Transparency Myanmar

transparency.myanmar@gmail.com

The Gulf Times, 6th October 2010

စွမ်းအင် ဆာလောင်နေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လျှပ်စစ် ဓာတ်အား ၅၇၅ မဂ္ဂါဝပ်ခန့် တင်ပို့ ရောင်းချရန် ရည်ရွယ်ထားသော ရေအားလျှပ်စစ် စီမံကိန်း ခု တည်ဆောက်ရန် မြန်မာနိုင်ငံက သဘော တူလိုက်သည်ဟု ဒါကာမှ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်များက ယမန်နေ့တွင် ပြောကြားခဲ့သည်။

အဆင့်မြင့် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် အဖွဲ့၏ လတ်တလော မြန်မာနိုင်ငံ ခရီးစဉ် အတောအတွင်း နယ်စပ် ဖြတ်ကူး လျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘော တူညီမှုကို လက်ခံ ရရှိခဲ့သည်ဟု စွမ်းအင် ၀န်ကြီးဌာန ထိပ်တန်း တာဝန်ရှိသူက ပြောကြားသည်။

အိမ်နီးချင်း နိုင်ငံအကြား လျှပ်စစ်ဓာတ်အား ရောင်းချမှုနှင့် နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးရန်အတွက် မြန်မာ ကိုယ်စားလှယ် အဖွဲ့ ဒါကာသို့ မကြာမီ အတွင်း လာရောက်လိမ့်မည် ဟုလည်း ယင်းက ဆိုသည်။

နောက်ဆုံး အဆင့် စာချုပ် လက်မှတ် မထိုးမီ ဘင်္ဂလားဒေ့ရှ်ထဲမှ ငွေပေးချေမှု အာမခံချက် ရရှိရန် မြန်မာက ကြိုးစားခဲ့သည်ဟု မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သူ တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားသည်။

လျှပ်စစ် ဓာတ်အား ၅၀၀ မဂ္ဂါဝပ်နှင့် ၇၅ မဂ္ဂါဝပ် အသီးသီး ထုတ်လုပ်နိုင်ရန် စီစဉ်ထားသော မီချောင်းနှင့် လေးမြို့ စီမံကိန်းများမှာ ဘင်္ဂလားဒေ့ရှ် ကောဘဇား ခရိုင်နှင့် နီးကပ်သော ရခိုင်ပြည်နယ် အတွင်း တည်ရှိသည်။

ဘင်္ဂလားဒေ့ရှ်သည် ပြည်ပ နိုင်ငံများထံမှ လျှပ်စစ်ဓာတ်အား ၀ယ်ယူခြင်းကို ယခင်က မပြုလုပ် ခဲ့ဘူးဘဲ ယခု အကြိမ် ပထမဆုံး ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment