Transparency Myanmar

transparency.myanmar@gmail.com

(မတ်လ ၁၅ ရက် ၂၀၁၁ ရက်စွဲပါ EU Business မှ  "EU Diplomats talk sanctions with Myanmar's Suu Kyi" ကို ဘာသာ ပြန်ဆိုသည်)

ဥရောပ သံတမန် များသည် အင်္ဂါနေ့က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အခြား မြန်မာ့ နိုင်ငံရေး လှုပ်ရှားသူ များနှင့် တွေ့ဆုံ အနောက်နိုင်ငံ Sacntion များ ရုပ်သိမ်းရေးနှင့် ပတ်သက် ဖြစ်နိုင်ခြေ များကို ဆွေးနွေး ကြကြောင်း အတိုက် အခံ ပါတီ ခေါင်းဆောင်က ပြောသည်။

ဘန်ကောက်မှ ဥရောပ သံတမန်များ၊ သံအမတ်ကြီး ကိုးဦးနှင့် မြန်မာ နိုင်ငံ အခြေစိုက် သံတမန်များ အပါအ၀င် (၂၅) ဦးသည် ရန်ကုန်တွင် ကျင်းပသော အစည်း အဝေးသို့ တက်ရောက်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

ယင်းသည် ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် ဦးသုဝေနှင့် အခြား တိုင်းရင်းသား ပါတီ သုံးခုမှ ကိုယ်စားလှယ် သုံးဦး တို့နှင့် အတူ အစည်း အဝေးသို့ တက်ရောက် ခဲ့ခြင်း ဖြစ်သည်။

"အဓိက ကတော့ ကျွန်တော်တို့ Sanction ရုပ်သိမ်းရေးကို ဆွေးနွေး ကြတာ ပါပဲ။ သူတို့က Sacntion ရုပ်သိမ်း ခဲ့ရင် အစိုးရက ပိုပြီး အကျိုး ရှိသွား မလား လို့ မေးကြတယ်" ဟု ယင်းက AFP သို့ ပြောကြား ခဲ့သည်။

"သူတို့ ဘာမှ ငြင်းခုံခြင်း မပြု ပါဘူး။ သူတို့ မှတ်သွား ပါတယ်။ သူတို့ ပြန် စဉ်းစား လိုပုံ ပေါက် ပါတယ်"ဟု ဦးခင်မောင်ဆွေက ပြောသည်။

ဒေါ်အောင်ဆန်း စုကြည်အား နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွှတ်ပေးပြီး နောက်တွင် Sanction များနှင့် ပတ်သက် စကား အချေ အတင် ပြောမှုများ ပြန်လည် ဖြစ်ပေါ် လာခဲ့သည်။ Sanction များမှာ အီးယူနှင့် အမေရိကန် ပြည်ထောင်စု တို့က မြန်မာ နိုင်ငံ၏ လူ့အခွင့် အရေး ချိုးဖောက်မှု များကြောင့် ချမှတ် ထားခြင်း ဖြစ်သည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် အင်္ဂါနေ့က ဆွေးနွေးပွဲတွင် အလွန် အကျွံ စကား ကျွံခြင်းများ မရှိကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

"ဒါပေမယ့် တချို့ မေးခွန်းတွေကို ဖြေကြား ရာမှာ စောင့်ကြည့်ဖို့ တောင်းဆို ခဲ့တာကို တွေ့ရ ပါတယ်" ဟု ယင်းက ပြောသည်။

NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောကြား ရာတွင် ပါတီ အနေဖြင့် အစည်း အဝေးနှင့် ပတ်သက် အသေးစိတ် ထုတ်ပြန်ရန် အစီ အစဉ် မရှိ သေးကြောင်း ပြောကြား ခဲ့သည်။ သို့သော် ရန်ကုန် မြို့ရှိ ဥရောပ သံတမန် တစ်ဦးက ပြောကြား ရာတွင် အဆိုပါ အစည်း အဝေးမှာ မြန်မာ နိုင်ငံရှိ အတိုက် အခံ ပါတီများ ကြားတွင် အပြန် အလှန် ဆက်ဆံ ရေးများ ရှိရန် ဖန်တီး ပေးခြင်း ဖြစ်ကြောင်း ဆိုသည်။

"လူတိုင်းက ကိုယ့် ရပ်တည်ချက် ကနေ တပြားသားမှ မရွေ့ ဘူးဗျ။ သူတို့ အချင်းချင်း ကြားမှာ ဆွေးနွေး တာတို့ ညှိနှိုင်း တာတို့ အလေ့ အထ မရှိတော့ စကား ပြောရတာ သိပ်မလွယ်ဘူး။ သူတို့ရဲ့ ဓလေ့ ထုံးစံ မဟုတ် ဘူးဗျ"ဟု အမည် မဖော်လိုသူ အဆိုပါ ဥရောပ သံတမန်က AFP သို့ ပြောသည်။

ဦးခင်မောင်ဆွေက ပြောကြားရာတွင် ယင်းက သံတမန် များအား ပြည်သူ များသည် Sanction များကြောင့် ခံစား နေရကြောင်း ပြောကြား ခဲ့သည်။

"သူတို့က ဘယ်လို sanction အမျိုး အစား တွေကို ရုပ်သိမ်း ပေးစေ လိုသလဲ လို့ မေးကြတယ်။ ကျွန်တော်က အထူးသဖြင့် ကုန်သွယ် ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု တွေမှာ ရုပ်သိမ်း ပေးဖို့နဲ့ သူတို့ ကြောင့် လူတွေ ထိခိုက် တယ်လို့ ပြောလိုက် တယ်" ဟု ယင်းက ဆိုသည်။

International Crisis Group က ယခုလ ပြောကြားရာတွင် မြန်မာ နိုင်ငံ အပေါ် ဥရောပက ဆယ်စုနှစ် ဆယ်ခုခန့် sanction များ ချမှတ် ထားရာ လွန်စွာ ရလဒ် မထွက်ကြောင်း၊ ထို့ကြောင့် အမြန်ဆုံး ပြုပြင်ရန် လိုအပ်ကြောင်း ပြောခဲ့သည်။

ကုန်သွယ် ရေးနှင့် ငွေကြေး ဆိုင်ရာ sanction များကို ထောက်ခံ သူများက ပြောကြားရာတွင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော် ရှိသော မြန်မာ နိုင်ငံ၏ စစ်ခေါင်းဆောင် များကို ဖိအား ပေးရန် နည်းလမ်းသာ ရှိကြောင်း ပြောကြား ခဲ့သည်။

ဖေဖော် ၀ါရီလက ဒေါ်အောင်ဆန်း စုကြည် ၏ ပါတီသည် Sanction နှင့် ပတ်သက် အနောက် နိုင်ငံ များနှင့် စကား ပြောလိုကြောင်း ပြောခဲ့သည်။ သို့သော် sanction များသည် စီးပွားရေးကို မထိခိုက်ကြောင်း၊ Sanction နှင့် ပတ်သက် ပြောင်းလဲမှု မှန်သမျှသည် လူ့အခွင့် အရေးနှင့် ပတ်သက် တိုးတက်မှုများ ရှိစေ သင့်ကြောင်း ပြောခဲ့သည်။

သူမ၏ ပါတီသည် စစ်တပ်မှ လွှမ်းမိုးသော ပါလီမန် သစ်တွင် ပြောရေး ဆိုခွင့် မရှိပေ။ အဘယ်ကြောင့် ဆိုသော် ယင်းသည် နိုဝင်ဘာ ရွေးကောက်ပွဲအား သပိတ် မှောက်ခဲ့ ခြင်းကြောင့် ဖျက်သိမ်း ခံခဲ့ရ၍ ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံ အပေါ် ချမှတ် ထားသော Sanction များ ရုပ်သိမ်းရေး တောင်းဆိုချက် များနှင့် ပတ်သက် ပြီးခဲ့သည့် လက ပြောကြား ရာတွင် ရုတ်သိမ်းချိန် မတန် သေးကြောင်း သူမက ပြောဆို ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment