Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 15th March 2010       

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ဥပဒေ အသစ်သည် အတိုက်အခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပါတီတွင် မပါဝင်နိုင်အောင် တားမြစ်ထားသော်လည်း သူမ၏ ပါတီ အနေဖြင့် ဥပဒေ အသစ်အရ ပြန်လည် မှတ်ပုံတင်ခြင်းပြု / မပြု နှစ်ပတ်အတွင်း ဆုံးဖြတ်ရလိမ့်မည် ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က တနင်္လာနေ့က ပြောကြားလိုက်သည်။

အစိုးရက ပြီးခဲ့သည့် အပတ်က ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တွင် ပါဝင်ခွင့် ရရှိမည် မဟုတ်ပေ။ အကြောင်းမှာ ဥပဒေအရ မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီတွင် အကျဉ်းကျခံနေရသောသူက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါက ဖျက်သိမ်းခံရမည် ဖြစ်သောကြောင့် ဖြစ်သည်။ အဆိုပါ ဥပဒေသည် တစ်ကမ္ဘာလုံးကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေက AFP သို့ ပြောကြားရာတွင် တနင်္လာနေ့က ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေး အပြီးတွင် ပါတီ အဖွဲ့ဝင်လူကြီးများ အနေဖြင့် အဖြူအမည်း မသဲကွဲ သေးကြောင်း ပြောကြားခဲ့သည်။

ဗဟို အလုပ်အမှုဆောင် ကော်မတီ အနေဖြင့် မတ်လ ၂၉ ရက်နေ့တွင် မှတ်ပုံတင် ပြုလုပ် မလုပ်ကို ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။ နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကလည်း CEC မဲပေးရာတွင် ပါဝင်မည် ဖြစ်ပြီး၊ အများ၏ ဆုံးဖြတ်ချက်ကို လက်ခံမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အာဏာပိုင်များ အနေဖြင့် ဥပဒေ ထုတ်ပြန်ပြီးနောက် မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရမည် ဆိုသည်ကို သိရှိကြောင်း၊ ထို့ကြောင့် ဆုံးဖြတ်ချက် အတွက် သူမနှင့် တွေ့ဆုံနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

ဥပဒေ အသစ်သည် NLD အနိုင်ရခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း ပယ်ဖျက်ခဲ့ပြီး ဖြစ်ပါသည်။ NLD အနေဖြင့် မှတ်ပုံတင်ခဲ့သော်၊ ယခင်က လက်ခံရန် ငြင်းပယ်ခဲ့သော အငြင်းပွားဖွယ် ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံရလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment