Transparency Myanmar

transparency.myanmar@gmail.com

(Reuters သတင်းမှ 21 Mar 2011 ရက်စွဲပါ "Japan to decide by Mon on food product restrictions" သတင်းကို ဘာသာ ပြန်ဆိုသည်)

ငလျင် ဒဏ်ခံ နျူကလီးယား ဓါတ်ပေါင်းဖို အနီး တဝိုက်မှ နွားနို့နှင့် ဟင်းနုနွယ် ရွက်များတွင် ပုံမှန်ထက် ပိုများသော ရေဒီယို ဓါတ်သင့် မှုကို စစ်ဆေး တွေ့ရှိ ခဲ့ပြီးနောက် အဆိုပါ ဒေသမှ စားသောက်ကုန် များကို သုံးစွဲခြင်း၊ ရောင်းချ ခြင်းအား ပိတ်ပင်ရန် အတွက် ဂျပန် အစိုးရက တနင်္လာနေ့တွင် ဆုံးဖြတ်ချက် ချမည်ဟု အစိုးရ အဖွဲ့ အတွင်းဝန် ယူကီယို အီဒါနိုက တနင်္ဂနွေနေ့တွင် ပြောကြား လိုက်သည်။

တနင်္ဂနွေနေ့ ညနေ ပိုင်းတွင် ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ရာ တွင်လည်း ပုံမှန် မဟုတ်သော ရေဒီယို ဓါတ်သင့် ဟင်းသီး ဟင်းရွက်များကို နေရာ များစွာတွင် စစ်ဆေး တွေ့ရှိ ထားကြောင်းနှင့် ဆူနာမီ ဒဏ်ခံ နျူကလီးယား ဓာတ်ပေါင်းဖိုမှ ရေဒီယို သတ္တိကြွ ပစ္စည်းများ ပျံ့နှံ့ မှုသည် စားသောက်ကုန် ပစ္စည်းများ အထိ ရောက်ရှိ နေပြီ ဖြစ်ကြောင်း ရည်ညွှန်း ပြောကြား ခဲ့သည်။

ကျန်းမာရေး ဝန်ကြီး ဌာန တာဝန် ရှိသူ ယိုရှီဖူမီကာဂျီက ဆက်လက် ပြောကြား ရာတွင် ယခု ရေဒီယို သတ္တိကြွ ပစ္စည်း အများ အပြား တွေ့ရှိမှုသည် ဟင်းနုနွယ် ပင်များ သာမကပဲ ကင်နိုလာနှင့် ဂန္ဓမာပန်း များတွင်ပါ တွေ့ရခြင်း ဖြစ်ပြီး တွေ့ရှိသော ဒေသ များတွင် ယခင်က ဓာတ်သတ္တိ ကြွမှု မရှိသော စီရင်စု ဒေသ ၃ ခု ထပ်မံ ပါဝင် လာသည်ဟု ဆိုသည်။

ယိုရှီဖူမီကာဂျီက ယခု ရေဒီယို ဓာတ်သင့် စားသောက်ကုန် အချို့မှာ ရောင်းချပြီး ဖြစ်ဖွယ် ရှိကြောင်းနှင့် မွေးမြူရေး ခြံ ၃၇ ခြံတွင် ရေဒီယို သတ္တိသင့် နွားနို့များကို စစ်ဆေး တွေ့ရှိပြီး နောက်တွင် ဖူကူ ရှီးမား ဒေသမှ နွားနို့ တင်ပို့ ရောင်းချမှုကို ရပ်ဆိုင်းရန် အစိုးရက အမိန့် ထုတ်ပြန် ခဲ့သည်ဟု ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment