Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းမှ 20 Mar 2011 ရက်စွဲပါ "Japan dectects abnormal radiation in food" ကို ဘာသာ ပြန်ဆိုသည်)

ဂျပန် နိုင်ငံမှ ထိခိုက် ပျက်စီး သွားသော နျူကလီယာ ဓါတ်အားပေး စက်ရုံ အနီးတဝှိုက်မှ နွားနို့နှင့် ဟင်းနုနွယ်ရွက် များတွင် ပုံမှန် အဆင့် မဟုတ်သည့် ရေဒီယို သတ္တိကြွမှုကို စစ်ဆေး တွေ့ရှိ ရသော်လည်း ၎င်းအစား အသောက် များသည် လူသားများ အတွက် လတ်တလော အန္တရာယ် မဖြစ်နိုင် ပါဟု အစိုးရ ပြောရေး ဆိုခွင့် ရှိသူ ယူကီယို အီဒါနိုက စနေ နေ့တွင် ပြောကြားသည်။

အထက်ပါ နျူကလီယာ ဓါတ်အားပေး စက်ရုံ အနီး တဝိုက်ရှိ စီရင်စု ဒေသများနှင့် တိုကျိုမြို့မှ ဘုံဘိုင် ရေတွင် ရေဒီယို သတ္တိကြွ အိုင်အိုဒင်းကို သဲလွန်စ တွေ့ရှိ သော်လည်း အန္တရာယ် ဖြစ်နိုင်သော အဆင့်သို့ မရောက် ရှိပါဟု သိပ္ပံ ဝန်ကြီးဌာန တာဝန် ရှိသူက ဆိုသည်။

တိုကျို အရှေ့ မြောက်ဖက် ဖူကူ ရှီးမား အမှတ် (၁) နျူကလ်ီယာ ဓါတ်အား ပေးရုံ ဆိုးဆိုး ဝါးဝါး ပျက်စီးကာ လေထု ထဲသို့ ရေဒီယို သတ္တိကြွ ပစ္စည်းများ ယိုစိမ့်မှု ဖြစ်ပေါ် စေခဲ့သည့် ယခင် အပတ်က ငလျင်နှင့် ဆူနာမီ၏ နောက်ဆက်တွဲ ပြဿနာများ အပေါ် ပြည်သူ များက စိုးရိမ် နေခြင်းကို ယခု တွေ့ရှိ ချက် များက မီးမောင်း ထိုးပေး သလို ဖြစ်နေ သည်။

"ရေဒီယို သတ္တိ ကြွမှုဟာ ဂျပန် ဥပဒေ အရ ကန့်သတ် အဆင့်ကို မကျော် သေးဘူးလို့ ထောက်လှမ်း တွေ့ရှိ ထားပါ တယ်" ဟု မစ္စတာ အီဒါနိုက သတင်းထောက် များကို ပြောကြား ခဲ့သည်။

ရေဒီယို သတ္တိသင့် နွားနို့ကို ဖူကူ ရိုးမား စီရင်စုတွင် တွေ့ရှိခြင်း ဖြစ်ပြီး ရေဒီယို သတ္တိသင့် ဟင်းနုနွယ် ရွက်များ ကိုမူ အနီး အနားမှ အီဘာရာကီ စီရင်စုတွင် တွေ့ရှိခြင်း ဖြစ်သည်ဟု မစ္စတာ အီဒါနိုက ဆိုသည်။

အဆိုပါ နွားနို့ကို တွေ့ရှိသည့် နေရာမှာ ဖူကူရိုးမား နျုကလီယာ ဓါတ်အား ပေးရုံနှင့် ၃၀ ကီလို မီတာ အကွာ အစိုးရ ကန့်သတ်ရုံ၏ အပြင်ဖက်တွင် ဖြစ်သည်ဟု သိရှိ ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment