Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းမှ 21 Mar 2011 ရက်စွဲပါ " Egyptians say yes to military's post- Mubarak plans" သတင်းကို ဘာသာ ပြန်ဆိုသည်)

ယခင် လက အီဂျစ် သမ္မတ မူဘာရတ်ကို ဖြုတ်ချ ခဲ့သော ပြည်လုံးကျွတ် ဆန္ဒ ပြပွဲများ အပြီး အရပ်ဖက် အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းမည့် တပ်မတော်၏ အစီ အစဉ်ကို အီဂျစ် ပြည်သူ များက ထောက်ခံမဲ ၇၇ ရာခိုင်နှုန်း မဲပေး ခဲ့ကြောင်း တနင်္ဂနွေနေ့ တရားဝင် ရလဒ် များက ပြသ ခဲ့သည်။

သမ္မတ ရွေးကောက်ပွဲနှင့် လွှတ်တော် ရွေးကောက်ပွဲ များကို ၆ လ အတွင်း ကျင်းပကာ အာရပ် ကမ္ဘာ၏ ရေပန်း အစားဆုံး တိုင်းပြည် အဖြစ် ဦးတည်ရန် ရည်ရွယ် ခဲ့သည့် အခြေခံ ဥပဒေ ပြင်ဆင်ချက် များကို အီဂျစ် ပြည်သူ ၁၄ သန်းကျော် (သို့) ၇၇.၂ ရာခိုင်နှုန်းက ထောက်ခံမဲ ပေးခဲ့ ကြသည်ဟု စီစဉ် ဆောင်ရွက်မှု ကော်မရှင် ဥက္ကဌ မိုဟာမက် အေတီယာက ပြောကြား လိုက်သည်။

လူဦးရေ ၄ သန်း (သို့) ၂၂.၈ ရာခိုင်နှုန်းက ကန့်ကွက်မ ပေးခဲ့ သည်ဟု မိုဟာမက် အေတီယာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

၁၈ ရက်ကြာ ဆန္ဒ ပြပွဲ များတွင် မူဘာရတ်၏ အနှစ် ၃၀ အာဏာရှင် အုပ်ချုပ်ရေးကို အဆုံးသတ် ခဲ့ကြ ပြီးနောက် ဒီမိုကရေစီ၏ ပထမဆုံး အရသာကို ခံစားရန် အတွက် မဲပေးခွင့် ရှိသူ ခန့်မှန်းခြေ ၄၅ သန်း အနက် ၄၁ ရာခိုင်နှုန်း (သို့) ၁၈.၅ သန်း ခန့်က စနေနေ့တွင် မဲပေးရန် လမ်းပေါ် ပြန်ထွက် လာကြ သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မူဘာရတ် ခေတ်က ရွေးကောက်ပွဲ ရလဒ်များ မှာမူ အစစ် အမှန် ပြိုင်ဆိုင်မှု မရှိခြင်း၊ ကျယ်ကျယ် ပြန့်ပြန့် မဲလိမ်မှုများ ကြားတွင် ပြည်သူတို့၏ စစ်မှန်သော မဲကို အမှန်တကယ် ရေတွက် မည်ဟု ယုံကြည်မှု မရှိခြင်း တို့ကြောင့် ဂုဏ်သိက္ခာ တစ်ရွေးသားမှ မရှိခဲ့ပါ။

မူဘာရတ် အစိုးရ ထံမှ ကျန်ရစ် ခဲ့သော အခြေခံ ဥပဒေကို အကန့် အသတ် ဖြင့်သာ ပြောင်းလဲ ထားခြင်း အား ယခု ဆန္ဒ ခံယူပွဲ ပြုလုပ် ရာတွင် ပြင်းပြင်း ထန်ထန် ဝေဖန်မှုများ ရှိနေ သည်။ ယခု အတည်ပြု ခဲ့သည့် ပြောင်းလဲ မှုများမှာ ပင်ကို အားဖြင့် အငြင်း ပွားစရာ မရှိသော်လည်း လုံးဝ အသစ် ပြန်လည် ရေးဆွဲရန် လိုအပ်သည်ဟု ဆိုကြသော မူဘာရတ်ခေတ် အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင် ထားမှုသည် လုံလောက်ခြင်း မရှိဟု ဝေဖန် ဆန်းစစ်မှု များက အငြင်း ပွားလျက် ရှိကြသည်။

နောက် တက်မည့် သမ္မတသည် ၄ နှစ် သက်တမ်း ၂ ကြိမ်သာ တာဝန် ယူခွင့် ရှိပြီး အရပ်သား များအား စစ်ခုံရုံးသို့ ပို့နိုင်သည့် အာဏာ ရှိတော့မည် မဟုတ်ဟု သိရ သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment