Transparency Myanmar

transparency.myanmar@gmail.com

ပုန်းရှောင်တတ်သော မြန်မာအစိုးရ ခေါင်းဆောင်သည် အိမ်နီးချင်း ထိုင်းနိုင်ငံမှ မင်းသမီးနှင့် တနင်္လာနေ့က တွေ့ဆုံခဲ့ပြီး၊ ၎င်းသည် စစ်ဖက် အုပ်ချုပ်သောနိုင်ငံ၏ အဝေးမြို့တော် နေပြည်တော်သို့ ထိုင်းတော်ဝင် မိသားစုက ပထမဆုံး အကြိမ် လာရောက် လည်ပတ်သာ ခရီးစဉ် ဖြစ်ကြောင်း တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားသည်။

ဘန်ကောက်မှ အထူးလေကြောင်း ခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိလာသည့် ထိုင်းဘုရင့်သမီးတော် ချက်ကရီ သီရိဒုံနှင့် မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့ သည်ဟု သိရသည်။

ထိုင်းပြည်သူလူထု၏ ကြည်ညိုလေးစားမှုကို ရရှိထားသူ မင်းသမီး သီရိဒုံသည် သူ၏ ၃ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အတွင်း နာဂစ်စ် ဆိုင်ကလုံးဒဏ်ခံ နယ်မြေမှ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုရန် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက်ရန် စီစဉ်ထားသည်။ နာဂစ်စ် ဆိုင်ကလုံးကြောင့် လူပေါင်း တစ်သိန်း လေးသောင်းခန့် သေဆုံးခဲ့ပြီး ပင်လယ်မြစ်ဝ ရှိ ကျေးလက် အခြေခံ အဆောက်အအုံများ ပျက်စီးခဲ့သည်။

မင်းသမီး၏ နောက်ဆုံး မြန်မာနိုင်ငံ ခရီးစဉ်မှာ ၂၀၀၃ ခုနှစ်က လာရောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အုပ်ချုပ်ရေး မြို့တော်သစ်ကို ၃ နှစ်ခန့် တိတ်တဆိတ် တည်ဆောက်အပြီး၊ ၂၀၀၅ ခုနှစ်ကုန်၌ စစ်ခေါင်းဆောင်များက ၎င်းတို့၏ အစိုးရ တစ်ဖွဲ့လုံးကို စီးပွားရေး အချက်အခြာ ရန်ကုန်မြို့တော်မှ နေပြည်တော်သို့ ပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment