Transparency Myanmar

transparency.myanmar@gmail.com

(မတ်လ ၁၅ ရက် ၂၀၁၁ ရက်စွဲပါ Thai News Agency MCOT ပါ "Mae Sot border exports drop deeply from Myanmar ban on Thai goods transport" ကို ဘာသာ ပြန်ဆိုသည်)

မဲဆောက် နယ်စပ်တွင် ထိုင်း နိုင်ငံမှ မြန်မာ နိုင်ငံသို့ တင်ပို့သော ပို့ကုန် များသည် တစ်ရက်လျှင် ဘတ်သန်း ၃၀-၄၀ ရှိရာမှ ဘတ် ၁၀ သန်းထိ ရုတ်တရက် ကျဆင်း သွားကြောင်း မဲဆောက် အကောက်ခွန် စစ်ဆေးရေး စခန်းမှ အကြီးအကဲ Pongthep Buasap က ပြောကြား လိုက်သည်။

သောင်ရင်းမြစ် တလျှောက် ဆိပ်ခံ တံတား များတွင် မြန်မာ နိုင်ငံသို့ ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ တင်သွင်း ခွင့်ကို မြ၀တီမှ အာဏာ ပိုင်များက ပိတ်ပင် ခဲ့ပြီး နောက်ပိုင်းတွင်၊ ထိခိုက်မှု ပမာဏ ကြီးမား ကြောင်း Pongthep က ပြောကြား ခဲ့သည်။

ထိုင်း ကုန်ပစ္စည်းများ တင်သွင်းခြင်းကို ကန့်သတ် ရခြင်း အကြောင်း ရင်းကို ရှင်းရှင်း လင်းလင်း မသိရကြောင်း၊ သို့သော် ထိုင်းနိုင်ငံ၏ သကြား မှောင်ခို ကိစ္စကို တုန့်ပြန်ခြင်း ဖြစ်မည်ဟု ယူဆ ရကြောင်း ယင်းက ပြောသည်။

မဲဆောက် နယ်ရှိ သောင်ရင်းမြစ်၏ ဆိပ်ခံ ဘော တံတားများတွင် ထိုင်း စစ်သားများနှင့် ထိုင်း နယ်ခြားစောင့် ရဲများ ချထားသည်။ ထိုင်းကုန်ပစ္စည်းများ မတင်သွင်းရန် ကန့်သတ် ထားသော ခြောက်ရက် အတွင်း မြန်မာ များက မြစ်ကို လှေများဖြင့် ဖြတ် ခွင့်ပြု ထား၍ လူသုံးကုန် ပစ္စည်းများ လာရောက် ၀ယ်ယူကြသည်။

အချို့က လာမည့် သောကြာ၊ စနေတွင် DKBA မှ တိုက်ခိုက် လာမည် ဟု သတင်းများ ထွက်ပေါ် လာမှုကြောင့် မြ၀တီတွင် လူသုံး ကုန်များ သိုလှောင်ရန် ၀ယ်ယူ လျက် ရှိသည်။

မြန်မာ နိုင်ငံသည် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားမှ ကုန်ပစ္စည်းများ ဖြတ်သန်း ခြင်းကို ပြီးခဲ့သည့် နှစ် ဇူလိုင်လ (၁၂) ရက်နေ့မှ စရပ်ထားခဲ့သည်။ သို့သော် သောင်ရင်းမြစ်ရှိ ခွင့်ပြု ထားသော ဆိပ်ခံ များတွင် ယာယီ ခွင့်ပြု ချက်ဖြင့် ပစ္စည်းများ သယ်ယူခွင့် ပြုခဲ့သည်။

ယခု တစ်ကြိမ် လှေဖြင့် ထိုင်းပစ္စည်းများ သယ်ယူခြင်းကို ပိတ်ပင် ခဲ့ခြင်းမှာ မြ၀တီတွင် လူသုံးကုန်များ စတင် ပြတ်လပ်မှုကို ဖြစ်စေ သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment