Transparency Myanmar

transparency.myanmar@gmail.com

ယခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေကောက်ပွဲ ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အဖျက်အမှောင့် လုပ်ငန်းများနှင့် အဖျက်သမားများကို အထူးသတိ ထားရမည်ဖြစ်ကြောင်း မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်မီဒီယာက ရေးသားဖော်ပြသည်။

       မေလ ၁ ရက် (အလုပ်သမားနေ့) တွင် ထုတ်ပြန်လိုက်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သဝဏ်လွှာတွင် ရွေးကောက်ပွဲ ပျက်ပြားစေရန်နှင့် မူဝါဒလမ်းစဉ် ၇ ရပ် အကောင်အထည်ဖော်မှုကို  အဟန့်အတား ဖြစ်စေရန် ပြည်တွင်းပြည်ပ အဖျက်သမားများ လှုပ်ရှားလာကြသည်ကို တွေ့ရကြောင်းဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်များအတွက် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး စစ်အစိုးရက အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ပြည်ပြေးလက်နက်ကိုင် အုပ်စုများ သို့မဟုတ် ပြည်ပြေး တိုင်းရင်းသား အုပ်စုများအပေါ် ပြစ်တင်ဝေဖန်လျက် ရှိသည်။

ယခုနှစ် မြန်မာနှစ်သစ်ကူး ကာလတွင်လည်း ရန်ကုန်မြို့၌ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ " သမိုင်းဖြစ်စဉ် အဆင့်ဆင့်တွင် အစဉ်အလာကောင်းများဖြင့် အကြိမ်ကြိမ် မှတ်ကျောက်တင် ခံနိုင်ခဲ့သည့် မြန်မာအလုပ်သမားကြီးများ၏ သူ့ကျွန်မခံစိတ်၊ နယ်ချဲ့ဆန့်ကျင် ရေး စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် တို့ကို ပိုမိုတိုးပွား ခိုင်မာစေလျက် မသမာသူ အဖျက်သမားများနှင့် တိုင်းတစ်ပါး၏ စွက်ဖက်နှောင့်ယှက်မှု၊ သပ်လျှိုသွေးခွဲမှုတို့ကို တွန်းလှန် တိုက်ဖျက်သွားကြရန် နှင့် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် ၇ ရပ် ချောမွေ့စွာ အကောင်အထည် ဖော်နိုင်ရန်  တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့်အတူ လက်တွဲ ကြိုးပမ်းသွားကြရန် တိုက်တွန်းပါသည်" ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သဝဏ်လွှာက ဆိုသည်။

မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ် စီမံကိန်း နှစ်ခုတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ဧပြီလ ၁၅ ရက်နေ့တွင်လည်း ရန်ကုန်ရှိ ရေကစားမဏ္ဍပ်တစ်ခုတွင် ဗုံးသုံးလုံး ပေါက်ကွဲခဲ့ရာ လူပေါင်း ၁၀ ဦးသေဆုံးပြီး အနည်းဆုံး ၁၇၀ ခန့် ဒဏ်ရာရရှိခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် စိုင်းပြင်းနေချိန်တွင် ယင်းသို့ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။  စစ်အစိုးရက ကျင်းပပေးမည့် ရွေးကောက်ပွဲဥပဒေမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရရှိအောင် တားမြစ် ထားသောကြောင့် များစွာ ပြစ်တင်ဝေဖန်ခံနေရသည်။

Starits Times သတင်းစာမှ သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment