Transparency Myanmar

transparency.myanmar@gmail.com

(17 March 2011 ရက်စွဲနှင့် ထုတ်ပြန်သော "IMF- Statement on the Conclusion on the 2010 Article IV Consultation with Myanmar" ကို ဘာသာ ပြန်ဆိုသည်)

          နိုင်ငံ တကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) ၏ အမှုဆောင် ဘုတ်အဖွဲ့သည် မြန်မာ နိုင်ငံနှင့် တိုင်ပင် ညှိနှိုင်းမှု ၂၀၁၀ အခြေပြ အစီရင် ခံစာ အပိုဒ် (၄) ကို ၂၀၁၁ မတ်လ ၁၆ ရက်တွင် အပြီးသတ် ကောက်ချက် ချခဲ့ ကြပြီး ပညာရှင် ဘုတ်အဖွဲ့၏ အကဲဖြတ်ချက် ကို အစည်း အဝေး မထိုင်ဘဲ စဉ်းစား ဆုံးဖြတ် အတည် ပြုခဲ့သည်။

သဘော တူညီချက် အစီရင် ခံစာ အပိုဒ်ခွဲ (S) အရ နိုင်ငံ တကာ ငွေကြေး စနစ် အတွင်း အဖွဲ့ဝင် နိုင်ငံများ ထိရောက်စွာ လုပ်ဆောင် နိုင်မှု သေချာ စေရန် အတွင် အဖွဲ့ဝင် နိုင်ငံ များ၏ စီးပွားရေး၊ ဘဏ္ဍာရေး၊ ငွေလဲနှုန်း မူဝါဒများကို စောင့်ကြည့် နိုင်သည့် အခွင့် အာဏာကို IMF က ရရှိ ထားသည်။ အဆိုပါ မူဝါဒများ အပေါ် IMF ၏ အကဲ ဖြတ်ချက်တွင် အဖွဲ့ဝင် နိုင်ငံ တိုင်း၏ ယေဘုယျ စီးပွားရေး အနေ အထား နှင့် မူဝါဒ မဟာ ဗျူဟာကို ကျယ်ကျယ် ပြန့်ပြန့် ဆန်းစစ် လေ့လာ မှုများ ပါဝင်သည်။

IMF ၏ စီးပွားရေး ပညာရှင် များသည် အဖွဲ့ဝင် နိုင်ငံ တိုင်းသို့ တစ်နှစ်လျှင် တစ်ကြိမ်ခန့် များသော အားဖြင့် သွားရောက်၍ အစိုးရ အပါ အဝင် ဗဟိုဘဏ် တာဝန် ရှိသူ များ နှင့် ဆွေးနွေးခြင်း၊ အချက် အလက် စုဆောင်း ဆန်းစစ်ခြင်း တို့ကို ပြုလုပ် သည်။ ရရှိ လာသော အချက် အလက် များကို အစီရင် ခံစာ ရေးသားကာ IMF ဘုတ် အဖွဲ့ထံ ဆွေးနွေး နိုင်ရန် ဆက်လက် တင်ပြ ရသည်။ ဘုတ်အဖွဲ့၏ သုံးသပ်ချက် များကို အကျဉ်းချုံး ပြန်လည် ပြုစုကာ သက်ဆိုင်ရာ အဖွဲ့ဝင် နိုင်ငံ များ၏ အာဏာ ပိုင် များထံ ပေးပို့ သည်ဟု သိရှိ ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment