(Monster and Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်)
လာမည့် မတ်လ ၂၇ ရက် နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် တပ်မတော်နေ့ အခမ်း အနားကို ဂုဏ်ပြုသော အားဖြင့် မြန်မာ စစ်အစိုးရက နေ့စဉ်ထုတ် သတင်းစာသစ် တစ်စောင် ဖြန့်ချိ မည် ဖြစ်ကြောင်း သတင်း ရင်းမြစ် များက ဆိုသည်။ သတင်းစာ အမည်မှာ မြဝတီ နေ့စဉ် ဖြစ်ပြီး မြန်မာ တပ်မတော် ပြည်သူ့ ရေးရာ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ဌာနမှ ထုတ်ဝေ သွားမည် ဖြစ်သည်ဟု နေ့စဉ် ထုတ် သတင်းစာ တစ်စောင်တွင် လုပ်ကိုင် နေသော တာဝန် ရှိသူ တစ်ဦးက ဆိုသည်။
မြန်မာ နိုင်ငံတွင် စစ်တပ်က နိုင်ငံရေး အခန်း ကဏ္ဍမှ နုတ်ထွက် တော့မည်ဟု ယူဆ ရချိန်တွင် အဆိုပါ သတင်းစာ ထွက်ပေါ် လာဖွယ် ရှိသည်။ မြန်မာ နိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက် နေ့တွင် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပ နိုင်ခဲ့ပြီး ယခုနှစ် ဧပြီလ ၁ ရက်နေ့ ခန့်တွင် အရပ်ဘက် အစိုးရသစ် တစ်ရပ် ဖွဲ့စည်းရန် စီစဉ်ထားသည်။
မကြာ သေးခင်က ခေါ်ယူ လိုက်သည့် ပါလီမန် လွှတ်တော်သစ်တွင် စစ်တပ် ကျောထောက် နောက်ခံ ပြုထားသော ပါတီ ကသာ သြဇာ လွှမ်းမိုးမှု အရှိဆုံး ဖြစ်သည်။ လွှတ်တော် အမတ် နေရာ အားလုံး၏ ၂၅ ရာခိုင်နှုန်း ကိုလည်း စစ်တပ်က တိုက်ရိုက် ခန့်အပ်ခြင်း ဖြစ်သည်။
ယခု ထုတ်ဝေမည့် မြဝတီ သတင်းစာသည် မြန်မာ နိုင်ငံတွင် စတုထ္ထ မြောက် နေ့စဉ် သတင်းစာ ဖြစ်သည်။ အခြားသော နေ့စဉ် သတင်းစာ များမှာ ကြေးမုံ၊ မြန်မာ့ အလင်း၊ The New Light of Myanmar (အင်္ဂလိပ် ဘာသာဖြင့် ရေးသား ထုတ်ဝေသည်) တို့ ဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီး ဌာနက ထုတ်ဝေခြင်း ဖြစ်သည်။ မြဝတီ သတင်းစာ ရုံးချုပ်ကို ၂၀၀၅ ခုနှစ်တွင် စတင် တည်ထောင် ခဲ့သော နေပြည်တော် မြို့သစ်တွင် ထားရှိ မည်ဟု ဆိုသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.