Transparency Myanmar

transparency.myanmar@gmail.com

(မတ်လ ၂၀ ရက် ၂၀၁၁ ရက်စွဲပါ Associated Press မှ "Myanmar Salt prices soar amid china panic buying" သတင်း ကို ဘာသာ ပြန်ဆိုသည်)

ပြဿနာ ဖြစ်နေသော ဂျပန် နျူကလီးယား ဓာတ်ပေါင်းဖိုမှ ရေဒီယို သတ္တိကြွ အမှုန်များ ထုတ်လွှင့်မှုကို စိုးရိမ် ပူပန်ခြင်းကြောင့် ဆားကို စိုးရိမ် တကြီး ၀ယ်ယူ သိုလှောင် နေသည့် အိမ်နီးချင်း တရုတ် နိုင်ငံမှ ထိတ်လန့် တကြား ၀ယ်ယူမှုများ ရှိနေသည့် အတွက် မြန်မာနိုင်ငံ အဓိက မြို့ကြီး များရှိ အိုင်အိုဒင်း ဆားဈေး ၃ ဆခန့် မြင့်တက် သွားသည်။

ကုန်သည်များက တရုတ် နိုင်ငံသို့ ဆားပမာဏ မြောက်မြားစွာ စတင် တင်ပို့ ရောင်းချ ခဲ့ချိန် သောကြာနေ့မှ စပြီး အိုင်အိုဒင်း ဆားဈေး ခုန်တက် သွားခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန် မြို့တော်နှင့် မန္တလေး မြို့တော်များမှ ကုန်ခြောက်ဆိုင် များနှင့် ဆားလက်ကား ရောင်းဝယ် သူများ၏ ပြောကြား မှုကို မြန်မာ မီဒီယာတွင် တနင်္ဂနွေနေ့က ဖော်ပြခဲ့သည်။

ဘေဂျင်း၊ ရှန်ဟိုင်း နှင့် တရုတ် နိုင်ငံ ဒေသ များစွာမှ ၀ယ်ယူ သိုလှောင် နေကြခြင်းမှာ အိုင်အိုဒင်း ဆားသည် ရေဒီယို ဓာတ်သင့်မှုကို ကာကွယ် နိုင်ပြီး တရုတ် နိုင်ငံထွက် ဆားမှာမူ ယိုယွင်း နေသော ဂျပန် နျူကလီးယား စက်ရုံမှ ရေဒီယို သတ္တိကြွ အမှုန်များ ရောနှော စိမ့်ဝင် နေနိုင် သည်ဟု လွဲမှားစွာ ယုံကြည် နေခြင်းကြောင့် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment