Transparency Myanmar

transparency.myanmar@gmail.com

၂၁..၂၀၁၁


ပြည်တွင်းသတင်းများ


ရန်ကုန်- ဘားအံ - မြဝတီ လမ်းကြောင်း စစ်ဆေးမှု ပြင်းထန်

မတ်၂၀။

မြဝတီမှ ရန်ကုန်သို့ အပြန်လမ်းခရီး တစ်လျှောက်တွင် လုံခြုံရေး အဖွဲ့အစည်းများက ပုံမှန်စစ်ဆေးရေးဂိတ်များ သာမက ယာယီဂိတ်များပါ ဖွင့်လှစ်၍ စစ်ဆေးမှု ရှိလာကြောင်း သိရှိရသည်။

"ကျွန်တော်က မြဝတီကနေ အရုပ်တွေက ဆာလာအိတ်နဲ့ ထည့်သယ်လာတာကို မရမ်းချောင်းဂိတ်မှာရော၊ စစ်တောင်းတံတားဂိတ်မှာရယ် ဖွင့်စစ်ဆေးတာ ရန်ကုန်ရောက်လို့ ပြန်ရေကြည့်တော့ အရုပ်တွေလည်း ပျောက်နေတယ်။ ပျက်စီးတဲ့ အရုပ်တွေလည်း ပျက်စီးတယ်။ ဂိတ်ကို ဒီကိစ္စနဲ့ ပက်သက်ပြီး လျှော်ဆိုတော့လည်း လုံခြုံရေးအဖွဲ့တွေက လုပ်တာဆိုတော့ မလျှော်နိုင်ဘူးတဲ့။ ဒီအချိန်မှာလည်း ဒီကိစ္စတွေက ဖြစ်နေတာ ပုံမှန် ပါပဲလို့ ပြန်ပြောတယ်"ဟု ကုန်သည်တစ်ဦးက ဆိုသည်။

ရန်ကုန်မှ ဘားအံသို့ သွားရာလမ်းတစ်လျှောက်တွင် စစ်ဆေးမှုများ မရှိသော်လည်း ဘားအံမှ မြဝတီသို့ သွားရာ လမ်းခရီးတစ်လျှောက်တွင်မူ စစ်ဆေးမှုများ ပြင်းထန်လာကြောင်း သိရှိရသည်။

"အရင်တုန်းကလဲ ဘားအံကနေ မြဝတီကိုသွားရင် အေးဆေးပဲ။ လမ်းခရီးမှာ အကောက်ဂိတ်တွေကိုသာ ပိုက်ဆံပေးရတာရှိတာ၊ အခုကျတော့ ကော့ကရိတ်က အထွက်မှာကော မြဝတီတက်တဲ့ လူတိုင်းကို မှတ်ပုံတင် ပြခိုင်း၊ ဘယ်ကလာလဲ၊ ဘယ်ကိုသွားမလဲဆိုတာ တွေကိုစစ်တာတွေ ရှိလာတယ်။ မြဝတီကိုရောက်ဖို့အလို တောင်ကြားဂိတ်မှာကော၊ ကုန် သွယ်ရေးဂိတ်မှာကော ဒီလိုစစ်တာပဲ၊ မသင်္ကာရင် ခေါ်ထားတယ်။ ပြီးရင် သူ့အိမ်ကို ဖုန်းဆက်၊ သူသွားမယ့် အိမ်က လူကို လာကြိုခိုင်းတယ်။အရင်ကဒီလိုမဟုတ်ဘူး။"ဟု ဘားအံနှင့် ရန်ကုန်သို့ ပြေးဆွဲနေသော လိုင်းကားတစ်စင်းမှ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

မြဝတီမှ ရန်ကုန်သို့ အပြန်လမ်းခရီး တစ်လျှောက်တွင်လည်း စစ်ဆေးမှုများ ပုံမှန်ထက် ထူးကဲစွာရှိလာကြောင်း သိရသည်။

" မြဝတီကနေ ရန်ကုန်ကိုလာရင် ဂိတ်တွေဖြတ်ရ၊ မှတ်ပုံတင်ပြရနဲ့ ရှုပ်နေတာပဲ၊ မင်္သကာဘူးဆိုရင် အိတ်တွေလည်း စစ်တယ်။ တစ်ပိုင်တစ်နိုင် အိတ်တွေရော၊ ပါဆယ်ထုပ်တွေရော ဖောက်စစ်တော့ အချိန်က ကြာ ရော၊ စစ်တောင်းတံတားမှာဆို ပါဆယ်ထုပ်တွေ သိမ်းထားတာအပြည့်ပဲ"ဟု မြဝတီမြို့မှ ရန်ကုန်မြို့သို့ ပြန်လာသော ကုန်သည်တစ်ဦးက ဆိုသည်။

ယခုကဲ့သို့ စစ်ဆေးမှုများ ပြင်းထန်နေခြင်းမှာ မတ်လ၂၇ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော တပ်မတော်နေ့နှင့် သင်္ကြန်ကာလ နီးကပ်နေသည့်အတွက် စစ်ဆေးမှုများ ပြင်းထန်ခြင်းဖြစ်ကြောင်း သိရှိရသည်။ မြဝတီမှ ရန်ကုန် ခရီးလမ်းတစ်လျှောက်တွင် မြဝတီ ကုန်သယ်ရေးဂိတ်၊ တောင်ကြားအဖွဲ့စုံဂိတ်၊ ဂျိုင်းမြစ်ကူးတံတားဂိတ်၊ ကော့ကရိတ်မြို့ပြင်ဂိတ်၊ သံလွင်တံတား(ဘားအံ) ဂိတ်၊ မရမ်းချောင်း ကုန်သွယ်ရေးဂိတ်၊ စစ်တောင်း တံတားဂိတ်၊ ရန်ကုန်မြို့အဝင် ဇရပ်ကွင်းဂိတ်တို့ သည် ပုံမှန်စစ်ဆေးရေး ဂိတ်များဖြစ်ကြောင်း သိရှိရသည်။

-------------------------------------------------------------------------------------------------------------

မိုင်းရှာကိရိယာများတွင် အားနည်းချက်ရှိ

မတ်၂၀။

မတ်လ ရက်နေ့က အဝေးပြေးဂိတ်များအားလုံးသို့ ပေးပို့ခဲ့သည့် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ညွှန်ကြားချက်များအရ ဝယ်ယူခဲ့ရသော မိုင်းရှာကိရိယာများတွင် အားနည်း ချက်များ ရှိနေကြောင်း သိရသည်။

မိုင်းရှာကိရိယာဟု သုံးနှုန်းနေကြသော်လည်း ထိုကိရိယာသည် မိုင်းရှာခြင်းအား အထောက်အကူပြုခြင်း မဟုတ်ဘဲ၊ သံသတ္ထုများကိုသာ အဓိကထားရှာဖွေသော ကိရိယာဖြစ်ကြောင်း သိရသည်။ "ဒီကိရိယာက သံသတ္ထုတွေကိုသာ ရှာ ဖွေနိုင်တာပါ။ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဒီကိရိယာကို ဝယ်ယူခိုင်းတယ်ဆိုတဲ့သဘောက မိုင်းဆိုတာက ပေါက်ကွဲစေတတ်တဲ့ ယမ်းရယ်၊ လူကို ထိခိုက်စေနိုင်တဲ့ သံတိုစံစတွေရယ်ကို ပေါင်းထားတဲ့ ပစ္စည်းလေ။ ဒီတော့ ယမ်းနဲ့ သံတိုသံစတွေ တွဲလုပ်ထားတဲ့အခါ မိုင်းရှာကိရိယာနဲ့ လူခန္ဓာ ကိုယ်အပေါ်ယံက ဖြစ်စေ၊ အိတ်တွေ၊ ပါဆယ်ထုပ်တွေကအပေါ်က ဖြစ်စေ လေးစင်တီမီတာအကွာ၊ ငါးစင်တီမီတာအကွာလောက်က ဖြစ်စေ ရှပ်ပြီးရှာလိုက်လို့ သံတိုသံစတွေပါလာရင် အသံမြည်လိမ့်မယ်။ ဒါကြောင့် ဒီကိရိယာကို ဝယ်ယူခိုင်းတာပါ"ဟု လုံခြုံမှု အထောက်အပံ့ပစ္စည်းများ ရောင်းချနေသည့် ကုမ္မဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်း ကိရိယာမှ စစ်ဆေးပေးသည့်အရာသည် သံသတ္ထုများကိုသာ အဓိကထား စစ်ဆေးပေးနိုင်သဖြင့် ပေါက်ကွဲစေတတ်သော ယမ်းနှင့် ထိခိုက်စေနိုင်သည့် သံတိုသံစများကို ခွဲခြားသယ်ဆောင်လာပါက ပေါက်ကွဲ စေတတ်သော ယမ်းမှာ စစ်ဆေးမှုမှ ကင်းလွတ်သွားနိုင်ကြောင်း သိရှိရသည်။

"ဒီလို ယမ်းနဲ့ သံသတ္ထုတွေကို ခွဲသယ်လာရင်တော့ ပြဿနာတော့ရှိတယ်။ ဒီမိုင်းမှာ အရေးကြီးတာက ယမ်းပျော့ဗျ၊ ဒီယမ်းပျော့က ပေါက်ကွဲစေနိုင်မှ ကျန်တဲ့ သံတိုသံစတွေက damage ဖြစ်စေမှာလေ။ ဒီတော့ ယမ်းပျော့ကို ရအောင်သွင်းပြီး၊ သံတိုသံစကို စက်မှုဇုန်တစ်ခုကဖြစ်စေ၊ တွင်ခုံတစ်ခုကဖြစ်စေ လုပ်ရင်လည်း ပေါက်ကွဲစေနိုင်တဲ့ မိုင်းဖြစ်မှာလေ။ သယ်လာမယ့်လူတွေကလည်း ဒီလိုစစ်နေတာသိရင်တော့ နည်းအမျိုးမျိုးနဲ့ ခွဲသယ်လာမှာလေ။ ဒီတော့ ယမ်းပျော့ကိုရော၊ သံတိုသံစကိုရော ဘယ်လို မိအောင်ဖမ်းဖို့ စီစဉ်မလဲဆိုတာတော့ စဉ်းစားစေချင်တယ်။ Metal Detector ကတော့ သံတိုသံစပါမှ အသံမြည်မှာ"ဟု အငြိမ်းစား စစ်ဘက်အရာရှိ တစ်ဦးက ပြောကြားသည်။

မိုင်းရှာ ကိရိယာအား ဒဂုံစင်တာ၊ ကုန်သွယ်ရေးစင်တာနှင့် Junction 8 တို့တွင် ဖြစ်ပွားခဲ့သော ချိန်ကိုက် မိုင်း ပေါက်ကွဲပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံတွင် စတင်အသုံးပြုခဲ့ပြီး၊ ထို မိုင်းရှာကိရိယာများ၏ တန်ဖိုးမှာ တပ်မတော် (လေ)မှ ထုတ်လုပ်သည့် မိုင်းရှာကိရိယာသည် သုံးသောင်းဝန်းကျင်နှင့် ယခု လက်ရှိတွင် အဝေးပြေးဂိတ်များသို့ ရောင်းချ နေသည့် မိုင်းရှာကိရိယာမှာ ကျပ်တစ်သိန်း ဝန်းကျင်ရှိကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

လုံခြုံရေး တင်းကျပ်မှုများအပေါ် ပြည်သူများ စိတ်ပျက်မှုရှိလာ

မတ်၂၀။

မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းတစ်ခုဖြစ်သည့် ရန်ကုန်နှင့် မြို့တော်သစ် တစ်ခုဖြစ်သည့် နေပြည်တော်တို့တွင် လုံခြုံရေးတင်းကျပ်မှု များလာခြင်းကို ဒေသခံပြည်သူများ စိတ်ပျက်လာမှု ပိုများလာကြောင်း သိရသည်။


နိုင်ငံတော်အခမ်းအနားများကို ခပ်စိတ်စိတ် ပြုလာသော နေပြည်တော်သို့ "မှတ်ပုံတင်ပါမှသာ ဝင်ခွင့် ပြုမည်" ဟူသော စည်းကမ်းချက်ထွက်လာပြီး နောက်ပိုင်းကာလများတွင် အဝေးပြေးကားဂိတ်များနှင့် ခရီးသွား ပြည်သူများအကြား စိတ်ပျက်မှု ပိုမို ဖြစ်ပွားလာကြောင်း သိရသည်။


 "ခရီးသွားတဲ့သူတွေက ကျန်းမာရေးကြောင့်ဖြစ်စေ၊ အရေးပေါ် အကြောင်းရင်းတစ်ရပ်ကြောင့်ဖြစ်စေ၊ ထွက်လာတဲ့သူတွေကို မှတ်ပုံတင်ပါမှသာ ခရီးသွားရမယ် ဆိုတာကတော့ ကိုယ်ချင်းမစာနာနိုင်ကြဘူးလို့ ထင်ပါ တယ်။ တာဝန်ရှိသူတွေဘက်က လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့်တော့ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလဲ ဒီလို ခရီးသွားနည်းတဲ့အချိန်မှာ တစ်ယောက်ခြင်းကို မနည်းခေါ်နေရတာတွေရှိတော့ ခရီးသွား ပြည်သူတွေကိုလဲ အဆင်ပြေစေချင်တယ်။ ဒီတော့ ကျွန်တော်တို့က စစ်ဆေးရေးဂိတ်ကလူတွေကို မှတ်ပုံတင် မပါပေမယ့်လည်း ရပ်ကွက်ထောက်ခံစာတို့၊ ယာယီမှတ်ပုံတင်ကဒ်တို့ ပါရင်တော့ သွားခွင့်ပေးပါဆိုတာ ပြောထားပါ တယ်။"ဟု ရန်ကုန်-နေပြည်တော် မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


"ဒီလို တင်းကျပ်မှုတွေ များလာလေ၊ ပြည်သူက အပြင်မထွက်လေနဲ့ ကျွန်တော်တို့တွေပဲ ကြားထဲက ခံရမှာပါ။ အခု ဝယ်ခိုင်းနေတဲ့ မိုင်းရှာကိရိယာတွေ၊ ကင်မရာတွေဆိုတာလဲ လုံခြုံရေး ဆိုင်ရာတာဝန်ရှိသူတွေ ကိုယ် တိုင်ဆောင်ရွက်ရမှာတွေလေ။ သူတို့အနေနဲ့ မယုံကြည်ရတဲ့ ကားတွေဆိုရင် စစ်ဆေးရေး ဝင်းဖွင့်စစ်လေ၊ အခုကျတော့ တစ်ဝင်းလုံးမှာရှိတဲ့ ကားဂိတ်တိုင်းဝယ်ပြီး စစ်ဆေးရေး လုပ်ရမယ်ဆိုတော့ သူတို့တွေက ဘယ်နေရာကို တာဝန်ယူကြမှာလဲ ဆိုတာကိုတောင် စဉ်းစားလို့မရတော့ဘူး"ဟု အဝေးပြေးကားဂိတ် တာဝန်ခံတစ်ဦးက ဆိုသည်။


"စစ်ဆေးရေးတွေ လုပ်တော့လည်း ဘယ်သူမှ လက်ခံတာ မတွေ့ရဘူး။ အိတ်ကို ရှာဖို့ကျတော့လည်း လက်မခံဘူး။ သူတို့ ကိုယ်ခန္ဓာအပေါ်ကို မိုင်းရှာကိရိယာနဲ့ ရှာတာလည်း မကြိုက်တော့လည်း စစ်ဆေးရတာ မလွယ်ဘူး။ ပါဆယ်ထုပ်တွေကိုလည်း ဖောက်စစ်ပါလို့ ညွှန်ကြားသလို ဖောက်စစ်တော့လည်း Customer က သဘောမကျတော့ ဘာတွေဆက်လုပ်ရမှန်းကို မသိတော့ဘူး"ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

"ဒီကိစ္စတွေက သင်္ကြန်ပြီးရင်တော့ ပျောက်တန်ကောင်းပါရဲ့၊ အခုက နေပြည်တော်မှာလည်း အစည်းအဝေးတွေရှိ၊ တပ်မတော်နေ့ကလည်း လာတော့မယ်လေ၊ ပြီးခဲ့တဲ့သင်္ကြန်မှာ ဗုံးကွဲတဲ့ အခံလည်းရှိတော့ တင်းကျပ်နေတာ ဖြစ်မှာပါ။ သင်္ကြန်ပြီးရင်တော့ အကုန်လုံး အေးဆေးပြန်ဖြစ်မယ် ထင်ပါတယ်"ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။


ရန်ကုန်မြို့တွင် မိုင်းရှာကိရိယာများကို ယခုကာလမှသာ ကျပ်ကျပ်မတ်မတ် ဝယ်ယူခိုင်းသော်လည်း နေပြည်တော်တွင်မူ ဝယ်ယူခိုင်းထားသည်မှာ ကြာပြီဖြစ်ကြောင်း သိရပြီး၊ ယင်းကိရိယာများ အသုံးပြု၍ စစ်ဆေး ခြင်းများအား တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်း မရှိကြောင်း သိရှိရသည်။


ရန်ကုန်မြို့ အခြေစိုက် ဖွင့်လှစ်ထားသော ဒဂုံဧရာအဝေးပြေးနှင့် အောင်မင်္ဂလာအဝေးပြေးတို့တွင် မိုင်းရှာကိရိယာနှင့် ကင်မရာများ အားလုံးကို ဝယ်ယူထားပြီးကြပြီ ဖြစ်သော်လည်း အောင်မင်္ဂလာအဝေးပြေးတွင်သာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။


×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ


"ဆယ်ပါတီအနေနဲ့ ဆွေးနွေးထားတဲ့ အကြောင်းအရာတွေပါတဲ့ စာရွက်စာတမ်းတွေကို အီးယူကို ပို့လိုက်တယ်။ ဒီအချက်တွေထဲမှာ မြန်မာပြည်သူတွေအတွက် စဉ်းစားပေးဖို့ အကုန်လုံး မရုပ်သိမ်းပေးနိုင်ရင်တောင်မှ အခြေခံ လူတန်းစားအတွက် ထိခိုက်နစ်နာမှုရှိတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ငါးလုပ်ငန်း၊ သစ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း စတဲ့လုပ်ငန်းတွေကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်နိုင်အောင် လုပ်ဆောင်ပေးဖို့ စတဲ့အချက်တွေ ပါဝင် ပါတယ်။ ဒီအချက်တွေကို စဉ်းစားပြီး ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်" ဟု ဆိုသည်။


The Flower News ဂျာနယ်၊ အတွဲ () အမှတ်( ၁၂) ပါ "မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန် ပါတီငါးခုနှင့် အီးယူတို့ တွေ့ဆုံဆွေးနွေး" သတင်းမှ ဦးခင်မောင်ဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ဖော်ပြချက်

---------------------------------------------- --------------------------------------------------------------

"မြန်မာနိုင်ငံ ကျန်းမာရေးအတွက် လိုအပ်ချက်တွေ ရှိနေတာကိုတော့ သက်ဆိုင်ရာတွေလည်း သိမှာပါ။ အစိုးရဘက်မှာ လည်း ကျွန်တော်တို့ မြင်တာကတော့ သုံးစွဲမှုအတွက် ဘတ်ဂျက်လို့ထင်ပါတယ်။ ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့ကလဲ ချပေးတဲ့ ဘတ်ဂျက်နဲ့ပဲ လောက်အောင် သုံးရမှာပဲ။ နိုင်ငံတိုင်းက အစိုးရတွေအနေနဲ့က နိုင်ငံသားတွေ ကျန်းမာရေးအတွက် လုံလုံလောက်လောက် သုံးချင်ရင် နိုင်ငံဘတ်ဂျတ်နားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကို ပညာရေးနဲ့ ကျန်းမာရေးမှာ သုံးမှပဲ လုံလောက်မှု ရှိနိုင်မယ်လို့ ထင်ပါတယ် " ဟု ဒေါက်တာ စိုးဝင်းဦးက သုံးသပ်ပြောကြားခဲ့သည်။

The Flower News ဂျာနယ်၊ အတွဲ () အမှတ်( ၁၂) ပါ "ပြည်သူ့ ကျန်းမာရေး အစိုးရသစ် ဖော်ဆောင်ဖို့ လိုအပ် " ဆောင်းပါးမှ ဒေါက်တာ စိုးဝင်းဦး၏ ပြောကြားချက်အား ကောက်နှုတ်ဖော်ပြချက်

------------------------------------------------------------------------------------------------------------

"မြန်မာပြည်တစ်ခုတည်းကို ကြည့်မယ်ဆိုရင် အနောက်ဘက်မှာ အိန္ဒိယကမြေထုချပ်က မြန်မာပြည်ရဲ့အနောက်ဘက်ကို စိုက်ပြီးတော့ ဝင်နေတယ်။ အဲဒါကို Subsction ဇုန်လို့ ခေါ်တယ်။ အဲဒါက ဆူမားတြားမှာ ဖြစ်တဲ့ပုံစံနဲ့ အတူတူပဲ။ အဲဒါကလည်း ငလျင်ကြီးတွေ လှုပ်တတ်တယ်။ နောက်တစ်ခါ  မြန်မာပြည်အလယ်ပိုင်းမှာလည်း အဲဒီအတိုင်းပဲ စစ်ကိုင်းပြတ်ရွေ့ဆိုတာ ရှိတယ်။ စစ်ကိုင်းပြတ်ရွေ့က မြန်မာပြည်အနောက်ပိုင်းမှာ မြန်မာ့မြေထုချပ် ဆိုပြီး သီးခြားဖြစ်သွားပြီးတော့ အဲဒီ မြေချပ်ထုကြီးကလည်း မြန်မာပြည်မြောက်ပိုင်းကို ပျှမ်းမျှ တစ်နှစ်ကို စင်တီမီတာလောက် ရွေ့နေတယ်။ အဲဒီရွေ့လျားမှုတွေကြောင့် ခုနက စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်နဲ့ အနောက် ဘက်ကမ်းခြေတွေမှာ ငလျင်ကြီးတွေ လှုပ်နိုင်တဲ့ အခြေ အနေတွေ ရှိနေတယ်။"   

TRUE NEWS ဂျာနယ် အတွဲ () အမှတ် (၃၀) ပါ "မြန်မာနိုင်ငံက ကမ္ဘာ့အကြီးဆုံး ငလျင်ကြောကြီးပေါ်မှာ ရှိနေတယ်" အင်တာဗျူးမှ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရ ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ဖော်ပြချက်


×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

မြန်မာို့င်ငံရေး  အပြောင်းအလဲ ရှိခြင်း၊ မရှိခြင်း

ှစ်ပေါငှ်းစ်ဆယ်ကျော် ကာပီးနောက် မြန်မိာုင်ငံတွင် အရပ်သားအစိုးရ ပေပေါက်လာသည်။ သမ္မတ၊ ဒုတသမ္မတ၊ ပြန်ကားရေးဝန်ကီး၊ တ်တော်ဥက္က စသည်ဖြင့် အရပ်သားအစိုးရတို သွင်ပြင်လက္ခဏာ များဖြင့် ဖွဲစည်းထားပီး အဆိုပါရာထူးအားလုံးမှာ ယခင် စစ်အစိုးရမှ ဗိုလ်ချပ်ဟောင်းများ ဖြစ်ကသည်။ ထိုကာင့် လုံးဝ အပြောင်းအလဲကို လိုလားသူများက မြန်မာို့င်ငံရေး အပြောင်းအလဲ မရှိ၊ ယခင် တရားမဝင် အစိုးရ သည် အရပ်သားအသွင်ဖြင့် တရားဝင် ဖြစ်သွားရုံမှတပါး ထူးခြားမမရှိပါဟု ဆိုကပြန်သည်။

ယခု လွှတ်တော်ခေနေစဉ်အတွင်း၌လည်း အတိုက်အခံဟုခေါ်ကြသော ဒီမိုကရက်တစ်ပါတီများ၏ အဆိုတင်သွင်းမှု မေးခွန်းမေးမြန်းမှုများကို  စစ်ဗိုလ်ချပ်မျာှးင့် ၎င်းတို ဦးဆောင်မှုအောက်တွင်ရှိသော ပါတီက တ်တော်တွင် အင်အားကီး နေရာရပါတီပီပီ ဆန်ကျင့်လိုက် ပယ်ချလိုက် ပြလုပ်ကလေရာ မြန်မာို့င်ငံရေးတွင် အပြောင်းအလဲမရှိ၊ ယခင်ကှင့် ထူးမခြားနားဟူသောသဘာပေးမှုကို ရရှိလေသည်။

ရွေးကောက်ပွဲကို ထောက်ခံ၍ မြန်မာို့င်ငံရေး  အပြောင်းအလဲကို သီအိုရီများအရ မြင်ကသော အင်အားစုတို့ကမူ မြန်မာို့င်ငံရေးသည် အမှန်ပင် အပြောင်းအလဲ ဖြစ်သွားပီဟု ဆိုပြန်သည်။ အနည်းဆုံး စစ်တပ် အုပ်ချပ်သော စစ်အုပ်ချပ်ရေးမှ အရပ်သားများ ပါဝင်သော ပါလီမန် အုပ်ချပ်ရေး ဖြစ်သွားသည်ဟု ဆိုကသည်။ ထိုကိစကတော့ အမှန် တကယ်ပင် ဖြစ်သည်။ ကမာပေတွင် စစ်ဖြစ်နေသည့ိုင်ငံများမှလွဲ၍ ဘယိုင်ငံမှာမှ မရှိ တော့သော စစ်တပ်အုပ်ချပ်သည့် စနစ်ကီးကို ရှားပါးပစ္စည်းတစ်ခုကဲ့သိုထိန်းသိမ်းထားသည့် မြန်မိာုင်ငံ၏ စစ်အုပ်ချပ်ရေးကီးလည်း မျိးတုန်းပျောက်ကွယ်သွားသော နောက်ဆုံးသတ္တဝါကီးအဖြစ် မှတ်တမ်းဝင်သွားပီ ဖြစ် သည်။

 "ကိုယ်တို့က မာရှယ်လော အောက်မှာ နေခဲ့ရတာ၊ကယ်ကွေရင် မိုးလင်းတယ်ဆိုတဲ့ ခေတ်မှာ လူဖြစ်လာရတာ၊ အခု တ်တော်အတုက ဖွဲစည်းပုံ ရှိတယ်၊ မာရှယ်လော ထက်တော့သာသေး တယ်၊ှစ်လေးဆယ်နီးပါးလောက် အစိုးရအသုံးစားရိတ် ဘယ်တုန်းကမှ မထုတ်ပြန်ဘူး၊ အခု မေးလိုပီ၊ သမ္မ သိန်းငါးဆယ်ယူတာ တရားဝင်ယူတာ ပြဿနာ မရှိဘူး။ သိန်းတစ်ရာဖိုး သုံးရင် ပြဿနွှာရှိလာပီ ဒါတွေ မြင်လာရပီ၊  ဒါတွေဟာ အပြောင်းအလဲတွေပဲ" ဟု လွှတ်တော်မရောက်ခဲ့သည့် အမတ်တစ်ဦးက သုံးသပ်ပြသည်။

" အရင်ကတော့ တပ်ချပ်ကီးတစ်ဦးတည်း အမိန် အခုတော့ သမ္မတ၊ ဒုသမ္မ္မ္မ္မ တ်တော်ဥက္ကဋ္ဌနဲ့ အာဏာရပါတီ ဥက္က လေးဦးလုံးက အုပ်ချပ်တာ၊ ဘယ်သူ အာဏာပိုရှိမှန်း ဘယ်သူမှ မသိုင်ဘူး၊ အရင်က တစ်ယောက်တည်း အုပ်ချပ်တာတောင် ဒီလောက်ဆိုးတာ၊ အခု လေးယောက်ဆို ပိုဆိုးပီလိုပြောလိုမရဘူး၊ ဒီလေးယောက်က ကျားလေးကောင်ကို မီးတွေ တွဲချည်လိုက်သလို ဖြစ် သွားတယ်။ သူတိုချင်း လွန်ဆွဲနေရာက လုပ်ချင်တိုင်း လုပ်လို့မရတော့ဘူးပေါ့၊ တစ်ယောက်နဲတစ်ယောက်က မဲတမ်းစောင့်ကည့်နေတယ်၊ အဲဒီတော့ တစ်ယောက်ယောက်က အမှားလုပ်ရင် တစ်ယောက်က ထောင်းမှာဆိုတော့ မဟုတ်တာလုပ်ဖို အခွင့်အလမ်း နည်းသွားမယ်" ဟိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

သမတသည် ယခင် ဘဝဟောင်းက (စစ်ဗိုလ်ချပ်ဘဝကို ဆိုလိုသည်) ပြည်သူတ်တော် ဥက္ကဋ္ဌ ဂျနီယာဖြစ်သည်။ ဤတွင် စီနီယာ ဥက္ကဋ္ဌကြီးသည် ပြည်သူတ်တော် ဥက္ကဋ္ဌ ပြည်သူအကျိးကိုကည့်သူအဖြစ် နာမည်ကောင်းယူကာ သမ္မတကို ထိန်းတော့မည်။ ဂျနီယာက သမ္မတအာဏာဖြင့် ထင်တိုင်းမပြုနိုင်စေရန် မိမိ လုပ်ပိုင်ခွင့်အရ ထိန်းပေတော့မည်။ ပြည်သူ့အကျိးကို အမှန်တကယ်ဆောင်ရွက်ခဲ့သည့် ပြည်သူလွှတ်တော် ဥက္ကဋ္ဌကီးသည် နောက်ရွေးကောက်ပွဲတွင် သမ္မတဖြစ်ဖိုပြည်သူအားကို လိုပေလိမ့်မည်။ ထိုကာင့် ဥက္ကကီးခမျာ ယခုတည်းက ပြည်သူအားကိုယူရန်ကိးပမ်းနေသည်။ ထိုကာင့် ပြည်သူကိက်တာ လုပ်ရတော့မည်ဖြစ်ရာ အကျိးတစ်ခုတော့ ဖြစ်ထွန်းလာပီဟု ဆိုင် သည်။

ွှတ်တော်တွင် ဒီမိုကရက်အမတ်များ၏ အဆိုဟူသမျှကို ပယ်ချရန် သက်ဆိုင်ရာဝန်ကီးတွင် လုံးဝတာဝန်ရှိသည်ဟု တပ်ချပ်ကီးက အမိန်ပေးမထားသည့်တိုင် ဝန်ကီးမှန်သမျှသည် မိမိ စွမ်းဆောင်ချက် မညံ့ဖျင်း ခဲ့ကောင်း သက်သေပြရန်အတွက် အဆှိုင့် မေးခွန်းဟူသမျှကို ပယ်ချသည်။ ဒီမိုကရက်အမတ်မင်းများ တော်ကပါပေသည်။ ဝန်ကီးပယ်ချလျှငှ်ုံးမည်မှန်း သိလျှကှ်င့်ပင် မဲခွဲရန် တောင်းဆိုသည်၊ ရှုံးလည်း ရှုံကပါပေသည်။ ထိုအခွှါတ်တော်အပီး ညစာစားချိန် ဒီမိုကရက်အမတ်မငှ်းင့် ခြသေ့အမတ်မင်းတို တွေ့ကြသည်။ တ်တော်ထဲတွင် မျကှ်ာကောတင်းထားသမျှ ဘဝတူချင်းမိုအပြင်ရောက်တော့ မျကှ်ာထားတွေပြင် မိတ်ဖွဲ့ကြ၊ ခင်ရာ မင်ကောင်းပြောက ရငှ်းီးသွားတော့ ဒီမိုကရက်အမတ်မင်းက စကားစသည်။

"ဝန်မင်းရေ ကျွန်တော်တိုက ကျွန်တော်တိုမဲဆန္ဒရှင်တွေကို  မဲဆွယ်စဉ်တုန်းက ကတိအတိုင်း လုပ်ပေးပါတယ်၊ အဆိုတွေလည်း တင်သွင်းပါတယ်၊ ဒါပေမယ့် ဝန်မင်းတိုပါတီက အမတ်တွေက ပယ်ချနေတယ်လို့ပဲ ပြောလိုက်ရတယ်ဗျာ"ဟု စကားနာထိုးသည်။ ဤတွင် ခြသေ့အမတ်မင်း ပျာယာခတ်သွားပီ။ သူသည်ကား မသေမချင်း တ်တော်ထဲတွင်ထိုင်လိုသူ အသင်းကီးတဖြစ်လဲ ပါတီကီးအား ပြည်သူ့ မေတ္တ ရစေချင်သူ၊ သို့နှင့်ပင် " ဟာ အဲလိုတော့ မရက်စက်ပါနဲ ဝန်မင်းရယ် ဖြစ်သင့် ဖြစ်ထိုက်တာ၊ လုပ်လို့ရမယ် ထင်တာလေးတွေ ထောက်ခံပေးပါ့မယ်၊ ပါတီကိုတော့ လူမုန်းအောင် မလုပ်လိုက်ပါနဲ့ ဗျာ" ဟု အသည်းအသန် ညှိနှိုင်းလိုက်ရသည်။ ဒီမိုကရက်အမတ်မင်း ကျေနပ်စွာပံးလိုက်မည်မှာ မလွဲပါ။

ဤသိုဖြင့် နောက်တစ်နေတွင် မိုင်းပန်မှ ဦးထွန်းမြင့်ဦး၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန် အဆိုကို လွှတ်တော်တွင် မဲခွဲရာ ဆက်လက်ဆွေွးေးသင့်သည့် အဆိုအဖြစ် သဘောတူလိုက်ကသည်။ လူဝင် မှုကြီးကပ်ရေး ဝန်ကီးဟောင်းက အနားမယူခင် နောက်တက်လာမည့် ဝန်ကီးအသစ် မပျင်းစေရန် အလုပ်ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ခြသေ့အမတ်မင်းမျာှးင့် ဒီမိုကရက် အမတ်မင်းတိုကားပံးစိစိ။

သို့နှင့်ပင် ဒီမိုကရက်အမတ်မင်းများက မေးလိုက်၊ ဝန်ကီးများက ပယ်ချလိုက်၊ အမတ်မင်းများက လက်မလျော့ မဲခွဲရန် တောင်းဆိုသည်။ှုံးသည်။ကာလာတော့ အဆိုတင်သွင်းတိုင်း ရှုံးအောင်လုပ်ပေးကရသော အမတ်မင်းတို့က တရားခံ အဖြစ်မခိုံင်က၍ ထောက်ခံပေးလိုက်သည်။ ထိုအခါမျိးတွင် သက်ဆိုင်ရာဝန်ကီးခမျာ အလျင်အမြန် ကျေနပ်ဖွယ်ရှိသည့်အဖြေကို ပေးရတော့သည်။ ဤသိုဖြင့် စိတ်ရှည်၍ ဇွဲကောင်းသော ချင်း အမတ်များ အောင်ပွဲရလိုက်သည်။ သက်ဆိုင်ရာဝန်ကီးများထံမှ ချင်းပြည်နယ် ဖွံ့ဖြိးရေးအတွက် ကတိတွေ တစ်ပွေတစ်ပိုက်ကီး ရသွားတော့သည်။ိုင်ငံရေးဆိုသည်ကလည်း ဈေးဆစ်ခြင်း တစ်မျိးပင် မဟုတ်ပါလား။

နိဂုံးချပ် ဆိုရသော် မြန်မာို့င်ငံရေး အပြောင်းအလဲ ရှိမရှိဆိုသည်မှာ အထက်ပါ ဖြစ်ရပ်များကို နှိုင်းယှဉ်၍ မိမိဘာသာ သုံးသပ်ကပါကုန်။ မြန်မာို့င်ငံရေး အပါးဝနေပီဖြစ်သေိာုင်ငံရေး လေ့လာသူတစ်ဦး၏ မှတ်ချက် မှာ မြန်မာို့င်ငံရေးက သူများထက် စိတ်ရှည်ရမယ်၊ အများကီး မမျှော်လင့်ပါနဲ့၊ သိပ်ပီးတော့လဲ စေတနာ မထားမိပါစေနဲ့ ဟူ၍ ဖြစ်သည်။

 

 

 

 

 

 

 

 

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment