Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy ,2 Dec 2009

          မကြာမီ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုဘယ်ဆုရ စီးပွားရေးပညာရှင် ဂျိုးစတစ်ဂလစ်၏ ခရီး စဉ် သတင်းများသည် မြန်မာနှင့် ပြည်ပစီးပွားရေးပညာရှင်များအကြား မျှော်လင့်ချက်နှင့် သံသယကို ရောထွေးဖြစ်ပေါ်စေပါသည်။ စီးပွားရေးပညာရှင်များစွာက မြန်မာအစိုးရသည် စတစ်ဂလစ်၏စကား ကို သေချာဂရုတ်စိုက်နားထောင်သင့်ပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အမြန်ဆုံးဆောင်ရွက်သင့် သည်ဟု ပြောကြားပါသည်။

          ကမ္ဘာ့ဘဏ်စီးပွားရေးပညာရှင် အဖွဲ့ခေါင်းဆောင်ဟောင်း စတစ်ဂလစ်သည် ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အဖြစ် ယခုလကုန်တွင် လာရောက်မည်ဟု ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂ ကော်မရှင် ဌာနမှူး နိုလင်းဟေဇာ၏ ပြောကြားမှုကို Inter Press Service News agany က ဖော်ပြပါ သည်။

          IMF မူဝါဒ ဆန်းစစ်ရေးပညာရှင် စတစ်ဂလစ်သည် ဖွဲ့ဖြိုးဆဲနိုင်ငံများကို ကူညီနေသည့် ဥာဏ် ကြီးရှင် အဖွဲ့ Initiative for Policy Dialogue ကို တည်ထောင်သူ တစ်ဦးလည်း ဖြစ်ပါသည်။ ၎င်း၏ ခရီးစဉ်တွင် လယ်ယာစိုက်ပျိုးရေး ဝန်ကြီး ဗိုလ်ချုပ်ဌေးဦး အမျိုးသား စီးပွားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးစိုးသာ တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး ကျေးလက်စီးပွားရေးကဏ္ဍ တိုးတက်လာစေရန် ရည်ရွယ်သည်ဟု News agency က ပြောပါသည်။

          လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေမှာ ဒုတိယကမ္ဘာစစ်ပြီး ကာလကထက် ပိုမိုဆိုးဝါးနေပါ သည်။ ၂၀၀၈ မေလတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို နာဂစ်ဆိုင်ကလုံး ဖျက်ဆီးမှု မတိုင်မှီကပင် လျှင် ကျေးလက်စီးပွားရေး (လယ်ယာကဏ္ဍ) မှာ ဆိုးဝါးစွာ ထိခိုက်နေခဲ့ပြီးဖြစ်သည်ဟု မြန်မာ့စီးပွားရေး ဆိုင်ရာ သြစတြေးလျ ကျွမ်းကျင်သူ ရှောင်တန်နယ်က ဧရာဝတီသို့ ယခုအပတ်၍ ပြောကြားပါသည်။

          ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေး အထောက်အကူပစ္စည်းများဝယ်ယူရန် လယ်သမားများကို ချေး ငွေထောက်ပံ့သည့် စနစ်သည် လုံးဝနီးပါး ပျက်သုန်းနေပါသည်။ ရင်းနှီးငွေ အကျပ်အတည်းကြောင့် လယ်ယာထွက်ကုန် ရလဒ်များမှာ ကျဆင်းလာခဲ့သည်ဟု ရှောင်တန်နယ်က ဆိုပါသည်။ အလွန်ကြီး မားတဲ့ ပြဿနာပါဟု ၎င်းကဖြည့်စွက်ပါသည်။

          စီအိုင်အေ အချက်အလက်စာရင်းများအရ မြန်မာလူဦးရေ၏ ၆၇ % သည် ကျေးလက်ဒေသ ကျေးလက်ဒေသတွင် နေထိုင်လျက်ရှိပြီး ၃၂.၇% မှာဆင်းရဲမွဲတေမှုထက် ပိုမိုနိမ့်ကျသည့်အခြေအနေ တွင် အသက်ရှင်နေရသည်ဟု သိရပါသည်။

          ဂျိုးဇက်စတစ်ကလစ် ပထမဦးစွာ အရေးတကြီးပါဝင်ဆောင်ရွက် မည့်ကိစ္စမှာ ကျေးလက်စိုက် ပျိုးရေး ချေးငွေစနစ်ဖြစ်ပြီး ၎င်းသည် ဤကိစ္စတွင် အထူးကျွမ်းကျင်သည်၊ သို့ဖြစ်၍ ၎င်း၏ စကားကို မြန်မာအစိုးရက နားထောင်ရန် အလွန်အရေးသည်ဟု ရှောင်တန်နယ်က မှတ်ချက်ပေးပါသည်။

          စတစ်ဂလစ်၏ ခရီးစဉ်တွင် မြန်မာနိုင်ငံအပူပိုင်းခြောက်သွေ့ဇုံလေ့လာရေးခရီးလည်း ပါဝင်မည်ဖြစ်၍ နေပြည်တောင်တွင် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် စီးပွားရေး မူဝါဒနှင့်ဆုံး ဖြတ်ချက်များ ချမှတ်ခြင်း ခေါင်းစဉ်ဖြင့် ဟောပြောပို့ချဦးမည်ဖြစ်သည်။

          မြန်မာနိုင်ငံတွင် နိုင်ငံရေး တိုးတက် ပြောင်းလဲမှုများ မရှိဘဲ စီပွားရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ချေရှိသည်ဆိုသော အချက်ကို အချို့စီးပွားရေး ပညာရှင်များက သံသယရှိနေပါသည်။

          နိုင်ငံရေး အာမံချက်ရှိမှသာလျှင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်၍ ရနိုင်မည်ဟု ရန်ကုန်မှ မြန်မာစီးပွားရေး ပညာရှင် ဦးခင်မောင်ညိုက ပြောကြားပါသည်။ ငွေကြေးဖောင်းပွမှု လျော့ချနိုင်ရန်နှင့် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန်အတွက် စီးပွားရေး အဆောက်အဦ တစ်ခုလုံးကို အသွင်ပြောင်း ပစ်ရ မည်ဟုလည်း ဆိုပါသည်။

          ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များလာရောက်လေ့လာသော် လည်း အစိုးရတွင် စစ်မှန်သော ပြုပြင်ပြောင်းလဲရေး ဆန္ဒရှိမှသာလျှင် အမှန်တကယ်တိုးတက်လာနိုင် မည်ဟု ၎င်းက သုံးသပ်ပါသည်။

          စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အမှန်အကန်ပြုလုပ်ရန် အကြံပေးနေသော စတစ်ကလစ်ကဲ့ သို့နာမည်ကြီး စီးပွားရေးပညာရှင်အား မြန်မာအစိုးရက လိုလိုလားလား တွေ့ဆုံမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ရှောင်တန်နယ်က "ယခုအချိန်အထိ သေချာစွာမပြောနိုင်သေးကြောင်း သို့သော် စီးပွား ရေး မူဝါဒအသစ် ချမှတ်ဆောင်ရွက်လိုသူများ အစိုးရအဖွဲ့တွင် ရှိနေနိုင်သည်"ဟု ပြောကြားပါသည်။

          စစ်အသုံးစရိတ် ဖြတ်တောက်ခြင်း၊ ပညာရေးနှင့် အခြေခံအဆောက်အဦ ကဏ္ဍများတွင် ငွေကြေး ရန်ပုံငွေပို၍ အသုံးပြုခြင်းနှင့် တရားဝင် ငွေလဲလှယ်မှုစနစ်သို့ ပြောင်းလဲခြင်းစသည့် အရေးပေါ် ဆောင်ရွက်စရာ ကိစ္စများကို မြန်မာအစိုးရက စတင်ပြုလုပ်နိုင်သည်ဟု ရှောင်တန်နယ်က ပြောကြားပါ သည်။

          ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီနှင့် မြန်မာအစိုးရ ခေါင်းဆောင်များ၏ တွေ့ဆုံမှုတွင် ပြည်ပအခြေစိုက် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ကော်မရှင် ထူထောင်ဖွဲ့စည်းရန် ကိစ္စကို မြန်မာအစိုးရက မူအားဖြင့် သဘောတူခဲ့ပါသည်။ သို့ရာတွင် မြန်မာတပ်မတော် အစိုးရသည် ပြည်တွင်းရှိ ကြောက်မက်ဖွယ် ဆိုးဝါးနေသော စီးပွားရေး အခြေအနေ များကို တိုးတက်လာစေရန် မည်သည့် ဆောင်ရွက်မှုမှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းမရှိပါ။

          အခြားနာမည်ကြီး စီးပွားရေ ပညာရှင်တစ်ဦးဖြစ်သာ ဂျက်ဖရီဆက်မြန်မာနိုင်ငံသို့ ၂၀၀၄ ခုနှစ်က လာရောက်ခဲ့ဘူးသော်လည်း အဆိုပါခရီးစဉ်နှင့်ပတ်သက်သည့် အသေးစိတ်ကို တစ်ခါမှ ထုတ်ပြန်ဘူးခြင်းမရှိပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment