Transparency Myanmar

transparency.myanmar@gmail.com

(မတ်လ ၂၁ ရက် ၂၀၁၁ ရက်စွဲပါ AFP သတင်း မှ "Gaddafi compound strike hit control centre" သတင်း ကို ဘာသာ ပြန်ဆိုသည်)

ထရီပိုလီ မြို့တော်ရှိ မွမ်မာ ကဒါဖီ၏ နေအိမ် အပါအ၀င် ခြံဝင်း အတွင်းရှိ အုပ်ချုပ်ရေး အဆောက် အဦကို လေကြောင်းမှ တိုက်ခိုက်မှုတွင် လစ်ဗျား အာဏာရှင်၏ ကွပ်ကဲ ထိန်းချုပ်မှု ဌာနချုပ်ကို ဖျက်ဆီး နိုင်ခဲ့သည်ဟု နိုင်ငံစုံ တပ်ပေါင်းစု တာဝန် ရှိသူက AFP သို့ တနင်္ဂနွေနေ့တွင် ပြောကြားသည်။

ထရီပိုလီရှိ ကဒါဖီ၏ နေအိမ် တည်ရှိရာ ခြံဝင်း အတွင်းမှ စီမံ ကွပ်ကဲမှု ဌာနချုပ် အဆောက် အဦကို ဒုံးကျည်ဖြင့် ပစ်ခတ် ဖျက်ဆီးခဲ့ပြီး နောက်တွင် အမည် မဖော်လိုသော အဆိုပါ တာဝန် ရှိသူက မှတ်ချက်ပေး ပြောကြား ခဲ့ခြင်း ဖြစ်သည်။

"နိုင်ငံစုံ တပ်ပေါင်းစုဟာ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် UNSCR အမှတ် ၁၉၇၃ ကို အာဏာ တည်အောင် ထိထိ ရောက်ရောက် အားဖြင့် လုပ်ဆောင် နေပါတယ်။ ဒါ့အပြင် ဒီ မစ်ရှင် ရဲ့ တာဝန် အရ အပြစ်မဲ့ လက်နက်မဲ့ လစ်ဗျား ပြည်သူတွေနဲ့ ကျွန်တော် တို့ရဲ့ မပျံသန်းရ ဇုံ အကောင် အထည် ဖော်မှုကို တိုက်ခိုက် ခြိမ်းခြောက် နေတဲ့ ပစ်မှတ်တွေကို ဆက်လက် တိုက်ခိုက် သွားမှာပါ" ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ပုံမှန် အားဖြင့် ကဒါဖီ ဧည့်သည်များကို တွေ့ဆုံလေ့ ရှိသည့် ရွက်ဖျက်တဲနှင့် မီတာ ၅၀ အကွာရှိ စီမံ ကွပ်ကဲမှု အဆောက် အဦမှာ ဒုံးကျည် ထိမှန်မှုကြောင့် လုံးဝ ပြိုကျ သွားသည်။

ကဒါဖီ၏ စံအိမ် အနီး တ၀ိုက်တွင် ကြားရသည့် ပြင်းထန်သော ပေါက်ကွဲသံ များကြောင့် တနင်္ဂနွေနေ့က ထရီပိုလီ မြို့တော်တွင် လွန်စွာ ထိတ်လန့် တုန်လှုပ် သွားခဲ့ ကြသည်။

လေယာဉ်ပစ် သေနတ်များ၏ ပစ်ခတ်မှုကြောင့် စံအိမ် တော်နှင့် ထရီပိုလီ တောင်ဖက် ဘက်အယ် အဇီဇီယာ တပ်စခန်းမှ မီးခိုးများ လုံးတက် နေသည်ကို AFP သတင်းထောက်က မြင်တွေ့ ခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment