Transparency Myanmar

transparency.myanmar@gmail.com

သင်္ကြန် မဏ္ဍာပ်များ၌ ဗုံးရှာ ကိရိယာများ ထားရှိရမည်

ရန်ကုန်၊ မတ် ၂၁။

၂၀၁၁ ဧပြီလ အတွင်း ရောက်ရှိမည့် မပာာသင်္ကြန်ရက်များအတွင်း သင်္ကြန်မဏ္ဍာပ်များ၌ ဗုံးရှာကိရိယာနှင့် ဗုံးစွန့်ကျင်းများကို စီစဉ်ထားရှိမှသာ ရေကစားခွင့်ပြုမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် သင်္ကြန်ကျင်းပရေး ကော်မတီ၏ သတ်မှတ်ချက်များအရ သိရှိရသည်။

ယင်း သတ်မှတ်ချက်များတွင် အချက် (၂၅)ချက် ပါရှိပြီး အဓိကအချက်များမှာ မဏ္ဍာပ်တိုင်းတွင် လုံခြုံရေးအရ ဗုံးရှာကိရိယာများ ထားရှိရန်၊ မဏ္ဍာပ်များ၌ ဗုံးစွန့်ပစ်ကျင်း၊ သဲအိတ်နှင့် တာယာကွင်းများ ထားရှိရန်နှင့် ရေပက်ခံလာသူများ အကြားတွင် မသကာင်္ဖွယ်ရာများ တွေ့ရှိရပါက တာဝန်ကျ လုံခြုံရေးအဖွဲ့ထံသို့ အချိန်နှင့်တပြေးညီ သတင်းပို့ ဆောင်ရွက်ရမည်ပာု ဖော်ပြပါရှိကြောင်း သိရသည်။

လုံခြုံရေးအသိဆိုသည်မှာ အမြဲပင်ရှိသင့်ကြောင်း၊ မမြင်နိုင်သည့် အန္တရာယ်များအတွက် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ထားရမည် ဖြစ်ကြောင်း၊ ထို့ပြင် ရေကစားသည့်သူများသည် မိမိ ပတ်ဝန်းကျင်အား အမြဲဂရုစိုက်၍ ကြည့်ရှုနေရမည် ဖြစ်ကြောင်း၊ ရေကစားနေစဉ်အတွင်း မသကာင်္ဖွယ်များကို တွေ့ရှိသည်ဆိုပါက ချက်ချင်းပင် သက်ဆိုင်ရာသို့အကြောင်းကြားရန် လိုအပ်ကြောင်း အငြိမ်းစား ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ သည်။

ယခုကဲ့သို့ ညွှန်ကြားချက်ထုတ်ပြန်ရသည်မှာ ယမန်နှစ် ၂၀၁၀ ခုနှစ် မပာာသင်္ကြန် အကြတ်နေ့ မွန်းလွဲ နာရီခန့်တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်း ရှိ X20 မဏ္ဍပ်၌ ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူ ရှစ်ဦး သေဆုံးရပြီး အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၄၅ ဦး အသီးသီး ဒဏ်ရာရရှိခဲ့သည့်အတွက် ယခုနှစ်၌ အလားတူ ဖြစ်ရပ်မျိုး မဖြစ်ပွားနိုင်စေရန် ယခုကဲ့သို့ သင်္ကြန် ညွှန်ကြားချက် ထုတ်ပြန်ကြေငြာရခြင်း ဖြစ်ကြောင်းသိရသည်။

၂၀၁၁ ခုနှစ် မပာာသင်္ကြန်အတွက် ရေစကားမဏ္ဍပ်ဆောက်လုပ်ခွင့်ပြုရန် လျှောက်ထားလျှက်ရှိသည့် လျှောက်လွှာများကိုလည်း ဧပြီလ ၁၄ ရက်နေ့ နှင့် ၁၆ ရက်နေ့များအတွင်း ခွင့်ပြုချက် ချပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

-------------------------------------------------------------------------------------------------------------

ရွေးကောက်ပွဲအပြီး  ရင်းနှီးမြှုပ်နှံမှုများ နှစ်ဆကျော်မြင့်တတ်လာခဲ့ကြောင်းသိရ

ရန်ကုန်၊ မတ် ၂၁။

          မြန်မာနိုင်ငံ၌ ၂၀၁၀ ရွေးကောက်ပွဲများပြီးစီးသည့် ကာလများနောက်ပိုင်းအတွင်း နိုင်ငံတော်သစ် အစိုးရသစ် များနှင့် ဖွဲ့စည်းခဲ့ပြီးသည့် အချိန်ကာလများမှစတင်၍ ယခင်နှစ်ထက် ၂၀၁၁ ဇန်နဝါရီလပိုင်းမှ စတင်၍ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ နှစ်ဆ ပိုမိုမြင့်တတ်လာခဲ့ကြောင်းသိရသည်။

            ၁၉၈၈ ခုနှစ်မှစတင်၍ ၂၀၁၀ မတ်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး ၁၆ ဘီလံယံဝန်းကျင်သာ ရှိခဲ့ရာမှ ၂၀၁၁ ဇန်နဝါရီလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ၃၅ ဒဿမ ဘီလံယံအထိ ဖြစ်ခဲ့ကြောင်း စစ်တမ်းများ အရသိရသည်။

            နိုင်ငံအတွင်း စီးပွားရေး Cooperate မလုပ်ရသေးခင်အချိန်အတွင်းမှာပင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာ နှစ်ဆ ကျော် မြင့်တတ်လာခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စနစ်တကျနှင့် Rule of Law ဆိုသည့် ဥပဒေ အုပ်ချုပ်သည့် တိုင်းပြည်စနစ်ကို သေသေချာချာကျင့်သုံးဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် အခြားကဏ္ဍ များတွင်ပါ ပိုမိုများပြားလာနိုင်ကြောင်း ဦးပာန်ရွှေက ပြောကြားခဲ့သည်။

            လက်ရှိ အခြေအနေတွင်လည်း မတ်လ ၁၀ ရက်နေ့၌ မလေးရှားနိုင်ငံမှ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကိုယ်စားလှယ်များ လာရောက်ခဲ့ကြောင်း၊ မတ်လ ၁၄ ရက်နေ့၌ တရုတ်နိုင်ငံမှ လာရောက်ခဲ့ကြောင်း၊ မတ်လ ၁၅ ရက်နေ့ ထိုင်း၊ သြစတြေးလျနှင့် ရုရှားနိုင်ငံတို့မှ လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးခဲ့သူ အများစုမှာ စီးပွားရေးလုပ်ငန်းမျိုးစုံအပြင် ဝန်ဆောင်မှုလုပ်ငန်းများကိုပါ စိတ်ဝင်စားလျှက်ရှိကြောင်း၊ ၎င်းတို့အဓိက လုပ်ကိုင်ချင်သည့် လုပ်ငန်းများမှာ ကုန်သွယ်မှု လုပ်ငန်း များပင်ဖြစ်ကြောင်း UMFCCI မှ အသင်းဝင်တစ်ဦးမှ ပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------

ပုဂ္ဂလိကကျောင်းများ ဥပဒေရေးဆွဲပြီးစီး

ရန်ကုန်၊ မတ် ၂၁။

            ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ဘော်ဒါကျောင်း (၁၈)ကျောင်းကို ပုဂ္ဂလိကကျောင်းများအဖြစ် သတ်မှတ်ခွင့်ပြုပြီးနောက် မြန်မာနိုင်ငံ၌ ပုဂ္ဂလိကကျောင်းဥပဒေမူကြမ်းကို ရေးဆွဲပြီးစီးသွားပြီဖြစ်ကြောင်း ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

            ရေးဆွဲပြီးစီးသည့် ဥပဒေမူကြမ်း အတည်ပြု ပြဋ္ဌာန်းပြီးပါက အစိုးရကျောင်းများနည်းတူ အတန်းတင်စာမေးပွဲကို စစ်ခွင့်ပြုထားသော ရန်ကုန်နှင့် မန္တလေးရှိ ဘော်ဒါကျောင်းများသာမက အခြားကျောင်းများကိုလည်း တရားဝင် မှတ်ပုံတင်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းကျောင်းတစ်ကျောင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

            ပုဂ္ဂလိကျောင်း ဥပဒေအရ မည်သည့်ကျောင်းများ တရားဝင် ဖွင့်ခွင့်ရရှိသည်ဆိုသည်ကို ညွှန်ကြားချက်များ ရှိသေးသည့်အတွက် မပြောနိုင်သေးကြောင်း၊ ယခုပြုလုပ်လျက်ရှိသည့် ဥပဒေမူကြမ်းထွက်လာပါက လက်ရှိ စမ်းသပ် လုပ်ကိုင်လျက်ရှိသည် ကျောင်းများအပြင် တစ်နိုင်ငံလုံးရှိ ဘော်ဒါကျောင်းများကို မှတ်ပုံတင်ခွင့် ပြုမည်ဖြစ်ကြောင်း ၎င်းမှပင်ဆက်လက်ပြောကြားခဲ့သည်။

            မြန်မာနိုင်ငံတွင် ၂၀၁၀-၂၀၁၁ ပညာသင်များမှ စတင်ကာ ရန်ကုတ်မြို့ရှိ နာမည်ကြီးဘော်ဒါကျောင်းများ နှင့် မန္တလေးမြို့တို့ရှိ နာမည်ကြီးဘောဒါကျောင်းများကို ပုဂ္ဂလိကကျောင်းများအဖြစ် စမ်းသပ်လုပ်ကိုင်ခွင့် ပြုခဲ့ ခြင်းဖြစ်သည်။ လက်ရှိလုပ်ကိုင်ခွင့်ပြုထားသော ဘော်ဒါကျောင်းများသည် အတန်းတင်စာမေးပွဲ စစ်ဆေးခွင့်များကို ခွင့်ပြုပြီးဖြစ်သော်လည်း တက္ကသိုလ်ဝင်တန်းကိုမူ အစိုးရကျောင်းများတွင်သာ စစ်ဆေးပိုင်ခွင့် ပြုထားကြောင်း သိရသည်။

 

-------------------------------------------------------------------------------------------------------------

ကျောက်ဖြူ အမှတ်() ဆိပ်ကမ်း မေလ အပြီးသတ် တည်ဆောက်မည်

ကျောက်ဖြူ၊ မတ် ၂၁။

အစိုးရ၏ သဘောတူညီမှုဖြင့် တောင်ကိုးရီယားနိုင်ငံ ဒေဝူးကုမ္ပဏီမှ တည်ဆောက်နေသော ကျောက်ဖြူ အမှတ် () ဆိပ်ကမ်းကို ၂၀၁၁ ခုနှစ် မေလအတွင်း၌ အပြီးသတ် တည်ဆောက်မည်ဖြစ်ကြောင်း သတင်း ရှိ သည်။

အဆိုပါ ဆိပ်ကမ်းရှိ တံတားဟောင်းကို ယခုအခါ ဖြိုဖျက်ပြီး တံတားအသစ် တည်ဆောက်နေပြီ ဖြစ်ကြောင်း၊ ဆိပ်ကမ်း စီမံကိန်းနှင့် မလွတ်ကင်းသည့် ဆိုင်ခန်းများ ရွေ့ပြောင်းပေးခဲ့ရပြီး ယင်း ဆိုင်ခန်းများကို ငလပွေ့ချောင်းကမ်းတွင် ပြန်လည်နေရာချပေးခဲ့သည့်အတွက် ဆိုင်ပိုင်ရှင်များ အဆင်မပြေ ဖြစ်နေကြကြောင်း ကျောက်ဖြူဒေသခံ တစ်ဦးက ပြောကြားသည်။

ယင်း ဆိပ်ကမ်းကို တည်ဆောက် ပြီးစီးပါက ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းအတွက် သင်္ဘောများ အဓိက ဝင်ထွက်ဆိုက်ကပ် သွားလာမည်ဖြစ်ကြောင်း သိရသည်။

ဆိပ်ကမ်းကို တည်ဆောက်ပြီးစီးပါက ပုဂ္ဂလိကပိုင် ခရီးသည်နှင့် ကုန်တင်သင်္ဘောများကိုလည်း ဝင်ထွက် ဆိုက်ကပ်ခွင့်ပေးမည် ဖြစ်ကြောင်း ပြောကြားထားသော်လည်း အဆိုပါ ဆိပ်ကမ်းသည် ရွှေသဘာဝ စီမံကိန်း အတွက် အဓိကထား တည်ဆောက်ခြင်းဖြစ်သည့်အတွက် အခြားသဘောင်္များ ဆိုက်ကပ်ခွင့် မရမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်းရှိ ယခင် အလျားမီတာ ၂၀ ရှိသော တံတားအဟောင်းနေရာတွင် အလျား မီတာ ၈၀ အရှည်ထိ ဆိပ်ခံတံတားကို တည် ဆောက်မည် ဖြစ်ကြောင်း သိရသည်။

ယင်းဆိပ်ကမ်းကို ၂၀၁၀ စက်တင်ဘာလမှ စတင် အကောင်အထည်ဖေါ် တည်ဆောက်နေခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment