Transparency Myanmar

transparency.myanmar@gmail.com

News.yahoo.com, 12th February 2010

          ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ ပါတီမှ ဒုတိယ ခေါင်းဆောင်သည် စနေနေ့တွင် နေအိမ် အကျယ်ချုပ် သက်တမ်း ပြည့်မည် ဖြစ်ပြီး ပြန်လွှတ်ပေးရန် ရှိကြောင်း တာဝန်ရှိသူ တစ်ဦးမှ AFP သို့ သောကြာနေ့က ပြောကြားခဲ့သည်။

          အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးသည် အသက် ၈၃ နှစ် ရှိပြီ ဖြစ်ပြီး ၂၀၀၃ ခုနှစ်က နိုင်ငံရေး လှုပ်ရှားမှု အတွက် ခရီးထွက်စဉ် ၎င်းတို့၏ ယာဉ်တန်းအား တိုက်ခိုက်ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တရားရုံးက အမှု ပြုလုပ်ခြင်း မရှိဘဲ နေအိမ် အကျယ်ချုပ် ချထားခြင်း ခံရသူ ဖြစ်သည်။

"ဦးတင်ဦးကို သူ့ကို ထိန်းသိမ်းထားတဲ့ အချိန်ပြည့်တဲ့ မနက်ဖြန် လွှတ်ပေးပါလိမ့်မယ်" ဟု အမည် မဖော်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လွန်ခဲ့သော အပတ်က NLD ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် NLD အနေဖြင့် ဦးတင်ဦးကို ပြန်လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ပြီး နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်လာလိမ့်မည်ဟု ဆိုသည်။

ဦးတင်ဦးသည် အငြိမ်းစား ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလက နိုင်ငံတော် အစိုးရအား ဖျက်ဆီးမည့် အန္တရာယ်ကို ကာကွယ်သော ဥပဒေအရ ထောင်မှ နေအိမ်သို့ အကျယ်ချုပ် ပြောင်းလဲပေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment