်နစ္စတန်တွင် တပ်ဖွဲ့များ ပိုမို တိုးချဲ့ရန် ငြင်းဆန်နေသူများအား သတိပေးလိုက်သကဲ့သို့ ဖြစ်ပါသည်။

          ပိုမို၍ တိတိကျကျ ပြောရလျှင် စစ်တပ်ခေါင်းဆောင်များအပေါ် ယနေ့စစ်ပွဲ အခြေအနေများနှင့် ပတ်သက်၍ ပြစ်တင်မှုများကို ပြန်လည် ချေပလိုက်သည့် အစီရင်ခံစာ ဖြစ်ပါသည်။ စစ်တပ်ခေါင်းဆောင် များမှာ Bush အစိုးရ လက်ထက်က ကာကွယ်ရေးဝန်ကြီး Rumsfeld နှင့် ၎င်း၏ စစ်ဦးစီးချုပ် Tommy Franks တို့ ဖြစ်ကြပါသည်။

          လွန်ခဲ့သော ရှစ်နှစ်က အယ်ကေဒါခေါင်းဆောင်ကို ဖယ်ရှားနိုင်ခဲ့မည် ဆိုလျှင်တောင် ကမ္ဘာအနှံ အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကို အပြီးတိုင် ရှင်းလင်းနိုင်မည် မဟုတ်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ဤသို့ Bil Laden ကို ပါကစ္စတန်သို့ လွတ်မြောက်သွားအောင် လမ်းဖွင့်ပေးလိုက်ခြင်းသည် အားကောင်းသော ဇာတ်ကောင်တစ်ခု ပေါ်လာပြီး အကြမ်းဖက်ရာတွင် သုံးရန် ငွေများ ပိုမို စီးဝင်လာစေပြီး၊ တစ်ကမ္ဘာလုံးရှိ ဘာသာရေးနှင့် နိုင်ငံရေး အစွန်းရောက်များကို အားပေးအားမြှောက် ပြုလိုက်သလို ရှိကြောင်း ဆိုပါသည်။ အဆိုပါ အခွင့်ကောင်းကို လက်လွှတ်ခဲ့ရမှုသည် အာဖဂန်နစ္စတန်၏ ပဋိပက္ခများ နှင့် နိုင်ငံတကာ အကြမ်းဖက်ဝါဒများ၏ အနာဂတ်ကို ပြောင်းလဲပေးလိုက်သလို ဖြစ်ပါသည်။

          အစီရင်ခံစာတွင် အသေအချာ ပြောထားသော ကိစ္စတစ်ရပ်မှာ အမေရိကန်တို့သည် အနည်းဆုံး ထောင်ဂဏန်းရှိ တပ်ဖွဲ့များနှင့် လျင်မြန်သော ချေမှုန်းမှုများ ပြုလုပ်ရန် စီစဉ်ခဲ့စဉ်က Bin laden သည် Tora Bora တွင် ပုန်းအောင်းနေခဲ့သည်ဟု ဆိုထားခြင်း ဖြစ်ပါသည်။ လက်ရှိနေသော စာများ၊ အတန်းအစား ခွဲမထားသော အစိုးရ မှတ်တမ်းများနှင့် အဓိက ပါဝင်သူများနှင့် အင်တာဗျူးများကို ကြည့်ခြင်းအားဖြင့် သံသယများကို ဖယ်ရှားနိုင်ပြီး ရှင်းရှင်းလင်းလင်း သိရှိရသည်မှာ Osama Bin Laden သည် မိမိတို့နှင့် လက်တစ်ကမ်း Tora Bora တွင် ရှိနေခဲ့ဖူးကြောင်းပင် ဖြစ်ပါသည်။

          ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်ခန့်က Bin Laden သည် သူ၏ ကိုယ်ရံတော်များဖြင့် Tora Bora မှ မည်သည့် တိုက်ခိုက်မှုမျှ မခံရဘဲ လမ်းလျှောက်ထွက်လာပြီး ပါကစ္စတန်၏ အစိုးရဥပဒေ မစိုးမိုးသော လူမျိုးစုများ နေထိုင်ရာ ဧရိယာအတွင်း ဝင်ရောက် ပျောက်ကွယ်သွားခဲ့ပါသည်။ အစီရင်ခံစာအရ ယနေ့တိုင် ဤဒေသတွင် အခြေချလျက် ရှိသည်ဟု ယူဆရကြောင်း သိရှိရပါသည်။

          အင်အားသုံးပြီး တိုက်ခိုက်ရမည့်အစား၊ အင်အားတစ်ရာပင် မရှိသော အမေရိကန် ကွန်မန်ဒိုများသည် အာဖဂန် စစ်သွေးကြွများနှင့် ပေါင်းပြီး၊ လေကြောင်း တိုက်ခိုက်မှုအကူအညီဖြင့် ဖမ်းဆီးရန် ကြိုးစားခဲ့ခြင်း ဖြစ်ပါသည်။ အင်အား ကြီးမားသော အမေရိကန် စစ်တပ်ကြီးကို ဘေးဖယ်ထားခဲ့ကြသည် ဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          ထိုအချိန်က Rumsfeld က ၎င်း၏ စိုးရိမ်မှုကို ဖော်ပြရာတွင် အမေရိကန် တပ်ဖွဲ့အမြောက်အများ ပို့လိုက်ပါက အများ၏ အကြီးအကျယ် ဝေဖန်မှုကို ခံရနိုင်ပြီး၊ Bin Laden ၏ နေရာမှာလည်း အတိအကျ ပြောနိုင်ခဲ့သည် မဟုတ်ကြောင်း ၎င်းက ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment