Transparency Myanmar

transparency.myanmar@gmail.com

From Hueiyen News Service, 7th December 2010

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ဆက်ဆံရေးကို အထောက်အကူပြုရန်နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကူညီရန် ဆက်လက် ကြိုးစားသည့် အနေဖြင့် အိန္ဒိယနိုင်ငံသည် မြေသယ် ယန္တရားများ၊ ပို့ဆောင်ရေးယာဉ်များ၊ အချက်အလက် ပို့ဆောင်မှုနှင့် ဆက်သွယ်ရေးဆိုင်ရာ ကိရိယာ မျိုးစုံကို မိုရေးမြို့ နေထွက်လူငယ်ကလပ်တွင် ပြုလုပ်သည့် အခမ်းအနားတွင် မြန်မာအစိုးရထံ လက်ဆောင် ပေးအပ်ခဲ့သည်။

အိန္ဒိယ တပ်မတော် ဦးစီးချုပ် ကိုယ်စား တက်ရောက်ခဲ့သူ EOC 3 Corps မှ ဒုတိယ ဗိုလ်ချုပ်ကြီး NK Singh က ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ပစ္စည်းများ ပေးအပ်ရသည်မှာ ကြီးမားသော ဂုဏ်ဒြပ်တစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယခုကဲ့သို့ လုပ်ဆောင်မှုများမှာ အနာဂတ် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို ခိုင်မြဲစေလိမ့်မည် ဟူသော အချက်မှာ ၎င်း၏ ယုံကြည်ချက် ဖြစ်ပြီး၊ ယခု ပေးအပ်သည့် အကူအညီ အားလုံးသည် မြန်မာ့ တပ်မတော်နှင့် မြန်မာ ပြည်သူများထံ ပြန့်နှံ့သွားလိမ့်မည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာတပ်မတော် ကိုယ်စားပြု တက်ရောက်သူ ဗိုလ်မှူးချုပ် စိုးလွင်ကလည်း အိန္ဒိယနိုင်ငံက ယခုကဲ့သို့ ကူညီခဲ့ည်မှာ ငါးကြိမ်ရှိပြီ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံသည် ယခုကဲ့သို့ အကူအညီပေးမှုများမှတဆင့် လမ်းတံတား၊ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦ ကဏ္ဍဖွံ့ဖြိုးရေးကို ကူညီခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အိန္ဒိယနိုင်ငံက ပေးအပ်သော အကူအညီ အားလုံးသည် လမ်းပန်းဆက်သွယ်မှု ခက်ခဲသော နယ်မြေများနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးတွင် အသုံးဝင်မည် ဖြစ်သည်။

မြေထိုးစက် စီး၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ရသော မြေညှိစက် စီး၊ Bolero စီး၊ မော်တော်ဆိုင်ကယ် စီး၊ ကွန်ပြူတာ စုံ၊ 6 KV မီးစက်တစ်လုံး၊ လမ်းလျှောက်စကားပြောစက် လုံးကို ဒုတိယ ဗိုလ်ချုပ်ကြီး NK Singh က ဗိုလ်မှူးချုပ် စိုးလွင်ထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။

အိန္ဒိယနိုင်ငံဖက်မှ ကိုယ်စားပြု တက်ရောက်ခဲ့သူများမှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ဒေါက်တာ VS Seshadril GOC 52 Mwntain Division မှ ဗိုလ်မှူးချုပ် DS Hooda IGAR (South) မှ ဗိုလ်ချုပ် C Krishnan နှင့် ဗိုလ်မှူးချုပ် SK Bhanol တို့ဖြစ်သည်။

မြန်မာနိုင်ငံဖက်မှ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလွင်နှင့် ၎င်း၏ လက်အောက် ဝန်ထမ်းများ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment