Transparency Myanmar

transparency.myanmar@gmail.com

(Earth Times မှ 18 March 2011 ရက်စွဲပါ "Myanmar Donate Cash to Japan for Quake, tsunami victims" ကို ဘာသာ ပြန်ဆိုသည်)

          ဂျပန် နိုင်ငံ ဆင်ဒိုင်း ဒေသမှ ငလျင် နှင့် ဆူနာမီ ဒဏ်ခံ ပြည်သူ များအား စစ်ဖက် အုပ်ချုပ်သော မြန်မာ နိုင်ငံက ဒေါ်လာ တစ်သိန်း လှူဒါန်းကြောင်း သောကြာ နေ့ မီဒီယာ များတွင် ဖော်ပြ ထားသည်။

          ရန်ကုန် မြို့တော်၏ မြောက်ဘက် ကီလို မီတာ ၃၅၀ အကွာရှိ နေပြည်တော် တွင် ကြာသ ပတေး နေ့က ပြုလုပ်သော အခမ်း အနား၌ ဂျပန် သံအမတ် ကြီး တာကာရှီ ဆိုင်တိုအား မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက အလှူငွေ ပေးအပ် ခဲ့သည်ဟု မြန်မာ အစိုးရ အာဘော် New Light of Myanmar သတင်းစာက ဆိုသည်။

၁၉၆၂ က စ၍ စစ်အုပ်ချုပ်ရေး အောက် ကျရောက် ခဲ့ရသော မြန်မာ နိုင်ငံသည် ကုလ သမဂ္ဂက သတ်မှတ် ထားသော ကမ္ဘာ့ ဖွံ့ဖြိုးမှု အနိမ့်ဆုံး တိုင်းပြည်များ စာရင်းတွင် ပါဝင်သည်။

ဂျပန် နိုင်ငံသည် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းမှ ၁၉၈၈ ခုနှစ် အထိ မြန်မာ နိုင်ငံ၏ အဓိက အလှူရှင် ဖြစ်ခဲ့ပြီး ၁၉၈၈ ခုနှ် ဒီမိုကရေစီ ဆန္ဒပြပွဲ များတွင် မြန်မာ တပ်မတော်၏ အကြမ်းဖက် နှိမ်နင်း မှုကြောင့် ပြည်သူ သုံးထောင်ကျော် သေဆုံး ခဲ့ပြီး နောက် ဂျပန် နိုင်ငံ အပါ အဝင် နိုင်ငံ ပေါင်းစုံ က မြန်မာ နိုင်ငံ အပေါ် အကူ အညီ ပေးမှု များကို ရပ်ဆိုင်း ဖြတ်တောက် လိုက်ကြသည်။

ယခု သီတင်းပတ် သဘာဝ ဘေးအန္တရာယ် ကျရောက် ခဲ့သော ဂျပန် နိုင်ငံ အား အလှူငွေ ပေးအပ် သည့် အရှေ့တောင် အာရှ ဆင်းရဲသော နိုင်ငံ များတွင် မြန်မာ သာမကပဲ ဂျပန် နိုင်ငံ၏ ဖွံ့ဖြိုးရေး အစီ အလှူငွေကို လက်ခံ နေဆဲ ဖြစ်သည့် ကမ္ဘော ဒီးယား နှင့် လာအို နိုင်ငံ များကလည်း ဒေါ်လာ တစ်သိန်း စီ လှူဒါန်းရန် ကတိ ကဝတ် ပြု ခဲ့ ကြသည်ဟု သိရသည်။

ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ တို့သည် ဂျပန် နိုင်ငံ နှင့် နိုင်ငံရေး၊ စီးပွားရေး အရ ရင်းနှီးစွာ ဆက်ဆံ နေသော အရှေ့တောင် အာရှ အာဆီယံ အဖွဲ့ တွင် အဖွဲ့ဝင် များ ဖြစ်ကြ သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment