Transparency Myanmar

transparency.myanmar@gmail.com

5 - Nov - 2009

Bernama News

          မြန်မာအစိုးရအဖွဲ့၊ အတိုက်အခံပါတီများ၊ လူမျိုးစုအဖွဲ့အစည်းများ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံတွင် အမျိုးသားပေါင်းစည်း ညီညွတ်ရေးကို ဖြစ်ပေါ်စေမည့် ပထမဆုံးခြေလှမ်း ဖြစ်လိမ့်မည်ဟု အမေရိကန် အကြီးတန်းသံတမန်အရာရှိက ပြောကြားကြောင်း Thai News Agency က သတင်းထုတ်ပြန်ပါသည်။

မြန်မာနိုင်ငံတွင်းရှိ အဓိကထိပ်တန်းပုဂ္ဂိုလ်များ ပါဝင်သည့် အစစ်အမှန် တွေ့ဆုံဆွေးနွေးမှု သည်သာ အမျိုးသားပြန်လည်ပေါင်းစည်းဆောင်ရွက်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု အမေရိကပြည်ထောင်စုက အလေးအနက် ဖေါ်ပြလိုကြောင်း၊ အရှေ့အာရှ၊ ပစ္စဖိတ်ဗျူရို ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Scot Marcial က ၎င်း၏ ရက်ကြာ မြန်မာခရီးစဉ်အပြီး၌ ဘန်ကောက်တွင် ပြောကြားခဲ့ပါသည်။

          Marcial နှင့် ၎င်း၏ အထက်အရာရှိ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell တို့သည် နိုဝင်ဘာ - ရက်တွင် နေပြည်တော်နှင့် ရန်ကုန်သို့ သွားရောက်ခဲ့သည့် ရက်ကြာ ခရီးစဉ်အတွင်း မြန်မာဝန်ကြီးချုပ်နှင့် အစိုးရ အကြီးတန်းအရာရှိများ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          နှစ်နိုင်ငံဆက်ဆံရေးကို အကျိုးဖြစ်ထွန်းစေမည့်ကိစ္စများ ဆက်လက်ဆောင်ရွက်လိုသော် လည်း မြန်မာနိုင်ငံတွင် အစစ်အမှန် ပြောင်းလဲတိုးတက်မှုများရှိမှသာ မိမိတို့ဆက်လက် လုပ်ဆောင်နိုင်မည်ဟု Marcial က ဆိုပါသည်။

          ယခု ခရီးစဉ်မှာ အချက်အလက် ရှာဖွေရန် တာဝန်ဖြင့် သွားရောက်ခြင်းဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ အမေရိကန်၏မူဝါဒကို အဓိကအဖွဲ့အစည်းများအား ရှင်းပြရန်နှင့် ၎င်းတို့၏ ရှုမြင် သုံးသပ်မှုကို နားထောင်ရန်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ တပ်မတော်အစိုးရနှင့် ဆွေးနွေး ညှိနှိုင်းမည့် အမေရိကန်၏မူဝါဒသစ်ကိုလည်း လေ့လာအမှတ်ပေးမည် ဖြစ်သည်။

          ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီခေါင်းဆောင်များအကြား ပုံမှန်ဆက်သွယ်မှု နှင့် ဆွေးနွေးမှုများကို အစိုးရက ခွင့်ပြုရန် နိုင်ငံရေးအကျဉ်းသားများ၊ လူမျိုးစုတပ်ဖွဲ့များအပေါ် အစိုးရ၏ပြုမူဆက်ဆံမှုနှင့် ပတ်သက်သော လူ့အခွင့်အရေးကိစ္စများကို နိုင်ငံတကာက စိုးရိမ်ပူပန် နေခြင်းအား ဖြေရှင်းဆောင်ရွက်ရန် မြန်မာအစိုးရကို အမေရိကန်သံတမန်အဖွဲ့က တိုက်တွန်းခဲ့သည်ဟု ဆိုပါသည်။

          ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သောပါတီများ၊ အဖွဲ့အစည်းများကို ပါဝင်ခွင့်မပေးဘဲ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရန် ဆက်လက်ဆောင်ရွက်ပါက ယုံကြည်လက်ခံနိုင်ဖွယ်မရှိကြောင်း Marcial က ဆက်လက်ပြောကြားခဲ့သည်။

          အကယ်၍ လေးစားယုံကြည်ထိုက်သော ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့လျှင် မြန်မာနိုင်ငံ အတွက် အလွန်အဓိကကျသည့် ဒိုင်းနမစ် အရွေ့ကိုဖြစ်ပေါ်စေလိမ့်မည်ဟု ၎င်းကမှတ်ချက်ပေး သည်။ "တွေ့ဆုံဆွေးနွေးဖို့နဲ့ အားလုံးပါဝင်နိုင်ဖို့တော့ လိုတာပေါ့ဗျာ"ဟုလည်း ဆိုပါသည်။

          မြန်မာအစိုးရနှင့် လက်တွေ့ကျကျ ဆွေးနွေးညှိနှိုင်းနေစဉ်အတွင်း ပြောင်းလဲမှုကို အခြေခံ ထားသည့် အရေးယူမှုများကို ဆက်လက်ထားရှိဦးမည်ဖြစ်သော်လည်း မြန်မာပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားသော အကူအညီများကိုမူ ဆက်လက်ပေးအပ်သွားမည်ဟု Marcial က ပြောကြားခဲ့သည်။

          ဘီလ်ကလင်တန် အစိုးရလက်ထက် ၁၉၉၅ ခု၊ မက်ဒယ်လင်အောလ်ဘရိုက်၏ခရီးစဉ် နောက်ပိုင်း ယခု Campbell ခရီးစဉ်သည် အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦး၏ ပထမဆုံး မြန်မာခရီးစဉ် ဖြစ်သည်။

          ပြီးခဲ့သော စက်တင်ဘာလက နယူးယောက်တွင် အမေရိကန်နှင့် မြန်မာ တာဝန်ရှိ ပုဂ္ဂိုလ်များ  တွေ့ဆုံဆွေးနွေးမှု၏ နောက်ဆက်တွဲအဖြစ် ယခု နှစ်ရက်ကြာ ခရီးစဉ် ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment