Transparency Myanmar

transparency.myanmar@gmail.com

(Reuters သတင်းမှ 20 Mar 2011 ရက်စွဲပါ Thai PM Keeps his hold on power သတင်းကို ဘာသာ ပြန်ဆိုသည်)

          ၄ ရက်ကြာ ခါးခါး သီးသီး ငြင်းခုန်မှု အပြီး စနေနေ့တွင် ပါလီမန်၌ အယုံ အကြည် မရှိ အဆို မဲခွဲ ဆုံးဖြတ်မှုကို ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဗဲ့ ဂျာဂျီးဗားနှင့် သူ၏ ဝန်ကြီး အဖွဲ့က အလွယ်တကူ ကျော်လွှား နိုင်ခဲ့ ကြသည်။

          ထိုင်းနိုင်ငံတွင် အယုံ အကြည် မရှိ အဆိုကြောင့် နှုတ်ထွက်ရသည့် အစိုးရ တစ်ခါမှ မရှိခဲ့ခြင်းကြောင့် အထက်ပါ ရလဒ်ကို ကြိုတင် မှန်းဆ နိုင်ခဲ့ကြပြီး အာဏာရ ညွှန့်ပေါင်း အစိုးရက အတူတကွ ကျောချင်း ကပ်ကာ လိုအပ်သော မဲအရေ အတွက်ကို ရရှိ ခဲ့ကြသည်။

          "ဝန်ကြီးချုပ်နဲ့ တခြား ဝန်ကြီး ၉ ဦးကို အာဏာ ဆက်ယူဖို့  ယုံကြည်မှု ရှိတယ်လို့ လွှတ်တော်မှာ မဲပေး ခဲ့ကြပါတယ်" ဟု လွှတ်တော် ဥက္ကဌ ချိုင်းချစ်ချောက စနေနေ့တွင် ပြောကြား ခဲ့သည်။

          အဂတိ လိုက်စားမှု စွပ်စွဲချက်များ၊ ယခင် နှစ်က ရှပ်နီ ဆန္ဒ ပြပွဲ များကို အကြမ်းဖက် နှိမ်နင်းမှု များကို အကြောင်းပြုကာ အစိုးရ အဖွဲ့ဝင် ဝန်ကြီး ၉ ဦးအား အယုံ အကြည် မရှိကြောင်း အဆိုကို တင်သွင်း ခဲ့ရာတွင် ဝန်ကြီးချုပ် အဘီဆစ်က ၂၄၉ မဲ၊ ၁၈၄ မဲဖြင့် အနိုင် ရရှိခဲ့ပြီး အခြားဝန်ကြီး ၉ ဦး သည်လည်း အဆိုပါ အရေ အတွက် ဖြင့်ပင် အနိုင် ရရှိ ကျော်လွှားနိုင်ခဲ့ကြသည်ဟု သိရှိရသည်။

          သို့သော်လည်း ရေဒီယိုနှင့် ရုပ်မြင် သံကြားမှ တိုက်ရိုက် ထုတ်လွှင့် ခဲ့သည့် လွှတ်တော်တွင်း ငြင်းခုန်မှုကို လာမည့် ရွေးကောက်ပွဲ မဲဆွယ်မှု အတွက် နမူနာ ပုံစံတူ တစ်ခု အဖြစ် ကျယ်ကျယ် ပြန့်ပြန့် ရှုမြင် သုံးသပ် ခဲ့ကြသည်။

          ပြည်တွင်း သတင်းစာ တစ်စောင်က "ခိုက်ရန် ဖြစ်ပွားမှု"ဟု ခေါ်ဝေါ် သုံးနှုန်း ဖော်ပြ ခဲ့သည့် ကြမ်းတမ်းသော စကားလုံးများ အလွန်အကျွံ စိတ်လှုပ်ရှား မှုများကို ပုံမှန် သဘာဝ အားဖြင့် တည်ငြိမ် ကြံ့ခိုင်သော မစ္စတာ အဘီဆစ် ထံမှပင် ထွက်ပေါ် လာခဲ့ခြင်းကို တွေ့ရှိ ရသဖြင့် လာမည့် ရွေးကောက်ပွဲ အတွက် မဲဆွယ်မှု များတွင် ဆတ်ဆတ် ထိမခံ အပြန် အလှန် ပုတ်ခတ်မှုများ ရှိလာမည့် လက္ခဏာပင် ဖြစ်သည်ဟု ခန့်မှန်းမှုများ ထွက်ပေါ် လာခဲ့ သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment