Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဖျက်သိမ်းခံလိုက်ရမှုနှင့် ပတ်သက်ပြီး စစ်အစိုးရကို ဗဟို တရားရုံးချုပ်တွင် အမှုဖွင့် တရားစွဲဆိုထားကြောင်း သူမ၏ ရှေ့နေက ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD သည် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့သောကြောင့် ယခုအခါ တရားဝင် ပါတီအဖြစ်မှ ဖိအားပေး ဖျက်သိမ်းခံလိုက်ရပြီ ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲသည် စစ်အစိုးရကို အရပ်ဘက် အစိုးရ အသွင် ကူးပြောင်းသည့် နိုင်ငံရေး ဖြစ်စဉ် တစ်ခုသာ ဖြစ်သည်ဟု အနောက်နိုင်ငံ အတော်များများက ပြစ်တင် ဝေဖန်ကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက
အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ၁၅ နှစ်တာမျှ နေအိမ်အကျယ်ချုပ် ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရသည်။

ပြီးခဲ့သည့် မေလအတွင်းက ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ပယ်ဖျက်ခံရသည့်အတွက် စစ်အစိုးရကို အမှုဖွင့် တရားစွဲဆိုခဲ့သော်လည်း ဗဟိုတရားရုံးချုပ်က ပယ်ချခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေက "အခုလို တရားစွဲဆိုမှုတွေ ဆက်ပြီး လုပ်နေတာဟာ ကျွန်တော်တို့ အလျှော့မပေးဘူးဆိုတဲ့ သဘောပါ။ တကယ်လို့ ကျွန်တော်တို့သာ အလျှော့ပေးလိုက်ရင် ကျွန်တော်တို့ ဘာမှလုပ်စရာ ကျန်မှာ မဟုတ်ပါဘူး" ဟု ဆိုသည်။

Straits Times သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment