Transparency Myanmar

transparency.myanmar@gmail.com

29 - Oct - 2009

By Larry Jagan / Mizzima

          န်ကြီးချုပ်ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်သော မိမိကိုယ်မိမိ ကျေနပ်နှစ်သိမ့်နေကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံတွင် ကျင်းပသည့် ၁၅ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံကို တက်ရောက်ပြီးနောက် ပျော်ရွှင်စွာ ပြည်တော်ပြန်သွားပြီဖြစ်ပြီး၊ ၎င်းတို့၏ အဓိက တာန်များဖြစ်သော နိုင်ငံတကာ ဖန်ပြစ်တင်မှုများနှင့် ဖိအားပေးမှုများကို ရှောင်လွှဲရန်၊ ရှေ့လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေရန်၊ အများက သတိမထားမိအောင် ကြိုးစားရန် စသည်တို့ကို အောင်မြင်စွာပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ယခုအကြိမ် မြန်မာနိုင်ငံအရေးကိစ္စသည် ဒေသတွင်း ထိပ်သီးညီလာခံ၏အစည်းအေ မှတ်တမ်းများတွင် ထင်ရှားခြင်းမရှိဘဲ တိမ်မြုပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး အကြိမ်ဖြစ်ပါသည်။ ၎င်းအပြင် မြန်မာနိုင်ငံအပေါ် သဘာပတိ၏ ထုတ်ပြန်ချက်မှာလည်း ဆယ်စုနှစ်အတွင်း အပျော့ပြောင်းဆုံး ဖြစ်နေပါသည်။ မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ်တွင် အားလုံးပါင်ခွင့် ရလိမ့်မည်ဟု ဒေသတွင်း အဖွဲ့အစည်းက မျှော်လင့်ပါသည် ဟူသောစကားကို အာဆီယံခေါင်းဆောင်များက သဘောတူထုတ်ပြန်ခဲ့ပါသည်။

          "မိမိတို့အလေးပေးဖေါ်ပြလိုသည်မှာ အမျိုးသားပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်သည် အရေးကြီးကြောင်း၊ ၂၀၁၀ တွင် မြန်မာနိုင်ငံ၌ကျင်းပမည့်ရွေးကောက်ပွဲများသည် နိုင်ငံတကာ အသိုင်းအိုင်းက ယုံကြည်လေးစားလောက်သည့် တရားမျှတမှု၊ လွတ်လပ်မှု၊ အားလုံးပါင်နိုင်မှု၊ ပွင့်လင်းမြင်သာမှု စသည့်ပုံစံများဖြင့် ကိုက်ညီရမည်ဖြစ်ကြောင်း" စသဖြင့် သဘာပတိ၏ ကြေငြာချက်ကို ညီလာခံအပြီးတွင် ဖတ်ကြားခဲ့ပါသည်။

          ကြိုတင်စီစဉ်ခြင်းမရှိသည့် နှစ်နိုင်ငံတွေ့ဆုံမှုများ၊ အစဉ်အလာဆွေးနွေးပွဲများ ခေတ္တ အနားပေးချိန်များ၊ ညစာစားပွဲများစသည့် အမျိုးမျိုးအဖုံဖုံသော တွေ့ဆုံမှုများတွင် အာဆီယံ အဖွဲ့င်ခေါင်းဆောင်များ၏ ပြင်းထန်သောမေးခွန်းများကို ရင်ဆိုင်ရမည့်အစား မြန်မာခေါင်းဆောင် များသည် ၎င်းတို့၏စားပွဲတွင် တိတ်ဆိတ်စွာထိုင်၍ ရေငုံနှုတ်ပိတ်နေခဲ့ကြပါသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားတို့၏ဆူပွက်လုနီးနီး နယ်စပ်ပဋိပက္ခက အစည်းအေးတွင် လွှမ်းမိုးနေသောကြောင့် မြန်မာတို့အကျဉ်းအကြပ်မှ လွတ်မြောက်သွားခြင်းဖြစ်သည်။ကမ္ဘောဒီးယားန်ကြီးချုပ် ဟွန်ဆန်မှာ အများအာရုံစိုက်စရာဖြစ်ခဲ့ပြီး၊ ၎င်းက သောကြာနေ့ ညီလာခံသို့ ရောက်လျှင် ရောက်ခြင်းပင် သတင်းထောက်များအား "ပြည်ပရောက် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာပ်ထရာ၏ အနေအထားသည် မြန်မာဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတူပင်ဖြစ်သည်"ဟု ပြောကြားခဲ့ပါသည်။

          ဤသည်မှာ ထိုင်းဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားခေါင်းဆောင်တို့၏ အထိမခံသော ဆက်ဆံရေး၏ရလာဒ်အဖြစ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ကြားမှအမြတ်ထွက်သွားခြင်းဖြစ်သည်။ ၎င်းသည်တရုတ်န်ကြီးချုပ်မ်ကျားပေါင်နှင့် တွေ့ဆုံခဲ့ခြင်းမှလွဲ၍ များသောအားဖြင့် တကိုယ်တည်းရှိနေတတ်သည်။ လွန်ခဲ့သော လခန့်က မြန်မာပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကိုးကန့်စစ်ပြေးဒုက္ခသည်များ ယူနန်ပြည်နယ်တွင်းသို့ အလုံးအရင်းနှင့် တိမ်းရှောင်ခဲ့ ပြီးနောက် ပြန်လည်တည်ငြိမ်လာသောအခြေအနေကို ထိန်းသိမ်းရန် မြန်မာနိုင်ငံက အာမခံကတိ ပေးထားခြင်းကို "မ်ကျားပေါင်"က ထပ်မံနှိုးဆောသတိပေးခဲ့ပါသည်။

          န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် နိုင်ငံခြားရေးန်ကြီးဦးဥာဏ်င်းတို့ ၂ဦးသည် ထိုင်းနိုင်ငံ ချာအမ်းတွင် ကျင်းပသောအာဆီယံထိပ်သီးညီလာခံ၏ အသိုင်းအိုင်းတွင် စောင့်ဆိုင်း နေသော စာနယ်ဇင်းသတင်းထောက်များကို အကြိမ်ကြိမ်ရှောင်ရှားခဲ့ကြပြီး အခြားနိုင်ငံ ကိုယ်စားလှယ်များက သတင်းစာရှင်းလင်းပွဲများ၊ အင်တာဗျူးများပြုလုပ်နေသည့်အချိန်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့က အဆိုပါ အခွင့်အလမ်းကို ငြင်းပယ်ခဲ့ပါသည်။

 

အမေရိကန်၏မူါဒပြန်လည်သုံးသပ်ခြင်း

          သို့ရာတွင် ယခု အစည်းအဝေးများများမှ ထွက်ပေါ်လာသည့် အချို့သောအကြောင်းအရာ များသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းပြမြေပုံနှင့် ရှေ့လာမည့် ရွေးကောက်ပွဲများအပေါ် သက်ရောက်မှုတစ်ခု ဖြစ်ပေါ်နိုင်ပါသည်။ အမေရိကန်ပြည်ထောင်စုက ၎င်း၏ မူါဒ ပြန်လည်သုံးသပ်မှုကို ယခင်ကကြေညာခဲ့ပြီး ရှေ့ဆက်မည့်လမ်းကြောင်းတွင် အရေးယူမှုနှင့် ဆွေးနွေးညှိနှိုင်းမှုကို ပူးတွဲကျင့်သုံးသွားမည်ဖြစ်ကြောင်း တင်ပြခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ရပ်တည်မှုအနေအထားများ သိသာစွာပြောင်းလဲသွားသည်ကို မှတ်မိကြပါလိမ့်မည်။

          "မျှော်လင့်ချက်ရောင်ခြည်သန်းတဲ့ ကာလတစ်ခုကို ကျွန်တော်တို့စကြုံတွေ့နေရတာပါ။ အမေရိကန်ပြည်ထောင်စုနဲ့မြန်မာနိုင်ငံကြား ဆက်ဆံရေးများ ပုံမှန်ဖြစ်လာဖွယ်ရှိနေပြီး ကျွန်တော်တို့က ကြိုဆိုလျက်ပါ" ဟု အိန္ဒိယန်ကြီးချုပ်ဒေါက်တာမန်မိုဟန်ဆင်းက အာဆီယံ ညီလာခံ နောက်ဆုံးနေ့တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သော အိန္ဒိယ၏မူါဒကို မေးခွန်းထုတ်မှုအား ဖြေကြားခဲ့ပါသည်။

          ထိုင်းနိုင်ငံန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဗာ ကမူ ပိုမိုပွင့်လင်းစွာပြောဆိုတတ်သူဖြစ်ပြီး ၎င်းက အမေရိကန်၏ ပြောင်းရွှေ့မှုသည် မိမိတို့အရှေ့တောင်အာရှဒေသ၏ "မြန်မာနိုင်ငံကို ပျော့ပြောင်းစွာချဉ်းကပ်ရေး"မူါဒမှန်ကန်ကြောင်း သက်သေပင်ဖြစ်သည်ဟု ညွှန်းဆိုပါသည်။

          ဆွေးနွေးညှိနှိုင်းခြင်းသည် မှန်ကန်သောချဉ်းကပ်မှုဖြစ်ကြောင်း မိမိတို့အာဆီယံက အမြဲတမ်းတိုက်တွန်းခဲ့ပါသည်။ အကယ်၍ လူတိုင်းလူတိုင်းက ယခုချဉ်းကပ်ကိုင်တွယ်မှုပုံစံကို လိုက်ပါဆောင်ရွက်ကြမည်ဆိုပါက မြန်မာနိုင်ငံအား ၎င်း၏ဒီမိုကရေစီလမ်းပြမြေပုံကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် တွန်းအားပေးနိုင်ပါလိမ့်မည်ဟု အဘီဆစ်က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

          အမေရိကန်၏ ကြေငြာချက်ထုတ်ပြန်ပြီး သီတင်းပတ်အနည်းငယ်အတွင်း အာဆီယံ ထိပ်သီးညီလာခံကို ကျင်းပခဲ့ခြင်းသည် မြန်မာကိုယ်စားလှယ်အဖွဲ့ကို အသက်ရူချောင်သွားစေ သည့် အချက်တချက်ဖြစ်ပြီး ၎င်းတို့ကလည်း နားလည်သိရှိပုံရပါသည်။ ကနဦးကိုယ်စားလှယ် အဖွဲ့သည် တရက်ကြိုတင်၍ နေ့လည်ခင်းအစောပိုင်းတွင် ဟွာဟင်းသို့ ရောက်ရှိပါသည်။

          တချိန်ထဲမှာပင် အမေရိကန်ပြည်ထောင်စု၏ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းမှုသည် နိုင်ငံတကာအသိုင်းအိုင်းမှ အခြားလှုပ်ရှုားသူများအား ရှုပ်ထွေးသွားစေပါသည်။ မြန်မာနိုင်ငံ၏အမျိုးသား ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်အပေါ် ကုလသမဂ္ဂနှင့် အာဆီယံ၏ ပါင်ကူညီနိုင်မှုနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများပေါ်ပေါက်လာပါသည်။ ကုလသမဂ္ဂ၏ကဏ္ဍ မှာ လမ်းဆုံးသွားပြီဟုဆိုရပါမည်။ အာဆီယံ၏အခန်းကဏ္ဍမှာမူ ကျန်ရှိနေသေးပြီး တရုတ်နိုင်ငံ ကလည်း အလွန်စိတ်ပါင်စားစွာဖြင့် ပါင်ပတ်သက်မည်မှာ သေချာပါသည်။

 

ရွေးကောက်ပွဲများသည် အဖြေလား

          နောက်ဆုံးတွင် အာဆီယံခေါင်းဆောင်များက လာမည့်နှစ်ကျင်းပရန်ရည်ရွယ်ထားသော ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံ၏ နာတာရှည်ရောဂါကို ကုစားနိုင်မည့် ဆေးတလက်ဖြစ်ဖွယ်ရှိ သည်ဆိုသော အချက်ကို လက်ခံသဘောတူခဲ့ကြပုံရပါသည်။ ဒေါက်တာမန်မိုဟန်ဆင်းက မဇ္ဈိမသို့ ပြောကြားခဲ့ရာတွင် လူမျိုးစုတပ်ဖွဲ့များနှင့် ဖြစ်ပွားနိုင်ချေရှိသည့်ပြည်တွင်းစစ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဘင်္ဂလားဒေ့ရှ်နှင့် နယ်ခြားပြဿနာ စသော မြန်မာနိုင်ငံ၏ ပြဿနာအရပ်ရပ်ကို လာမည့်နှစ် ရွေးကောက်ပွဲများမှတဆင့် ဖြေရှင်းရလိမ့်မည်ဟု ဆိုခဲ့ပါသည်။ အကောင်းဖက်မှရှုမြင်မှုများ နည်းပါးနေသည့်အခိုက် အာဆီယံ ခေါင်းဆောင်အများစုကလည်း ၂၀၁၀ တွင် ကျင်းပရန် ရည်ရွယ်ထားသည့် ရွေးကောက်ပွဲများကို "ပုံ၍ယုံလိုက်ရန်" လက်ခံ ရွေးချယ်ခဲ့ကြသည်။

          ကြာသပတေးနေ့ ညပိုင်းတွင် ကျင်းပသော နိုင်ငံခြားရေး န်ကြီးများ၏ သီးသန့် ညစာစားပွဲတွင် ဦးဥာဏ်င်းက အာဆီယံနိုင်ငံခြားရေးန်ကြီးများအား ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံတကာအဖွဲ့အစည်းများက တောင်းဆိုထားသည့် စံချိန်စံညွှန်းများနှင့်ကိုက်ညီပါသည်ဟု ပြောကြားခဲ့ကြောင်း ညစာစားပွဲသို့တက်ရောက်ခဲ့သည့် သံတမန်တစ်ဦး၏ ပြောဆိုမှုအရ သိရှိရ သည်။ ဗိုလ်ချုပ်ကြီးသိန်းစိန်ကလည်း အလားတူပင် ရွေးကောက်ပွဲတွင် မည်သူမဆိုပါင်ခွင့်ရှိ ကြောင်း ပြောကြားခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ ပါဝင်ခွင့်ရရှိရေးနှင့်ပတ်သက် ခြင်းရှိမရှိကိုမူ ၎င်းကပြောကြားခြင်းမရှိပါ။

          အာဆီယံ၏ ချဉ်းကပ်ကိုင်တွယ်နေပုံမှာ မြန်မာအစိုးရအား ကိုယ့်လည်ပင်းကိုယ်စွပ်ရန် ကြိုးကွင်းပေးနေသကဲ့သို့ ဖြစ်နေပါသည်။ ယခုအကြိမ်သည် မြန်မာအစိုးရအတွက် နောက်ဆုံး အခွင့်အရေးဖြစ်ပြီး လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲဖြစ်စေရပါမည်ဟု ၎င်းတို့ ကတိပေးထားသည့်အတိုင်း လုပ်ဆောင်ရန် တာန်ခံရပါလိမ့်မည်။ ၎င်းတို့နှင့်ပတ်သက်၍ "ယုံကြည်နိုင်ကောင်းပါရဲ့" ဟူသော စကားလုံးရေပန်းစားနေပါသည်။ မည်သူမဆို ပါင်နိုင်၍ ယုံကြည်လက်ခံထိုက်သော ရွေးကောက်ပွဲများကို မြင်တွေ့ရန် မိမိတို့အားလုံးကဆန္ဒရှိသည်ကို မြန်မာအစိုးရကကောင်းစွာနားလည်သဘောပေါက်သည်ဟု အဘီဆစ်ကပြောသည်။ ၎င်းတို့ သွားလိုရာသွားပါစေ၊ မိမိတို့ကူညီရန်အဆင့်သင့်ရှိနေပါသည်ဟု ထပ်လောင်းပြောကြားသည်။

          တရုတ်နိုင်ငံ၏ လိုလားချက်မှာလည်း အာဆီယံနှင့် ထပ်တူထပ်မျှဖြစ်သည်ဟုဆိုပါသည်။ အမျိုးသား ပြန်လည်ညီညွတ်ရေးနှင့် ပေါင်းစည်းရေး ရည်မှန်းချက်နှင့် ပတ်သက်၍ တရုတ်က ထောက်ခံရပ်တည်လျက်ရှိပြီး အစိုးရနှင့် အတိုက်အခံများကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်းများပြုလုပ်ရန် တွန်းအားပေးသွားမည်ဟု Chinese Institute of Strategic Studies မှ Dr. လီဇူချင်းကပြောပါသည်။ အတိုက်အခံ နိုင်ငံရေးပါတီများ အပါအ၀င် အကျုံးဝင် ဆက်စပ်သည့် ပါတီအားလုံးနှင့် အတူတကွ ဆောင်ရွက်သွားရန် တရုတ်နိုင်ငံက ဆန္ဒရှိနေပြိး၊ ၂၀၁၀ ရွေးကောက်ပွဲများကို အောင်မြင်အောင် ဆောင်ရွက်ရန် ရည်ရွယ်သည်ဟု ဆိုပါသည်။

          ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်သည့် အခွင့်အလမ်းများကို နောက်ထပ်ပေးတော့မည် မဟုတ်ဟု ဗီယက်နမ်က ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံ အရှေ့တောင်ဖက် ကမ်းခြေတလျှောက်ကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီပေါင်း ၂၀၀ ကျော်သည် မြန်မာနိုင်ငံတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြပါသည်။ သို့ရာတွင် ၎င်းတို့သည် ရွေးကောက်ပွဲအပြီးကို စောင့်ကြည့်နေကြပြီး တည်ငြိမ်အေးချမ်း၍ ဥပဒေစိုးမိုးသော ကာလသစ်၊ အခြေအနေသစ်တစ်ခုကို ဆောင်ယူပေးနိုင်မည်ဟု ယူဆမျှော်လင့်ထားကြခြင်း ဖြစ်သည်ဟု မြန်မာအရေးကျွမ်းင်သူ တရုတ်ပညာရှင်များ နှင့် သံတမန်များက ဆိုပါသည်။

          သို့ဖြစ်ပါ၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံညီလာခံတွင် လူမမြင်စေရန် ရှောင်ရှားရင်းဖြင့် တလက်စတည်း ဘေးမသီရန်မခလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အာရှဒေသ၏ မျှော်မှန်းချက်များကို ပြည့်မှီရန်မဖြစ်နိုင်ကြောင်းကိုမူ ၎င်းတို့နားလည်သိရှိသွားပြီ ဖြစ်သည်။ သို့ရာတွင် သံသယ၏အကျိုးကို မြန်မာအစိုးရအားပေးထားသည့် အာဆီယံ၏ ချဉ်းကပ်မှုပုံစံသည် နေပြည်တော်ရှိစစ်ဗျူဟာပါရဂူများအပေါ်တွင် စိုးရိမ်ပူပန်ရပေလိမ့်မည်။ ဗိုလ်ချုပ်မှူးကြီးအနေဖြင့်လည်း အိမ်နီးချင်းမိတ်ဆွေများ၏ မျက်လုံးကို မကြာခဏ သိုးမွှေးဦးထုပ်စ ဖြင့် ဖုံးရန်မဖြစ်နိုင်ပါ။ ဤအတွက်အတိုင်းအတာတစ်ခုရှိသည်မှာ သေချာပါသည။

          အခြားတဖက်ကကြည့်လျှင်၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတပြီး အားလုံး ပါဝင်နိုင်အောင် ကူညီဆောင်ရွက်ပေးမည့်အာဆီယံ၏ ချဉ်းကပ်မှုပုံစံသည် လာဘ်မြင်သော သံတမန်ဆိုင်ရာဆောင်ရွက်မှုတစ်ခုအဖြစ် သက်သေပြနိုင်ပါလိမ့်မည်။ ထိပ်တိုက်တွေ့ဆုံခြင်းကို ရိုးသားစွာ ရှောင်လွှဲလိုသည့် အာဆီယံခေါင်းဆောင်များ (သမ္မတ/၀န်ကြီးချုပ်ဟောင်းများ) ကြောင့် စိုးရွံ့မှုအချို့ကျန်နေဆဲဖြစ်ပါသည်။

 

ရွေးကောက်ပွဲဥပဒေလာတော့မည်။

        မြန်မာကိုယ်စားလှယ် အဖွဲ့ထံမှ မည်သည့်အရာများ ထွက်ပေါ်လာပါသနည်း။ မြန်မာအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ မြန်မာန်ကြီးချုပ် ယူဆောင်လာခဲ့သော အရေးကြီး သတင်းမှာ ရွေးကောက်ပွဲဥပဒေရေးဆွဲပြီးပြီဖြစ်၍ မကြာမီ ပြည်သူလူထုသို့ ကြေညာမည့် အကြောင်းပင်ဖြစ်သည်။ (လေ့လာသူများက လွန်ခဲ့သော တနှစ်ကပင်ရေးဆွဲပြီးဖြစ်သည်ဟု ယုံကြည်ထားကြပါသည်။)

          အာဆီယံညီလာခံ ပထမနေ့တွင် ထိုင်းန်ကြီးချုပ်နှင့် မြန်မာန်ကြီးချုပ်တို့၏နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် "ဗိုလ်ချုပ်ကြီးသိန်းစိန်က ရွေးကောက်ပွဲဥပဒေကို မကြာမီထုတ်ပြန် ကြေညာမည်ဟု ပြောကြားခဲ့ကြောင်း" အဘီဆစ်က သတင်းထောက်များအားပြောပါသည်။ သို့ရာတွင် အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိဟု သိရှိရပါသည်။

          အမှန်စင်စစ် သတင်းမဟုတ်ပါ။ အဆိုပါ ရွေးကောက်ပွဲဥပဒေမှာ ထုတ်ပြန်ရန် အဆင်သင့် ဖြစ်နေသည်ကို ရန်ကုန်သားတိုင်းက သိပြီးသားဖြစ်ပါသည်။ သေချာသည့်အချက်မှာ လတ်တလော အမေရိကန်၏ မူဝါဒပြန်လည်သုံးသပ်မှုကြောင့် ထုတ်ပြန်ရန် နှောင့်နှေး ကြန့်ကြာနေခြင်းပင်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသည် ကစားပွဲအခင်းအကျင်းကို အပြန်ပြန် အလှန်လှန် သုံးသပ်နေပုံရပါသည်။

          နောက်တစ်ချက်မှာ အာရှနိုင်ငံများ အားလုံးက မြန်မာနိုင်ငံတွင် စစ်မှန်သော အမျိုးသား ပြန်လည်ပေါင်းစည်းရေး ပေါ်ထွန်းလာသည်ကို မြင်တွေ့လိုကြခြင်းပင်ဖြစ်သည်။ သို့မှသာလျှင် လာမည့်နှစ် ရွေးကောက်ပွဲတွင် အားလုံးပါင်နိုင်ပြီး၊ တရားမျှတမှု၊ လွတ်လပ်မှုတို့ ဖြစ်ပေါ်နိုင်မည် ကို နားလည်ထားကြသောကြောင့် ဖြစ်ပါသည်။ လာမည့်နှစ် ရွေးကောက်ပွဲသည် အားလုံးပါင်နိုင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ကြောင်း မြန်မာအစိုးရက ပြောကြားသည်ဟု ထိုင်းနိုင်ငံခြားရေးန်ကြီး "Kasit Piromya" က ညီလာခံတွင် နိုင်ငံတွေ့ဆုံမှုအပြီး၌ ထုတ်ပြန်ပါ သည်။

          သို့ရာတွင် အာဆီယံခေါင်းဆောင်များသည် အရာရာကို သိရှိနားလည်ထားသည့် အားလျှော်စွာ "မြန်မာအစိုးရ ပြောချင်ရာပြောပါစေ၊ ပြောသမျှကို တတ်နိုင်သမျှ အကောင်းဆုံး ပိုင်းခြားစိတ်ဖြာကြည့်ကြရန် ညီလာခံမတိုင်မီကပင် ပြင်ဆင်ထားခဲ့ကြပြီး ဖြစ်သည်။

          အမျိုးသား ပြန်လည်ပေါင်းစည်းရေးကို ရှေ့ရှုသည့် တိုးတက်မှုများနှင့် လမ်းပြမြေပုံနှင့် ပတ်သက်၍ လှုပ်ရှားဆောင်ရွက်မှုများ လတ်တလောဖြစ်ပေါ်နေပါသည်ဟု ထိုင်းနိုင်ငံခြားရေး န်ကြီးက မဇ္ဈိမ၏မေးမြန်းမှုကို ဖြေကြားခဲ့ပါသည်။

          ထိုင်းနိုင်ငံခြားရေးန်ကြီးက မိမိကြားသိရသည်မှာ နိုင်ငံရေးအကျဉ်းသား ၇၀၀၀ ခန့်လွှတ် ပေးပြီးဖြစ်သည်ဟုဆိုပါသည်။ မြန်မာအစိုးရကမူ နိုင်ငံရေးအကျဉ်းသားများမရှိပါဟု ငြင်းဆိုပါ သည်။ ယခုလွှတ်ပေးသောအကျဉ်းသား ၇၁၁၄ ဦးအနက် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်သာ ပါင်သည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများက ပြောကြားသည်။

          အမျိုးသားပြန်လည်ပေါင်းစည်းရေးကို ရှေးရှုသော တိုးတက်မှုသင်္ကေတအဖြစ် ဗိုလ်မှူးကြီး သိန်းစိန်က အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံတိုင်း ထုတ်ပြန်လေ့ရှိသည့်အချက်မှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုပင် ဖြစ်ပါသည်။ သူမသည် အစိုးရနှင့် (အလုပ်သမားန်ကြီးဦးအောင်ကြည်) ကြိမ် အပါအ၀င် သံတမန်ပေါင်း များစွာနှင့်တွေ့ဆုံခဲ့ပြီး        ဤသည်မှာ တိုးတက်မှုပင်ဖြစ်သည်ဟု Kasit က မဇ္ဈိမသို့ပြောဆိုပါသည်။

          အဆိုပါအချက်ကို ထောက်ခံသူဦးရေမှာ မြန်မာနိုင်ငံတွင်း၌ အလွန်နည်းပါးပါလိမ့်မည်။ သို့ရာတွင် အာဆီယံခေါင်းဆောင်များ၊ နိုင်ငံခြားရေး န်ကြီးများနှင့် အိန္ဒိယနိုင်ငံ ကိုယ်စားလှယ်များ အားလုံးက မြန်မာအစိုးရပြောသမျှကို အကောင်းဘက်မှရှုမြင်ပြီး လက်ခံခေါင်းညိတ် လိုက်ကြပါ သည်။

 

ဒေါ်အောင်ဆန်းစုကြည်

          သို့ဆိုပါလျှင် ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၏ အနာဂတ် ကံကြမ္မာမှာ မည်သို့ရှိပါသနည်း။ ဗိုလ်ချုပ်ကြီး သိန်းစိန်က ၎င်း၏နိုင်ဖဲများကို ကျွမ်းကျင်စွာ ထုတ်ပြပါသည်။ ၎င်းက သွယ်ဝိုက်ပြောဆိုမှုများ၊ ရည်ညွှန်းမှုများဖြင့် သူမ၏ ပြောင်းလဲခြင်းမရှိ၊ ခေါင်းမာသော အနေအထားကို ကျွမ်းကျင်လိမ္မာစွာ ဖေါ်ထုတ်ပြပါသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် နေအိမ်အကျယ်ချုပ် ၁၈ ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရပါသည်။ ဗိုလ်ချုပ်ကြီး သိန်းစိန်သည် မည်သည့် အာဆီယံ အစည်းအေးတွင်မှ သူမ၏အမည်ကို သုံးစွဲခြင်း လုံးမရှိခဲ့ကြောင်း သံတမန်များက ပြောကြားခဲ့ပြီး ထိုအချက်ကို လက်ခံနိုင်သူအဖြစ် ထိုင်းန်ကြီးချုပ်သာရှိခဲ့ပြီး တပ်မတော်အစိုးရသည် သူမ၏အနေအထားနှင့်ရပ်တည်မှုကဏ္ဍကို အသိအမှတ်မပြုဘဲ ဖယ်ထုတ်ထားခဲ့ခြင်းဖြစ်သည်။

          အစိုးရနှင့်သူမတွေ့ဆုံစဉ်က စကားပြောဆိုမှုအချို့ကို မြန်မာန်ကြီးချုပ်က ပြန်လည် ဖောက်သည်ချခဲ့ပြီး အမျိုးသားပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်တွင် သူမပါင်ဆောင်ရွက်နိုင် လိမ့်မည်ဟု အကောင်းဘက်ကရှုမြင်ခံစားခဲ့ကြောင်း မိမိအားပြောပြခဲ့သည်ဟု ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲတွင် "အဘီဆစ်" က ပြောကြားသည်။

          ဗိုလ်ချုပ်ကြီးသိန်းစိန်၏ အကောင်းဘက်မှ ရှုမြင်သုံးသပ်မှုမှာ လွန်ခဲ့သောတစ်ရက်က ဂျပန် န်ကြီးချုပ် ယူကီအို ဟာတိုယာမား၏ တရားင်ပြောရေးဆိုခွင့်ရှိသူ ကူဇူအို ကိုဒါးမား၏ ပြောကြားမှု အပြီးတွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး ဟွာဟ်းတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ကိုဒါးမားက "သူမသည် နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းခံရဆဲ ဖြစ်ပြီး မြန်မာန်ကြီးချုပ်က သူမအနေနှင့် ကောင်းမွန်စွာ ရပ်တည်နေထိုင်သွားလျှင် ချမှတ်ထားသော ပြစ်ဒဏ်များကို လျော့ပေါ့ ပေးနိုင်မည်ဟု ပြောကြားခဲ့သည်" ဟု စာနယ်ဇင်း သတင်းထောက်များအား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါ သည်။

          "မြန်မာအာဏာပိုင်များနှင့် ပတ်သက်သော အောင်ဆန်းစုကြည်၏ ရပ်တည်ချက် ပျော့ပြောင်းလာပုံရသည်ဟု မြန်မာအစိုးရက ယုံကြည်ထားကြောင်း" အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ဆွေးနွေးကြသော ASEAN + 3 စည်းဝေးပွဲတွင် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ပြောကြားမှုကို ဂျပန်ပြောရေးဆိုခွင့်ရှိသူက ပြန်ပြောပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment