Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 12th February 2010

          မြန်မာနိုင်ငံသို့ ယမန်နှစ်က လာရောက်ခဲ့သော ဆီနိတ်တာ Jim Webb က အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားရန် တိုက်တွန်း ပြောဆိုခဲ့သည်။ မြန်မာအစိုးရက အမေရိကန် နိုင်ငံသားအား ထောင်ဒဏ်သုံးနှစ် ချမှတ်အပြီး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

          ဆီးနိတ် နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ၏ အရှေ့အာရှ ရေးရာ ဌာနမှူး Jim Webb က ကြာသပတေးနေ့က အမေရိကန်သား ကျော်ဇောလွင်အပေါ် ပြစ်ဒဏ် ချမှတ်ခြင်းအပေါ် စိုးရိမ်မှုများ ရှိပြီး ထည့်သွင်း စဉ်းစားရမည့် အချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ကျော်ဇောလွင်အား ဖမ်းဆီးခြင်း၊ ထောင်ချခြင်းနှင့် တရားစီရင်ခြင်း စသည့် အခြေအနေများသည် နှစ်နိုင်ငံကြား ပိုမို၍ ညီညွှတ်သော အဆင့်မြင့် ဆက်ဆံရေး လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းပင် ဖြစ်သည်ဟု Virginia မှ ဒီမိုကရက်လည်း ဖြစ်သော Webb က ပြောကြားသည်။

          မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ဆက်လက် မြှင့်တင်ပေးသွားရန် ကိစ္စမှာ အမေရိကန် ပြည်ထောင်စု၏ ပြင်းပြသော ဆန္ဒတစ်ခု ဖြစ်ကြောင်း Burma ဟူသော စကားလုံး သုံး၍ Jim Webb က ပြောကြားခဲ့သည်။

          Webb သည် ယမန်နှစ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး နေအိမ် အကျယ်ချုပ် ခံနေရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း ရေကူး ဝင်ရောက်ခဲ့သော ထူးဆန်းသော အမေရိကန်အား ပြန်လွှတ်ပေးရန် စွမ်းဆောင်နိုင်ခဲ့သည်။

          အမေရိကန် ပြည်ထောင်စုသည် ကျော်ဇောလွင်အား ချက်ခြင်း လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ကျော်ဇောလွင်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး၊ မြန်မာနိုင်ငံရှိ ၎င်း၏ နေမကောင်းသော မိခင်ထံ ပြန်ရာတွင် အဖမ်းခံရခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment