Transparency Myanmar

transparency.myanmar@gmail.com

25 Oct 2009

Rick Madonik/ Toronto star

          မြန်မာနိုင်ငံတွင် ဖုံးကွယ်ထားသော အရာများစွာ ရှိနေပါသည်။ တီးတိုးပြောဆို မှုများနှင့် နောက်ယောင်ခံ လိုက်မှုများရှိနေသော တိုင်းပြည်ဖြစ်သည်။ ကြမ်းတမ်းသော ကရုဏာကင်းမဲ့သော စစ်ဘက်အုပ်ချုပ်ရေးကြောင့် မြန်မာလူမျိုးများသည် ၎င်းတို့၏ စိတ်ထဲတွင် ရှိနေသည့်အတိုင်း မပြောဆိုရဲကြပါ။ အနောက်တိုင်းသားများသည် သူတို့၏ ဘဝများထဲသို့ ခဏတဖြုတ် လာလှမ်း ကြည့်ခိုင်းခြင်း၊ တစ်ဝက်တစ်ပျက်သာ ကြားသိရခြင်းတို့သာရှိပြီး မရှင်းလင်းသော စကားလုံးများကို မကြာခဏ ကြားရတတ်ပါသည်။

          "ခင်ဗျားတို့ အနောက်တိုင်းသားတွေရဲ့ ဟန်ပန်မျက်နှာထားကို ကြည့်လိုက်တာနဲ့ မြန်မာ ပြည်သူတွေနဲ့ အင်မတန် ကွာခြားတယ်ဆိုတာ သိနိုင်ပါတယ်" ဟု တက္ကစီယဉ် မောင်းတစ်ဦးက ကနေဒါလူမျိုးခရီးသည် တစ်ဦးကိုပြောပါသည်။ "လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရချိန်မှာ ခင်ဗျားရဲ့နုလုံးသားဟာ ကြည်လင်သန့်ရှင်းနေမှာပဲ၊ ပြောခွင့်မရဘူး ဆိုရင်တော့ရင်ထဲမှာ ဘယ်ကောင်းမလဲဗျာ" ဟုလည်း ဆက်လက်ပြောဆိုပါသည်။

          ဓာတ်ပုံသတင်းထောက် Anne Bayin သည် ပြည်သူများ၏ မျက်နှာများမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဇာတ်လမ်းကို စဉ်းစားရွေးချယ်ခဲ့ခြင်းဖြစ်သည်။ လှပ၍ တည်ကြည်သော မျက်နှာပုံစံရှိသည့် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တစ်ပိုင်းပုံ ရိုက်နှိပ်ထားသည့် တီရှပ်ကို ၀တ်ဆင်ထားသော ကနေဒီယန် အနုပညာသည်များ လူ့အခွင့်ရေး လှုပ်ရှားသူများနှင့် အခြားသူများကို သူမက ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

          အပြိုင်လှုပ်ရှား ရှင်သန်နေသည်မှာ Bayin ရိုက်ကူးခဲ့သော Ulla Laidlaw ဓာတ်ပုံများ ပင်ဖြစ်သည်။ Ulla Laidlaw သည် အောင်ဆန်းစုကြည်၏ မျက်နှာတစ်ပိုင်း တီရှပ်ကို ဝတ်ဆင်၍ တိုရွန်တိုမြို့အနှံ့ (ဒန်းတပ်စ်ရင်ပြင်၊ ကင်ဆင်တန်ဈေး၏ ကော်ဖီဆိုင်များ၊ မြေအောက်ဘူတာရုံများ) တွင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် မရရှိနိုင်သော လွတ်လပ်မှုကို သူမက ကနေဒီယန် အမျိုးသမီး တစ်ယောက်အနေနှင့် ရရှိနိုင်ကြောင်း တင်စားညွှန်းဆိုလိုက်ခြင်း ဖြစ်သည်။

          အထက်ပါဓာတ်ပုံများသည် Bayin လုပ်ဆောင်နေသော Liberty စီမံကိန်း၏ ကဏ္ဍတစ်ခုဖြစ်ပြီး Mill St. ရှိ Arta အနုပညာပြခန်းတွင် ဗုဒ္ဓဟူးနေ့အထိ ပြသမည်ဖြစ်၍ "နယ်မြေဒေသများနှင့် ပြဿနာအကျပ်အတည်းများ" အနုပညာပွဲတော်၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် တင်ဆက်နေခြင်းဖြစ်သည်။

          အဆိုပါ အစီအစဉ်များသည် လူ့အဖွဲ့အစည်းအတွင်း တူညီသော အယူအဆ၏ ပုံရိပ်များပင် ဖြစ်သည်။ မော်ဒယ်များက အောင်ဆန်းစုကြည်၏ ရုပ်ပုံကို ဝတ်ဆင်အသုံးပြု  နေခြင်းအားဖြင့် သူမသည် လူတိုင်းနှင့် သက်ဆိုင်သူ တစ်ယောက် ဖြစ်လာမည်ဟုဆို သည်။ ယခုကိစ္စသည် David နှင့် Goliath တို့၏ ဇာတ်လမ်းနှင့် ဆင်တူနေပြီး အမျိုးသမီးတစ်ဦးက စစ်တပ်နှင့် ရက်စက်သော အစိုးရကို အံတုရင်ဆိုင်ခြင်း ဖြစ်ပါသည်။ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ပြောသကဲ့သို့ သူမ မလွတ်မြောက် သေးသ၍ ကျွန်ုပ်တို့ အားလုံးလည်း လွတ်မြောက်ခြင်းမရှိပါဟု Bayin က သုံးသပ်ပြပါသည်။

          မြန်မာနိုင်ငံအကြောင်း စာအုပ် အုပ်ရေးသားခဲ့သည်။ Karen Connelly နောက် ဆုံး ထုတ်ဝေလိုက်သော her memoir Burmese lessons (သူမကိုယ်တိုင် ပြောပြသော မြန်မာနိုင်ငံသင်ခန်းစာများ) စာအုပ်တွင် ယခုကဲ့သို့ မျက်နှာရုပ်ပုံကို ဝတ်ဆင်ခြင်းသည် အလွန်လေးနက်သော သင်္ကေတနိမိတ်ပုံကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ကျွန်ုပ်တို့အားလုံးသည် သူမဖြစ်သွားပြီး ကျွန်ုပ်တို့မျက်နှာသည် မျက်နှာဖုံးသာ ဖြစ်သည်။ ဤအရာအားလုံး၏သင်္ကေတသည် အကျဉ်းကျခံနေရသော စိတ်ပိုင်းရုပ်ပိုင်း ဆိုင်ရာ တိုက်ခိက်ခြင်း ခံနေရသည့် လူတစ်ဦး၊ အကယ်၍ သူမသာ အခြားတိုင်းပြည်တခုတွင် နေထိုင်ခဲ့ပါက လက်ရှိသူမ၏ အနေအထားများ ပြောင်းလဲခြားနားနိုင်သည့် လူတစ်ဦး၏ အကြောင်းများဖြစ်ပါသည်။

          Saffron Revolution သို့မဟုတ် သံဃာတော်များ၏ ဆန္ဒပြုမှု (၂၀၀၇) က နှိမ်နင်းခံရပြီး နောက်ပိုင်းတွင် အနောက်နိုင်ငံများမှ ဆန္ဒပြသူများသည် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို သရုပ်ပြ အခမ်းအနား အစီအစဉ်များတွင် စတင်ဝတ်ဆင်ကြပါသည်။ ယခင်လက Rogers Centre တွင် ပြုလုပ်သော U2 concert တွင် Bono ကဝတ်ဆင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ကနေဒါလူမျိုးများကလည်း အလားတူ ဝတ်ဆင်၍ ဇာတ်ခုံကို ပတ်၍ လမ်းလျှောက် သရုပ်ပြခဲ့ကြပါသည်။

          ယခင်က စာနယ်ဇင်းသမားတစ်ဦး ဖြစ်ခဲ့သည့် သံတမန်အရာရှိဟောင်း ဆီနိတ်တာ  Pamela Wallin ကလည်း နယူးယောက်တွင် ကောင်စစ်ဝန်အဖြစ် ဆောင်ရွက်ခဲ့စဉ်က ကနေဒါ ဂုဏ်ထူးဆောင် တံဆိပ်ဖဲပြား တပ်ဆင်၍ ဓာတ်ပုံရိုက်ခဲ့ပြီး "စီးပွားရေး ဆက်ဆံမှု နယ်ပယ်အတွင်းမှ ကနေဒါအမျိုးသမီး တစ်ယောက်က ပြောပြနေသည့် ဇာတ်လမ်း" ပုံရိပ်အဖြစ် တင်ဆက်ရန် မျှော်လင့်ထားသည်ဟု ဆိုပါသည်။

          မြန်မာနိုင်ငံ အကြောင်းသည် သတင်းရေစီးထဲတွင် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေပါသည်။ လတ်တလောအားဖြင့် အမေရိကန်လူမျိုးတစ်ယောက် အင်းလျားကန်ကို ရေကူးဖြတ်ကျော်၍ ကန်စောင်းရှိ သူမနေအိမ်သို့ ဆန်းကြယ်စွာ ရောက်ရှိလာခြင်းကို လက်ခံခဲ့၍ နေအိမ်အကျယ်ချုပ် ကာလအတွင်း ဥပဒေချိုးဖောက်မှုဖြင့် သူမအားအစိုးရက တရားစွဲဆိုခဲ့ပါသည်။

          သြဂုတ်လတွင် သူမအား အပြစ်ရှိကြောင်း သတ်မှတ်၍ အလုပ်နှင့်ထောင်ဒဏ် နှစ် ချမှတ်ခဲ့ရာ တပ်မတော်ခေါင်းဆောင်၏ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လကျခံ ရန် ပြစ်ဒဏ်ကို လျှော့ပေးခဲ့ရသည်ဟု ဆိုပါသည်။ သူမအား ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် အကျယ်ချုပ် သက်တမ်း တိုးခဲ့ခြင်းကြောင့် ကမ္ဘာတစှ်မ်းလုံးရှိ ခေါင်းဆောင်များ အလွန်တုန်လှုပ် ဒေါသထွက်ခဲ့ကြပြီး နိုဘယ်ဆုရှင် ၁၄ ဦးကလည်း မြန်မာနိုင်ငံကို အရေးယူရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အလေးအနက် တိုက်တွန်းခဲ့ကြပါသည်။

          ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား ကနေဒါ နိုင်ငံ၏ ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် ဂုဏ်ပြုခန့်အပ်ခဲ့ပြိး သူမသည် ထိုကဲ့သို့ ဂုဏ်ပြုခံရသူ ဦးအနက်မှ တစ်ဦးဖြစ်သည့် ယခုနှစ်တွင်လည်း Amnesty International အမြင့်ဆုံးဆုဖြစ်သည့် Ambassador of Conscience ကို လက်ခံရရှိခဲ့ပါသည်။

          CBC - TV မှ ထုတ်လုပ်ရေးမှူးတစ်ဦးဖြစ်သူ Anne Bayin သည် မြန်မာမျိုးနွယ် တစ်ဦး ဖြစ်ပါသည်။ သူမ၏ အဘိုးဒေါက်တာဦးဘရင်သည် မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းမှ နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ Annc Bayin သည် University of Victoria မှ ဘွဲ့ရပြီးနောက် ခရီးသွားရန်အတွက် ငွေစုခဲ့ပြီး ရန်ကုန်တွင် ခရီးတစ်ထောက်နားရန်အတွက် Transit ဗီဇာရရန် စီစဉ်ခဲ့သည်ဟု ဆိုပါသည်။ "အဘိုးက ဘာသာရေး ကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ အသက်လည်း ကြီးလှပြီလေ။ ကျွန်မတို့ ဘုရားတစ်ဆူကို အရင်သွားကြတယ်။ အဘိုးက မျက်ရည်ကျတယ်ရှင့်" သူမက သတိတရ ပြန်ပြောပြပါသည်။

Anne Bayin သည် ၂၀၀၅ တွင် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ပြီး ကနေဒါသို့ ပြန်လာခဲ့ ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဇာတ်လမ်းနှင့် မိခင်တစ်ယောက်၏ ဘဝ၊ အမျိုးသမီး တစ်ယောက်၏ ဘဝစသော ကိုယ်ရေးကိုယ်တာများကို စွန့်လွတ်ခဲ့မှုများက သူမ၏ စိတ်ကို ဖမ်းစားထားခဲ့ပါသည်။

          ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း ဗြိတိသျှပါမောက္ခမိုက်ကယ် အဲရစ်စ်မှာလည်း ၁၉၉၉ တွင် သူမမရှိခိုက် ကွယ်လွန်သွားခဲ့ပြီး သူမ၏သားများမှာလည်း မိခင်မရှိခိုက် လူ လားမြောက်ခဲ့ကြရပါသည်။ သူမသာ မြန်မာပြည်က ထွက်ခွာသွားပါက ပြည်ဝင်ခွင့်ပေးမည် မဟုတ်ပါဟု Bayin ကပြောပါသည်။ သူမ၏ ခံစားချက်မှာ "မြန်မာပြည်တွင် နေထိုင်လျှင် ပြည်သူတို့က သူတို့နှင့် တစ်သားတည်းဖြစ်ကြောင်း နားလည်သဘောပေါက်လိမ့် မည်ဟုဆိုပါသည်။ ဤသည်မှာ မိသားစုနှင့် နိုင်ငံ ခု အနက် တစ်ခုကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။       

          Anne Bayin သည် အက်စမွန်တူးတူး၊ ဒလိုင်လားမားနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာဒီမိုကရေစီအရေးထောက်ခံသူ သရုပ်ဆောင် ဆူဇန်ဆာရင်ဒန်တို့၏ ဓာတ်ပုံများဖြင့် နောက်ဆက်တွဲ ဓာတ်ပုံပြပွဲများ ဆက်လက်ကျင်းပသွားရန် မျှော်လင့်ထားပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment