Transparency Myanmar

transparency.myanmar@gmail.com

(မတ်လ ၂၀ ရက် ၂၀၁၁ ရက်စွဲဖြင့် Reuters တွင် Chris Buckley နှင့် Koh Gui Qing တို့ ရေးသားသော Saudi Aramco to supply crude to new Petro China refinery ကို ဘာသာ ပြန်ဆိုသည်)

ဆော်ဒီ အာရေဗျ နိုင်ငံ၏ Aramco က တနင်္ဂနွေနေ့က ပြောကြား ရာတွင် ယင်းသည် တရုတ် နိုင်ငံ အနောက်တောင် ဖက်တွင် ဆောက်လုပ်ရန် စီစဉ်ပြီး ဖြစ်သည့် ရေနံချက် စက်ရုံသို့ ရေနံစိမ်းများ ရောင်းချရန် MoU ရေးထိုးပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ အဆိုပါ ဒေသသို့ မြန်မာ နိုင်ငံမှ ဖြတ် ဓာတ်ငွေ့နှင့် ရေနံ ပိုက်လိုင်းကို တည်ဆောက်လျက် ရှိသည်။

Saudi Aramco ၏ လက်အောက်ခံ Aramco Overseas Company သည် တရုတ် နိုင်ငံပိုင် ကုမ္ပဏီကြီး ဖြစ်သော CNPC ၏ လက်အောက်ခံ Petro China Co.,Ltd နှင့် ယခု အပတ် အတွင်းက MoU လက်မှတ် ရေးထိုး ခဲ့သည်ဟု ဆိုသည်။ အဆိုပါ သဘော တူညီချက် အရ မြန်မာနှင့် နယ်စပ် ယူနန် ပြည်နယ်တွင် တည်ဆောက်မည့် ရေနံချက် စက်ရုံ အတွက် တစ်နှစ်လျှင် ရေနံစိမ်း မက်ထရစ်တန် ၁၀ သန်း ရောင်းချ ပေးမည် ဖြစ်သည်။

"Saudi Aramco ဟာ ပရောဂျက် ကုမ္ပဏီကို ရေရှည် စာချုပ် အရ တစ်ရက်ကို ရေနံစိမ်း ပေပါ နှစ်သိန်း ရောင်းချ ပေးမှာ ဖြစ်ပါတယ်"ဟု Beijing ရှိ Aramco အမှုဆောင်များက ထုတ်ပြန်သော သတင်း ထုတ်ပြန် ချက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ကြေညာ ချက်တွင် ကုန်းတွင်းပိတ် ယူနန်သို့ မည်သို့ ပို့ဆောင်မည်ကို ဖော်ပြ ထားခြင်း မရှိပေ။ သို့သော် နောက်ဆုံးတွင် မြန်မာ နိုင်ငံကို ဖြတ် ပို့ဆောင် ဖွယ်ရာ ရှိသည်။

CNPC သည် တရုတ်-မြန်မာ ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းများ ကို တည်ဆောက်လျက် ရှိရာ အရှေ့ အလယ်ပိုင်းမှ စွမ်းအင်ကို ကုန်းလမ်းမှ ပို့ဆောင်ရန် ရည်ရွယ်သည်။ CNPC သည် မြန်မာ နိုင်ငံတွင် ရေနံစိမ်း ဆိပ်ကမ်း တစ်ခုကို တည်ဆောက်လျက် ရှိသည်။

အဆိုပါ ပိုက်လိုင်းသည် ဆော်ဒီမှ ရေနံစိမ်း သယ်ယူ ရာတွင် များစွာ အဆင် ပြေမည် ဖြစ်သည်။ အာရှနှင့် အရှေ့ အလယ်ပိုင်းကို ဆက်ထားသည့် ပြည့်ကျပ် နေသည့် မလက္ကာ ရေလက်ကြားကို ဖြတ်ရသည့် အချိန်ကို လျှော့ချ နိုင်ခဲ့ ဖြစ်သည်။

ယခု သဘော တူညီ ချက်သည် အရှေ့ အလယ်ပိုင်းမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ၀ယ်ယူရန် ကြိုးစား နေသော တရုတ် အတွက် စိတ်ချ သွားရသော အနေ အထားကို အလေး အနက် ပြဆိုသည်။ ယခု အခါ အရှေ့ အလယ် ပိုင်းတွင် ဆူပူ အုံကြွမှုများ၊ လစ်ဗျားတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိခြင်း ကြောင့် ရေနံ အတွက် ဈေးနှုန်းရော ရောင်းဝယ်ရေး အတွက်ပါ များစွာ မသေချာ မရေရာသော အခြေ အနေ ရှိနေ ပေသည်။

တရုတ်သည် ကမ္ဘာပေါ်တွင် ရေနံ သုံးစွဲသူ နံပါတ် (၂) နေရာတွင် ရှိပြီး ယခု နှစ်တွင် Riyadh ထံမှ တစ်ရက်လျှင် စည် တစ်သန်း ၀ယ်ယူပြီး အကြီးဆုံး ၀ယ်ယူသူ ဖြစ်ကာ အမေရိကန်ကို ကျော်တက် ခဲ့ပြီ ဖြစ်သည်။ အဆိုပါ ၀ယ်ယူမှုမှာ တရုတ်၏ စုစုပေါင်း ရေနံစိမ်း တင်သွင်းမှု၏ ငါးပုံ တစ်ပုံ ရှိသည်။

"ကျွန်တော်တို့က တရုတ်ကို ရေနံ ရောင်းချရုံ သက်သက် စဉ်းစားတာ မဟုတ်ပါဘူး။ မဟာ ဗျူဟာ ကျတဲ့ ပါတနာ တစ်ဦး အဖြစ် ရှုမြင်ပြီး ရောင်းချ တာပါ"ဟု ယူနန် ရေနံချက် စက်ရုံနှင့် ပတ်သက် သတင်း ထုတ်ပြန် ချက်တွင် Aramco ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Khalid Al-Falih က ပြောသည်။

ဆော်ဒီ စစ်တပ်က ဘာရိန်းသို့ ၀င်ရောက် စွက်ဖက် ခဲ့ခြင်းကြောင့် Riyadh နှင့် ၀ါရှင်တန်ကြား သံတမန် ဆက်ဆံ ရေးတွင် သဘော မတူညီမှုများ ဖြစ်ပွား ခြင်းက တရုတ်-ဆော်ဒီ ဆက်ဆံ ရေးကို ပိုမို နက်ရှိုင်း စေခဲ့သည်။

တရုတ် သမ္မတ ဟူကျင်တောင် သည် သောကြာနေ့က ဆော်ဒီဘုရင် အဗ္ဗဒူလာ၏ အထူး ကိုယ်စား လှယ်အား တွေ့ဆုံ ပင်လယ်ကွေ့နှင့် အရှေ့ အလယ်ပိုင်း အခြေ အနေ များကို ဆွေးနွေးခဲ့ သည်။ အရှေ့ အလယ် ပိုင်းတွင် တရုတ်၏ သြဇာ လွှမ်းမိုးမှုမှာ အကန့် အသတ် နှင့်သာ ရှိသော်လည်း တရုတ်မှာ ထိုဒေသ အတွက် ရေနံ အများ အပြား ၀ယ်သူ ဖြစ်သည်။

ကမ္ဘာ့ ထိပ်တန်း ရေနံစိမ်း တင်ပို့သူ ဖြစ်သော Aramco က ပြောကြားရာတွင် ယင်းသည် ယခု အပတ် တရုတ်၏ Sinopec အုပ်စုဖြင့် ဆော်ဒီ ပင်လယ်နီ ကမ်းရိုးတန်းတွင် ဒေါ်လာ ၁၀ ဘီလီယံတန် Yanbu ရေနံချက် စက်ရုံ ပူးတွဲ တည်ဆောက်ရန် MoU ထိုးခဲ့သည်ဟု ဆိုသည်။

ယူနန် ရေနံချက် စက်ရုံမှ ဆာလဖာ အနည်းဆုံး ပါဝင်သော ဓာတ်ဆီ၊ ဒီဇယ်နှင့် အခြား ရေနံထွက် ပစ္စည်းများ ထုတ်လုပ်မည်ဟု ကြေညာ ချက်တွင် ဖော်ပြ ထားသည်။

Aramco သည် တရုတ်၏ Sinopec နှင့်လည်း ပါတနာများ ဖြစ်ပြီး တရုတ် အရှေ့ တောင်တွင် Fujian စက်ရုံကို ပူးတွဲ တည်ထောင် ထားသည်။

ဆော်ဒီ အာရေဗျ နိုင်ငံသည် အနာဂတ် ရေနံ လိုအပ် ချက်အား တရုတ်နှင့် ရေနံချက် စက်ရုံများ ပူးတွဲ ပိုင်ဆိုင် ခြင်းဖြင့် ကာကွယ် ထားပြီး တရုတ် ကလည်း ဆော်ဒီတွင် ကန်ထရိုက်ကြီးများ ပြုလုပ် ပေးခြင်းဖြင့် ပြန်လည် လုပ်ဆောင် ပေးသည်။ တရုတ် ကုမ္ပဏီ တစ်စုသည် မက္ကာနှင့် တန်ခိုးကြီး နေရာများသို့ ရထားဖြင့် ဘုရားဖူးများ ပို့ဆောင် နိုင်ရန် အပေါ့စား ရထား စီမံကိန်းများ လုပ်ဆောင် လျက် ရှိသည်။

တရုတ်သည် ဆော်ဒီနှင့် အခြား အရှေ့ အလယ်ပိုင်း နိုင်ငံများနှင့် စွမ်းအင်နှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက် လာခဲ့ သော်လည်း Beijing သည် ထိုဒေသတွင် နိုင်ငံရေး နှင့် လုံခြုံရေးကို အားကောင်းစွာ သြဇာ မရှိ သေးကြောင်း ဝေဖန် သုံးသပ်သူ များက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment