Transparency Myanmar

transparency.myanmar@gmail.com

Japan Times, 23rd July 2010

ပြင်းထန်စွာ ဝေဖန်ခံနေရသော ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်းကို ခွင့်ပြုရန် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းအား ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကာဆူယာ အိုကာဒါက တိုက်တွန်း ပြောကြားလိုက်သည်ဟု ဂျပန် အရာရှိများက ပြောကြားသည်။

အိုကာဒါသည် ဦးဥာဏ်ဝင်းနှင့် အာဆီယံ အစည်းအဝေး၏ အဝန်းအဝိုင်းတွင် ဗုဒ္ဓဟူးနေ့က တွေ့ဆုံကာ နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းထားသော ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးရန်နှင့် ရွေးကောက်ပွဲကို လွပ်လပ်၊ မျှတစွာ ကျင်းပရန် မြန်မာအစိုးရအား တောင်းဆိုခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

မြန်မာဝန်ကြီးက "အခြေခံ ဥပဒေသစ်သည် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ် ဖြစ်ခွင့်ကို ပိတ်ပင်ထားခြင်း မရှိကြောင်း၊ သူမ လွတ်လာသည်နှင့် တပြိုင်နက် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခွင့် ရှိကြောင်း'' ပြန်လည် ပြောကြားခဲ့သည်ဟု သိရသည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို မကြာမီ ကြေညာရန် ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်နေသည် ဟုလည်း ဦးဥာဏ်ဝင်းက ပြောကြားသည်။

မတ်လ အတွင်းက မြန်မာအစိုးရသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ဥပဒေသစ်ကို နိုင်ငံပိုင် သတင်းစာများမှ တဆင့် ကြေညာရာတွင် တရားရုံး ပြစ်ဒဏ် ကျခံနေရသော နိုင်ငံရေး ပါတီဝင်များ ရွေးကောက်ပွဲတွင် ပါဝင်ရန် အကျုံးမဝင်ဟု ဖော်ပြခဲ့သည်။

အချိန် ကြာမြင့်စွာ ထိန်းသိမ်း ခံနေရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်သည် နေအိမ် အကျယ်ချုပ် ကျခံနေစဉ် အတွင်း ဥပဒေ ချိုးဖောက်မှုဖြင့် ယခုနှစ်အတွင်း ထပ်မံ ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment