Transparency Myanmar

transparency.myanmar@gmail.com


မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ တို့အကြား မတ်လ ၂ ရက်နေ့မှ စ၍ တစ်ပတ်လျှင် လေးကြိမ်တိတိ တိုက်ရိုက် ခရီးစဉ် ပြေးဆွဲ ပျံသန်းမည် ဖြစ်ကြောင်း ဗီယက်နမ် နိုင်ငံပိုင် လေကြောင်း လိုင်းတစ်ခု ဖြစ်သော Vietnam Airlines က သတင်း ကြေညာချက် ထုတ်ပြန် လိုက်သည်။

အဆိုပါ ခရီးစဉ်များအတွက် Fokker 70 အမျိုးအစား လေယာဉ်ဖြင့် ပြေးဆွဲ ပျံသန်းပေးမည် ဖြစ်ကြောင်း၊ အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနှင့် တနင်္ဂနွေနေ့များတွင် ဗီယက်နမ် စံတော်ချိန် ညနေ ၄ နာရီ ၁၀ ၌ စတင် ထွက်ခွာပြီး ရန်ကုန်မြို့သို့  ညနေ ၆ နာရီ ၁၀ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်ကာ ရန်ကုန်မှ ညနေ ၇ နာရီ ၁၀ မိနစ်တွင် ပြန်လည် ထွက်ခွာမည် ဖြစ်သည်ဟု Vietnam Airlines က ဆိုပါသည်။

Vietnam Airlines ၏ အဆိုအရ အရောင်းမြှင့်တင်ရေး ကာလ ဖြစ်သော ဖေဖော်ဝါရီလ ၂ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ ကာလအတွင်း ရန်ကုန်-ဟနွိုင်း တိုက်ရိုက် ခရီးစဉ်အတွက် လက်မှတ်  တစ်စောင်လျှင် အမေရိကန် ဒေါ်လာ ၂၅၀ ဖြင့် ရောင်းချပေးမည်ဟု သိရပါသည်။ အဆိုပါ Vietnam Airlines သည် အရှေ့တောင်အာရှဒေသတွင် အရေးပါသော လေကြောင်းလိုင်း တစ်ခု ဖြစ်လာရန် ရည်ရွယ်ထားသူ ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံကိုလည်း ဒေသတွင်း အလားအလာရှိသော မားကတ်တစ်ခု အဖြစ် ထည့်သွင်း စဉ်းစားထားပါသည်။

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် တရုတ် နိုင်ငံ၊ ယူနန် ပြည်နယ်တို့သည် မဟာမဲခေါင် ဒေသတွင် ပါဝင်ကြောင်း သိရပါသည်။

Vietnam Net Bridge မှ သတင်းဝက်ဘ်ဆိုက် Vietnam Airlines to start Myanmar service in March ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment