Transparency Myanmar

transparency.myanmar@gmail.com

Xinhua News, 29 Nov 2009

          တရုတ်ပြည်မကြီးက မြန်မာနိုင်ငံတွင် ဖမ်းဆီးထားသော ထိုင်ဝမ် တံငါသည် ၄ ဦး၏ အမည်စာရင်းကို Taiwan Strait Exchange Foundation (SEF) သို့ ကြာသပတေးနေ့က လွှဲပြောင်း ပေးခဲ့သည်ဟု ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

          Taiwan Affairs Office of the State Council မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားရာတွင် တနင်္လာနေ့က ဖမ်းဆီးမှုနှင့် ပတ်သက်သော အစီရင်ခံစာကို ကြားသိပြီးနောက် တရုတ်ပြည်မကြီးက မြန်မာအာဏာပိုင်များကို ချက်ခြင်း ဆက်သွယ်ခဲ့သည်ဟု ဆိုပါသည်။

          ယခု ကိစ္စကို သင့်လျှော် မှန်ကန်စွာ ကိုင်တွယ်ရန်နှင့် တံငါလုပ်သားများ၏ ဥပဒေဆိုင်ရာ ရပိုင်ခွင့်နှင့် လုံခြုံမှုကို ထိန်းသိမ်းရန် ပြည်မကြီးက မြန်မာအာဏာပိုင်များကို တိုက်တွန်းခဲ့သည် ဟုလည်း သိရှိရပါသည်။

          ဖမ်းဆီးခံ တံငါလုပ်သားများ၏ စာရင်းကို မြန်မာနိုင်ငံက တရုတ်ပြည်မကြီးသို့ ကြာသပတေးနေ့က ပေးပို့ခဲ့ပြီး သက်ဆိုင်ရာ တရုတ်အစိုးရဌာနက ပြည်မအခြေစိုက် Association for Relations across the Taiwan Strait (ARATS) မှတစ်ဆင့် Tawan SEF သို့ လွှဲပြောင်း ပေးခဲ့ပါသည်။

          ယခုကိစ္စကို ဆောလျှင်စွာ ဖြေရှင်းနိုင်ရေးအတွက် ပိုမို ကြိုးစားသွားမည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment