Transparency Myanmar

transparency.myanmar@gmail.com

Published on ABS-CBN News Online Beta

(http://www.abs-cbnnews.com)

          ယခုလအတွင်း ပြုလုပ်မည့် အာဆီယံ နိုင်ငံခေါင်းဆောင်များနှင့် အမေရိကန် သမ္မတ အိုဘားမားတို့ တွေ့ဆုံဆွေးနွေးပွဲ၌ ဖမ်းဆီးခံထားရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အရေးကိစ္စကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားသည်။

          စင်ကာပူနိုင်ငံတွင် နိုင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်မည့် အာဆီယံ - အမေရိက ဆွေးနွေးပွဲနှင့် ပတ်သက်၍ ယင်းဆွေးနွေးပွဲသည် အာဆီယံ - ဝါရှင်တန် ဆက်ဆံရေး တွင် သိသာထင်ရှားသော တိုးတက်မှုဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားသည်။

          ယင်းအာဆီယံ - အမေရိက ထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံ ၁ဝ နိုင်ငံမှ ခေါင်းဆောင်များ နှင့် အမေရိကန် သမ္မတတစ်ဦးတို့သည် ပထမဆုံးအကြိမ်အဖြစ် အခန်းတစ်ခုထဲတွင် စုပေါင်း ဆွေးနွေးကြမည်ဖြစ်သည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို အာရှပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (APEC) အေပက် ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ကျင်း ပမည်ဖြစ်သည်။

          ယင်းဆွေးနွေးပွဲသို့ မြန်မာဝန်ကြီးချုပ် သိန်းစိန်လည်း တက်ရောက်မည်ဟု မျှော်လင့်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်က ပြောကြားသည်။

          ဝါရှင်တန်နှင့် အာဆီယံနိုင်ငံတို့၏ ဆက်ဆံရေးသည် မြန်မာနိုင်ငအရေးနှင့် ပတ်သက်၍ အမေရိကန်၏ ရပ်တည်ချက်ကြောင့် အကန့်အသတ်များစွာ ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံများကို ဖမ်းဆီးထားခြင်း အပါအဝင် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိ ကြောင်း စွပ်စွဲခံထားရသည်။

          သို့သော် မကြာသေးခင်ကာလက အမေရိကန် မူဝါဒပြောင်းလဲမှုများအရ အမေရိ ကန်သမ္မတ အိုဘားမားအစိုးရသည် မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် လူအခွင့်အရေး ချိုးဖောက်ခြင်းဟုသော ကိစ္စရပ်များတွင် ပြစ်တင်ဝေဖန်မှုကိုမူ ကိုင်စွဲထားဆဲဖြစ်သည်။

          "ဒေါ်အောင်ဆန်း စုကြည်ကိစ္စနဲ့ ပတ်သက်လို့ကတော့ အာဆီယံရဲ့ အမြင်ကရှင်းပါတယ်။ သူမကို ပြန်လွှတ်ပေးသင့်တယ်ဆိုတာ ကျွန်တော်တို့ အမြဲပြောနေတာပါ"ဟု အေပက်ဆွေးနွေးပွဲ မတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် စင်ကာပူန်ကြီးချုပ် လီရှန်လွန်း ကပြောကြားသည်။

          "အမေရိက - အာဆီယံ ထိပ်သီးဆွေးနွေးပွဲများမှာလည်း ဒီကိစ္စကို ဆွေးနွေးကြမှာ ဆိုတာ အသေအချာပါပဲ။ နှစ်ဖက်စလုံးက ၎င်းတို့ရဲ့ အမြင်များကို ပြောကြာမှာပဲ"ဟု စင်ကာပူဝန်ကြီးချုပ် ကဆိုသည်။

          အမေရိက - အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ကောင်းမွန်သော လက္ခဏာဟု ယူဆကြောင်း အဘယ်ကြောင့်ဆိုသော် ယခုချိန်တွင် အမေရိကန်သည် မြန်မာအစိုးရနှင့် ထိတွေ့ ဆက်ဆံရန် ကြိုးပမ်းလျက်ရှိပြီး မြန်မာအစိုးရကလည်း အမေရိကနှင့် ထိတွေ့ဆက်ဆံမည်ဖြစ်ကြောင်း လီရှန်လွန်းကပြောကြားသည်။

          ၁၄ နှစ်အတွင်း အမေရိက၏ အဆင့်မြင့်ဆုံး ကိုယ်စားလှယ်အဖြစ် အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့အလည်အပတ်ရောက် ရှိလျက်ရှိပြီး မြန်မာစစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆွေးနွေးခြင်းနှင့် ပတ်သက်၍ ၎င်းက ပြောကြားရာတွင် မြန်မာအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကဉ်ထားခြင်းသည် အပြုသဘောဆောင်သော တိုးတက်မှု မရရှိနိုင်ကြောင်း၊ ယင်းသို့ ဖယ်ကြဉ်ထားခြင်းသည် ရလဒ် တစ်စုံတစ်ရာ ရရှိနိုင်မည်မဟုတ်ဟု မိမိအစဉ်အမြဲရှုမြင် ကြောင်း ၎င်းကဆိုသည်။

          လွန်ခဲ့သော လပိုင်းက အမေရိကန်နိုင်ငံသား ဂျွန်ီလျံယက်တော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့ခြင်းတွင် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့ပြီး ၎င်းကို နေအိမ်အကျယ်ချုပ် သက်တမ်း ၁၈ ထပ်မံတိုး မြှင့်ခဲ့သည်။ ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ၁၈ လကြာ ထပ်မံထိန်းသိမ်းထား ခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် သူမပါဝင်နိုင်ခြင်း မရှိရန် ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း သုံးသပ်သူများက ပြောကြားသည်။

          အာဆီယံ အဖွဲ့တွင် စင်ကာပူ၊ မြန်မာ၊ လာအို၊ ဘရုနိုင်း၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖီလစ်ပိုင်နိုင်ငံတို့ပါသည်။

          "ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိ လျက်ရှိသော အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်တို့သည် ရန်ကုန်မြို့ အင်းယားလိပ်ဟိုတယ်တွင် နာရီကြာတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားသည်။

          ယခုတွေ့ဆုံပွဲမတိုင်မီ အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်၌ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်နှင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့၏ တွေ့ဆုံပွဲသည် စီစဉ်ထားသည့်အတိုင်း ဆက်လက်ပြုလုပ်ခဲ့ကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံးမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ဧရာဝတီသို့ ပြောကြားသည်။ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် ကတကမ်းဘဲလ်သည် ဒေသစံတော်ချိန် ညနေ နာရီ ၃၀ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သတင်းစာရှင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

          ယင်းတွေ့ဆုံမှုသည်  ၁၀ နှစ်ကျော် ကာလအတွင်း အမေရိကန် အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးနှင့် မြန်မာဝန်ကြီးချုပ်တို့၏ ပထမဆုံးတွေ့ဆုံမှုဖြစ်သည်။

          ပြီးခဲ့သည့် ကာလကကျင်းပခဲ့သော အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည် အတွက် မြန်မာနိုင်ငံ အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်သည့် အခန်း ကဏ္ဍတစ်ရပ်ရှိကြောင်း မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အာဆီယံ ခေါင်းဆောင်များကို ပြောကြားခဲ့သည်။

          ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ပြောကြားချက်နှင့် ပက်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထင်ရှားသော ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က စစ်အစိုးရအ နေဖြင့် ယင်းပြောကြားချက်ကို လက်တွေ့ သက်သေပြသရမည်ဖြစ်ကြောင်း ၎င်းကဆို သည်။

          အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် ကတကမ်းဘဲလ်သည် ဗုဒ္ဓဟူးနေ့ ရန်ကုန်မြို့ရှိ အင်းယားလိပ်ဟိုတယ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ ထို့နောက် တိုင်းရင်သား ခေါင်းဆောင်များ အခြားအတိုက်အခံ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

          ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေအပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအနက် ဦးနှင့် အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်တို့ ပါတီဌာနချုပ်၌ တွေ့ဆုံဖွယ်ရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားသည်။

          ကျန်ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးနှင့် ပါတီဥက္ကဌ ဦးအောင်ဆွေနှင့် ပါတီအတွင်းရေးမှူး ဦးလွင်တို့မှာ ကျန်းမာရေး မကောင်းခြင်းကြောင့် တွေ့ဆုံပွဲကို တက်ရောက်နိုင်ဖွယ် မရှိကြောင်း ၎င်းကပြောကြားသည်။­­­­­­


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment