Transparency Myanmar

transparency.myanmar@gmail.com

monstersandcritics.com, 11th February 2010

          မြန်မာ အစိုးရက နိုင်ငံကာ ရုပ်သံလိုင်းသစ် တစ်ခုကို လာမည့်လတွင် လွှင့်ထုတ်ရန် စီစဉ်နေသည်ဟု ကြာသပတေးနေ့ သတင်းများအရ သိရသည်။

          အင်္ဂလိပ်ဘာသာ ရုပ်သံလိုင်းသစ် Myanmar International ကို လာမည့် တပ်မတော်နေ့ မတ်လ ၂၇ ရက်တွင် စတင် ထုတ်လွှင့်ရန် စီစဉ်နေသည်ဟု အမည်မဖော်လိုသူ ပြန်ကြားရေး ဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားသည်။

          ရုပ်သံ လိုင်းသစ်၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ စစ်မှန်သော ဖွံ့ဖြိုးမှုများ၊ တိုးတက်မှု၊ အလှအပ၊ သဘာဝနှင့် မြန်မာနိုင်ငံ၏ လက်ရှိ အောင်မြင်နေသော အခြေအနေများကို နိုင်ငံတကာ အသိုင်းအဝန်းက သိရှိစေရန် ဖြစ်ပြီး ပြည်ပရောက် မြန်မာများ အိမ်လွမ်းစိတ် ပြေစေရန် ဖြစ်သည်ဟု နိုင်ငံပိုင် သတင်းစာ New light of Myanmar က ဆိုသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပြည်တွင်း မီဒီယာများကို အချုပ်ချယ်ဆုံး နိုင်ငံတစ်ခု ဖြစ်သည်။ နိုင်ငံခြားသားများကို သတင်းထောက် ဗီဇာ ထုတ်ပေးခြင်းမှာလည်း ရှားပါးလှသည်။

          ပြည်တွင်း သတင်းစာများမှာ နိုင်ငံပိုင် လုပ်ငန်းများသာ ဖြစ်ပြီး ကျန်သတင်း ဂျာနယ်များ မှာလည်း အစိုးရ၏ တင်းကျပ်လွန်းသော စာပေစိစစ်ရေး မူဝါဒအောက်တွင် ပိပြားလျက် ရှိပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment