Transparency Myanmar

transparency.myanmar@gmail.com

(Asia Times မှ Stanley A. Wiss ၏ "Counter point on Myanmar's transition" ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

တူးနစ်၊ ကိုင်ရို မှသည် ထရီ ပိုလီ အထိ လှုပ်ရှား ခဲ့ကြသော ဆန္ဒ ပြသူ များသည် အကယ် ၍သာ သူတို့၏ တော်လှန် ရေးများ အောင်မြင်ပြီး မြန်မာ နိုင်ငံ မှာမူ တော်လှန်ရေး ပျက်ပြားကာ ကြော်ငြာ ပိုစတာ ကပ်သည့် ကလေး အဆင့်တွင် ကျန်နေ ခဲ့သည် ဆိုပါက အံ့အားသင့် သွားကြ ရပါ လိမ့်မည်။

ဗြိတိန် နိုင်ငံ လူဦးရေနှင့် ညီမျှပြီး လူတစ်ဦးချင်း တစ်ရက် ဝင်ငွေ ၂ ဒေါ်လာ (၂၀၀၀ ကျပ်) ပင် မပြည့်သည့် မြန်မာ နိုင်ငံသည် ၁၉၆၂ မှစ၍ စစ်အုပ် ချုပ်ရေးက ပေးသော ဒုက္ခများကို ခံစား ခဲ့ရသည်။

တူနီးရှား၊ အီဂျစ်နှင့် လစ်ဗျားတွင် မြင်တွေ့ ရမှုများ (ကမ္ဘာ တစ်လွှား မြင်တွေ့ ကြရသည့် ပုံရိပ် များကို မြန်မာ နိုင်ငံတွင် မဖော်ပြရန် ဆင်ဆာ ပိတ်ထားသည်) နှင့် အလားတူ ဒီမိုကရေစီ အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူ များသည် မြန်မာ နိုင်ငံတွင်မူ အကာ အကွယ်မဲ့ သံဃာတော်များ၊ ကျောင်းသား များအား စစ်သား များက ဗြောင်ကျကျ ပစ်ခတ်မှု များကို ဖြစ်ပေါ် စေခဲ့သည်။ ၁၉၈၈ ခုနှစ်က ပထမဆုံး လူထု လှုပ်ရှားမှုတွင် ခန့်မှန်းချေ ၆၀၀၀ ခန့် သေဆုံး ခဲ့ရပြီး ကမ္ဘာ တစ်လွှားက ရွှေဝါရောင် လှုပ်ရှားမှုဟု သိရှိ ထားကြသော ၂၀၀၇ခုနှစ် ဒုတိယ အကြိမ် လှုပ်ရှားမှုတွင် ရာနှင့် ချီ၍ သေဆုံးကာ ထောင်နှင့် ချီ၍ ဖမ်းဆီး ခံခဲ့ကြရသည်။

သို့ဖြစ်ရာ လွတ်လပ်ခြင်း မရှိ၊ မျှတခြင်း မရှိ ဟူသော အမေရိကန် သမ္မတ အိုဘားမား၏ စကား အတိုင်း စစ်အစိုးရ ပံ့ပိုးသော လွှတ်တော် ကိုယ်စားလှယ် လောင်းများ အလွယ် တကူ အနိုင် ရရှိ သွားခဲ့သည့် မြန်မာ နိုင်ငံ၏ ဆယ်စု ၂စုတွင်း ပထမဆုံး ရွေးကောက်ပွဲ များကို နိုင်ငံ တကာ အသိုင်း အဝိုင်းက ပြစ်တင် ရှုတ်ချ ကန့်ကွက် လိုက်သော အခါ အံ့အား သင့်စရာ မရှိ တော့ပါဟု ဆိုရ ပါမည်။ ရွေးကောက် တင်မြှောက်ခံ အစိုးရ အဖွဲ့သစ်က အာဏာ လွှဲပြောင်း ယူရန် ယခုလ အတွင်း ပြင်ဆင် နေသည့် အတွက် မြန်မာပြည်သူများ ဘာကိုစဉ်းစားနေသလဲ၊ မြန်မာနိုင်ငံ၏ အသွင် ပြောင်းလဲ မှုကို အနောက် နိုင်ငံများ မည်သို့ နားလည် သဘော ပေါက်သလဲ ဆိုသည် တို့နှင့် ပတ်သက်၍ အဖြေ မရ သေးသော မေးခွန်းများ ရှိနေဆဲ ဖြစ်သည်။ ယခု ဆောင်းပါး ရှင်သည် မြန်မာ နိုင်ငံသို့ သွားရောက်ကာ နှစ် အတန်ကြာ တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ် ခဲ့ပြီးနောက် ၎င်းတို့၏ အတွေး အမြင် များထဲမှ ခိုင်မာသော အယူ အဆ ၃ ခု ပေါ်ထွက် လာခဲ့သည်။

ပထမ တစ်ချက်မှာ ရွေးကောက်ပွဲ များသည် အနောက် နိုင်ငံများက နားလည် ထားသည်ထက် ပို၍ အရေးကြီး၊ အရေးပါ နေခြင်း ဖြစ်သည်။ "အနောက် နိုင်ငံတွေ သတိ မပြုမိတဲ့ အချက် ကတော့ ဒီရွေးကောက်ပွဲ တွေကို များစွာ ကျယ်ပြန့်တဲ့ နိုင်ငံရေး အသွင် ပြောင်းလဲမှု အတိုင်း အတာ ထဲမှာ ပြုလုပ် ခဲ့တယ် ဆိုတဲ့ အချက်ပါ" ဟု ပြောကြားသူမှာ ကုလ သမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ဟောင်း ဦးသန့်၏ မြေးဖြစ်သူ မြန်မာ လူမျိုး သမိုင်း ပညာရှင် ဦးသန့်မြင့်ဦး ဖြစ်သည်။ တပ်မတော် အစိုးရ တစ်ဖွဲ့လုံး နီးပါး စစ်ဖက် ရာထူးကနေ နုတ်ထွက် ခဲ့ကြတယ်။ တော်တော် များများ ရွေးကောက်ပွဲ ဝင်ပြိုင် ခဲ့ကြပြီး သူတို့ထဲက တချို့က အစိုးရ အဖွဲ့သစ်မှာ ပါဝင် လာကြပါတယ်။ တပ်မတော် ခေါင်းဆောင်ပိုင်း မျိုးဆက်သစ် တစ်ခုလုံးကို နိုင်ငံရေး ခေါင်းဆောင်မှု ကဏ္ဍထဲကို တွန်းတင် ထားပါတယ်။ အခြေခံ ဥပဒေသစ်ရဲ့ နောက်မှာ အမျိုးသား လွှတ်တော်နဲ့ ဒေသကြီး လွှတ်တော် အားလုံးဟာ သမ္မတ၊ တပ်မတော် တို့နဲ့ အတူ အဓိက နိုင်ငံရေး သရုပ်ဆောင် ၃ ယောက် ထဲမှာ ပါဝင် လာပါလိမ့်မယ်" ဟု ၎င်းက ပြောကြားသည်။

တစ်ချိန်က အစိုးရ၏ ထောင်ဒဏ် အပြစ်ပေး ခံခဲ့ရသော ကာလ ရှည်ကြာ နိုင်ငံရေး လှုပ်ရှားသူ တစ်ဦးက ဆက်လက် ဖြည့်စွက် ပြောကြားရာတွင် "ရွေးကောက်ပွဲ နိုင်သွားတဲ့ ပြည်ခိုင်ဖြိုး ပါတီ (USDP) ကို တပ်မတော် အစိုးရက စဖွဲ့တဲ့ အချိန်မှာ သူတို့ ပါတီ အတွက် အမတ်လောင်း အဖြစ် ရွေးချယ် ခံရသူ တွေဟာ မြို့ငယ် လေးတွေက ဆရာဝန်တွေ၊ အထက်တန်း ကျောင်းအုပ်တွေ၊ စီးပွားရေး လုပ်ငန်းရှင် တွေပါ။ သူ့အသိုင်း အဝိုင်းနဲ့ သူ လူသိများ၊ ထင်ရှား ပြီးသား ပုဂ္ဂိုလ် တွေပါ။ အနိုင်ရ သွားတဲ့ အမတ်လောင်း စာရင်းကို ကြည့်ရင် သူတို့ နာမည် တွေကို တွေ့ရ ပါလိမ့်မယ်။ အနောက် နိုင်ငံတွေ သတိ မမူမိတဲ့ အချက် တစ်ခုက သမ္မတသစ် ဦးသိန်းစိန်ဟာ စာရိတ္တပိုင်း သန့်ရှင်း သလို သူ့ရဲ့ သားသမီးတွေ ကလည်း စာရိတ္တ အစွန်း အထင်း မရှိဘူး ဆိုတဲ့ အချက်ပါ။ အဂတိ လိုက်စားမှု နာမည်ပျက် မရှိပါဘူး။ ဒါက "စတင် တာထွက်မှု တစ်ခုပါ"ဟု ဆိုသည်။

မြန်မာ့ အရေးကို နှစ်ပေါင်း များစွာ လေ့လာခဲ့သူ ပညာရှင် ရောဘတ် တေလာ ကလည်း "ဗိုလ်ချုပ်ကြီးတွေ စစ်ယူနီဖောင်း ကနေ အရပ်ဝတ် ပြောင်းဝတ် တယ်လို့ အပေါ်ယံ အားဖြင့် ထင်ရ ပေမယ့် အတွင်း သဏ္ဍာန် သဘာဝ မှာလည်း ပိုမို ကြီးမားတဲ့ ပြောင်းလဲမှုတွေ ရှိပါတယ်။ တပ်မတော် ကလည်း သူတို့ တစ်ဦးထဲ အမြဲတမ်း အုပ်ချုပ်လို့ မရဘူး ဆိုတာကို သိရှိ နားလည် ထားတဲ့ အတွက် စီးပွားရေး ဖွံ့ဖြိုးရေး၊ နိုင်ငံရေး တည်ငြိမ်ရေး၊ အမျိုးသား နိုင်ငံရေး စတဲ့ သူတို့ရဲ့ ဦးတည်ချက် ပန်းတိုင်တွေနဲ့ သဘောထား ကိုက်ညီမယ့် သူတွေကို နိုင်ငံရေး နယ်ပယ်နဲ့ အခွင့် အလမ်းတွေ ဖွင့်လှစ် ပေးဖို့ ဆန္ဒ ရှိနေ ပါတယ်" ဟု သုံးသပ် ပြောကြားသည်။

ဦးသန့်မြင့်ဦးက ဆက်လက်၍ "နောက်တစ်ခု ကတော့ ဒီရွေးကောက်ပွဲကို ဝင်ပြိုင် ခဲ့တဲ့ ဒါဇင်နဲ့ ချီတဲ့ ပါတီ အများစုဟာ တပ်မတော် အစိုးရနဲ့ လုံးဝ ကင်းရှင်းမှု ရှိတယ် ဆိုတာကို မမေ့ကြဖို့ပါ။ ပြီးတော့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် ပြည်သူတွေ သန်းနှင့် ချီပြီး မဲပေး ခဲ့ကြပါတယ်။ ဒါဟာ ဒီမိုကရေစီကို ဦးတည်တဲ့ အဆင့် တစ်ခုလား ဆိုတာ ကိုတော့ အချိန် ကသာ ပြောပြ သွားမှာပါ။ ဒါပေမယ့်ဗျာ၊ ကိုယ်တွေ့ ကြုံရင်တောင် ဘယ်လို အရေးကြီးတဲ့ အဆင့်တွေက ဒီမိုကရေစီကို နောက်ဆုံးမှာ ဦးတည် သွားစေသလဲ ဆိုတာကို ဘယ်သူက ပြောနိုင်ပါလဲ၊ ပြောရမယ် ဆိုရင် တောင်ကိုရီးယား ဒါမှမဟုတ် အင်ဒိုနီးရှား လိုပေါ့" ဟု ပြောကြားသည်။

ဒုတိယ တစ်ချက်မှာ မြောက်များ စွာသော မြန်မာ လူမျိုးများက အနောက် နိုင်ငံများကို စိတ်ပျက် လက်ပျက် ဖြစ်နေ ခြင်းပင် ဖြစ်သည်။ အနောက် နိုင်ငံတွေ အပေါ် လုံးဝ မယုံကြည်တော့ပဲ စိတ်ပျက် နေတာဟာ ဗိုလ်ချုပ်တွေ ကြားမှာသာ မကပါဘူး၊ တစ်တိုင်းပြည်လုံး လိုလို ပါပဲဟု နိုင်ငံရေး အကျဉ်းသားဟောင်း နိုင်ငံရေး လှုပ်ရှားသူ တစ်ဦးက ဆိုသည်။ "စိုးရိမ်စိတ်နဲ့ ကြောက်ရွံ့ နေသူတွေ၊ ခြေဗလာနဲ့ ဗွက်ထဲ ရုန်းနေ ရသူတွေ အဖြစ် အနောက် သတင်းစာတွေ ထဲမှာ ကိုယ်စား ပြုနေရ တာနဲ့တင် ကျွန်တော်တို့ မောနေ ပါပြီ။ ဒါဟာ စော်ကား ခံရရုံ သက်သက် ပါပဲ။ တရုတ် လွှမ်းမိုးမှု ကြီးထွား နေတယ်လို့ အခု အမေရိကန်က ပြောနေပါတယ်။ ကျွန်တော်တို့ ကတော့ ဒီလို ဖြစ်ဖို့ နီးကပ် နေပါပြီ။ နောက်ဆုံး ကျတော့ အမေရိကန် အစိုးရက မြေပုံ ဖတ်နေတာပါ" ဟု ၎င်းက မှတ်ချက် ပေးသည်။

အမည် မဖော်ရန် တောင်းဆိုသူ ပြည်ပြေး တစ်ဦး ကလည်း "အခု ဒီနေရာမှာ အမေရိကန် ပြည်ထောင်စု အတွက် သိပ်နောက်ကျ သွားပါပြီ။ အနောက် နိုင်ငံတွေ ဝင်လာဖို့ လိုအပ် တယ်လို့ စဉ်းစားဖို့ အတွက် မာန တစ်ခွဲသားနဲ့ အချိန် ယူတာ များသွား ပါတယ်။ မရတော့ပါဘူး၊ မြန်မာ နိုင်ငံမှာ အဓိက စီးပွားရေး စင်္ကြံလမ်းကို ဖွဲ့စည်း နေပါပြီ။ ရင်းနှီး မြှုပ်နှံမှု တွေလည်း အများကြီး စီးဝင် နေပါပြီ။ ပြောရတာ အားနာ ပေမယ့် ခင်ဗျားတို့ ဒီမျိုးဆက်ကို ဆုံးရှုံး သွားပြီလို့ ပြောပါရစေ" ဟု ပွင့်လင်းစွာ သုံးသပ်သည်။

တတိယ အချက်မှာ အနောက်နိုင်ငံ sanctions များသည် အသုံးမဝင်ရုံ သာမကပဲ၊ အတိုက် အခံများ အားနည်း နေချိန်တွင် တပ်မတော် အစိုးရကို အမှန်တကယ် အားကောင်း တောင့်တင်း သွားစေ ခြင်းပင် ဖြစ်သည်။ ဗြိတိန် နိုင်ငံသား ခံယူ ထားသူ တစ်ဦးက "အနောက် နိုင်ငံတွေ သဘော မပေါက်တဲ့ အချက်က ဘာလဲ ဆိုရင် (အမေရိကန် ဦးဆောင်တဲ့) နိုင်ငံတကာ အသိုင်း အဝိုင်းရဲ့ sanctions တွေဟာ မအောင်မြင်ရုံ သာမကပဲ နိုင်ငံတကာ အသိုင်း အဝိုင်း ကိုယ်တိုင်က ဗိုလ်ချုပ်တွေရဲ့ လေးစားမှုကို ရအောင် မယူ နိုင်ခဲ့တဲ့ အချက် ပါပဲ။ ဒါကြောင့် စစ်မှန်တဲ့ ဒိုင်ယာလော့ ကိုတောင် မလုပ် နိုင်တဲ့ အထိ ဖြစ်သွားပါတယ်" ဟု မှတ်ချက် ချသည်။

ထိုအချက်ကို ဦးသန့်မြင့်ဦး ကလည်း သဘောတူသည်။ "အမေရိကန် ပြည်ထောင်စုက အချိန် တော်တော် ကြာအောင် ချမှတ် ထားခဲ့တဲ့ မူဝါဒဟာ လုံးလုံး လျားလျား မဖြစ်နိုင်တဲ့ အကြောင်း အရာ ပေါ်မှာ အခြေခံ ထားခဲ့ တာပါ။ ဒါဟာ ဘာလဲ ဆိုရင် အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တပ်မတော် အစိုးရ အကြားက ဒိုင်ယာလော့ဟာ ဒီမိုကရေစီ အပြောင်း အလဲကို ဖြစ်ပေါ် စေမယ် ဆိုတဲ့ အချက်ပါ။ ဒိုင်ယာလော့ကို တွန်းအား ပေးဖို့ ချမှတ် ထားတဲ့ အနောက် နိုင်ငံ sanctions တွေဟာ အစိုးရ မွဲသွားအောင် မလုပ် နိုင်သလို၊ အစိုးရ ခေါင်းဆောင်တွေ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု လုပ်လာ အောင်လည်း ဖိအား မပေး နိုင်ခဲ့ပါဘူး။ သူတို့ (sanctions တွေ) လုပ်နိုင် ခဲ့တာ ကတော့ မြန်မာ လူ့အဖွဲ့ အစည်း တစ်ခုလုံး မှီခို နေရတဲ့ ကိုယ့်အား ကိုယ်ကိုး စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ လူလတ် တန်းစား အလွှာရဲ့ အနေ အထားကို ဆိုးဆိုး ဝါးဝါး အားနည်း သွားစေခဲ့ တာပါ" ဟု ဦးသန့်မြင့်ဦးက ရှင်းလင်း ပြောကြားသည်။

မြန်မာ နိုင်ငံကို စွန့်ခွာ လာခဲ့သော ပြည်ပြေး တစ်ဦးက ဆက်လက်၍ "မြန်မာ အစိုးရမှာ sanctions တွေ ရုတ်သိမ်း ပေးစေ ချင်တဲ့ အကြောင်း ရင်းလည်း မရှိဘူး၊ မက်မောမှုလည်း မရှိဘူး၊ သူတို့ဖက်က အလျှော့ပေး ညှိနှိုင်း ရမယ် ဆိုရင် NGO တွေလည်း မလိုချင်ဘူး၊ ကုလ သမဂ္ဂလည်း မလိုချင်ဘူး၊ ILO လည်း မလိုချင်ဘူး" ဟု သုံးသပ် ပြောဆိုသည်။

"ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ပေါ့ဗျာ" ဟု စကား ပလ္လင် ခံလိုက်သော ဦးသန့်မြင့်ဦးက တူနီးရှား၊ အီဂျစ်နှင့် လစ်ဗျား တို့ကို ထောက်ပြကာ "ကမ္ဘာ တစ်လွှားက လမ်းတစ်ဝက် ရောက်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှုကို အနောက် နိုင်ငံတွေက ဆုံးဖြတ် ပေးနိုင်တဲ့ အချိန် အထိ ရောက်အောင် ကျွန်တော်တို့ ကြာကြာ နေရမှာ မဟုတ်ဘူး ဆိုတာကို ကျွန်တော်တို့ လက်ခံ ရမှာပါ" ဟု ဆိုသည်။

အနောက် နိုင်ငံများ အတွက် စိတ်မကောင်း စရာမှာ ဤပြဿနာသည် အချိန် ကြာမြင့် တော်လှန်ရေး တစ်ခု ဖြစ်ဖွယ် ရှိနေခြင်းပင် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment