Transparency Myanmar

transparency.myanmar@gmail.com

(BBC News : 2 - 11 - 2009)

          မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီယာလက်နက် ဖျက်သိမ်းရေးကိစ္စအတွက် အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးရန် အသင့်ဖြစ်နေကြောင်း၊ သို့သော် အမေရိကန်က ငြင်းဆိုခဲ့လျှင် မိမိသဘောအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။ အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးမှု ရလဒ်ပေါ် မူတည်၍ မြောက်ကိုရီးယား၏ အိမ်နီးချင်းနိုင်ငံများ ပါဝင်သည့်  ပိုမိုကျယ်ပြန့်သော ဆွေးနွေးပွဲကို ပြုလုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 ပြုံယမ်းသည် ()နိုင်ငံပါဝင်သော နျူကလီယာလက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲမှ ယခုနှစ်ဦးပိုင်းက ထွက်ခွာခဲ့ပါသည်။ မေလအတွင်း မြောက်ကိုရီးယားသည် မြေအောက် နျူကလီယာ ဖောက်ခွဲစမ်းသပ်မှုကို ပြုလုပ်ခဲ့ ပါသည်။

          မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက KCNA သတင်းဌာနသို့ ပြောကြားရာတွင် အကျိုးကြောင်းဆင်ခြင်၍ ဖြစ်နိုင်ခြေရှိသော အဖြေတစ်ခုကို မြောက်ကိုရီးယားနှင့် အမေရိကန်တို့ တိုက်ခိုက်တွေ့ဆုံ၍ ရအောင် လုပ်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ယခု ကျွန်ုပ်တို့သည် အမေရိကန်နှင့်အတူ နိုင်ငံပေါင်းစုံပါဝင်သော ဆွေးနွေးပွဲနှင့် ()နိုင်ငံ ဆွေးနွေးပွဲများကို ပြုလုပ်ရန် မွန်မြတ်သော သဘောထားဆန္ဒကို ပြောကြားပြီး ဖြစ်၍ အမေရိကန်ကသာလျှင် ဆုံးဖြတ်ရန်ရှိကြောင်းလည်း ပြောခဲ့သည်။ အကယ်၍ အမေရိကန်က မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် အဆင်သင့်မဖြစ်ပါက မိမိတို့၏ သဘောအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောခဲ့သည်။

          ဤနောက်ဆုံး တိုက်တွန်းချက်သည် မြောက်ကိုရီးယားက နျူကလီယာဆွေးနွေးခြင်း ကိစ္စတွင် ပြန်လည်ပါဝင်လာမည်ဖြစ်ကြောင်း အသိပေးခြင်းဟု ယူဆရန်ရှိသော်လည်း ဆွေးနွေးပွဲပေါ်ပေါက် လာရန် ရှိနေသေးပါသည်။ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong - il က ၎င်းတို့အနေဖြင့် အမေရိကန်နှင့် ဆွေးနွေးပြီးလျှင် နျူကလီယာဆွေးနွေးပွဲတွင် ပြန်လည်ပါဝင်ရန် စဉ်းစားမည်ဟု ပြောခဲ့သည်။

          သို့သော် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြုံယမ်းမှ အမေရိကန်အထူးသံတမန် Stephan Bosworth ကို ဖိတ်ကြားခြင်းကို လက်ခံရန်အတွက် ဆုံးဖြတ်ခြင်း မရှိသေးကြောင်း ပြောပါသည်။ ()နိုင်ငံဆွေးနွေးပွဲတွင် ကိုရီးယား ()နိုင်ငံ၊ အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် ရုရှားနိုင်ငံတို့ပါဝင်ပါသည်။

          မြောက်ကိုရီးယား ဒုတိယ အာဏာအရှိဆုံးသော နျူကလီယာ သံတမန် Ri Gun သည် အမေရိကန်ပညာရှင်များနှင့် ဝန်ထမ်းဟောင်းများကို အမေရိကန်နိုင်ငံတွင် တွေ့ဆုံခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။ အမေရိကန် အဆက်အသွယ်များက အဆိုပါ ဆွေးနွေးပွဲများအပြီးတွင် မြောက်ကိုရီးယားသည် သူ၏ နျူကလီယာအစီအစဉ်နှင့် ပတ်သက်၍ ()နိုင်ငံ ဆွေးနွေးပွဲတွင် ပါဝင်ရန် ပိုမိုပွင့်လင်းမှု ရှိလာကြောင်း ပြောကြားပါသည်။

          Mr. Ri သည် နယူးယောက်မြို့တွင် အမေရိကန်၏ မြောက်ကိုရီးယား အထူးသံတမန် Sung Kim ကို တွေ့ဆုံခဲ့ပါသည်။ ကယ်လီဖိုးနီးယား အလွတ်သဘော ဆွေးနွေးပွဲပြင်ပတွင်လည်း ၎င်းတို့တွေ့ဆုံဆွေးနွေးမှု ပြုခဲ့သေးကြောင်း သိရှိရသည်။

          (၂၀၀၇) ခုနှစ်အတွင်းက လောင်စာဆီ အထောက်အပံ့ရရှိရေးနှင့် နိုင်ငံရေးရာ  လုပ်ပိုင်ခွင့်များအတွက် ပထမအဆင့်အနေဖြင့် သူ၏ နျူကလီယာအစီအစဉ်ကို ဖျက်သိမ်းရန် သဘောတူညီခဲ့ပြီး ဖြစ်ပါသည်။ သို့သော် အကူအညီအထောက်အပံ့များ ရရှိပြီးနောက် အဆိုပါ အစီအစဉ်တွင် ဆက်လက်ပါဝင်လုပ်ဆောင်ခြင်း မရှိတော့ဘဲ၊ ဒုတိယအကြိမ် နျူကလီယာ ဖောက်ခွဲစမ်းသပ်မှုကို ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စမ်းသပ်မှုနောက်ပိုင်းတွင် သူ၏ စုဆောင်းထားသော ပလူတိုနီယမ်များကို လက်နက်ပြုလုပ်ခြင်းနှင့် ယူရေနီယံသန့်စင်ခြင်းကို လုပ်နေသည်ဟု သတိပေးမှု ဖြစ်ပေါ်လာပါ သည်။ အဆိုပါအဆင့်သည် နျူကလီယာလက်နက် ထုတ်လုပ်ရန် ဒုတိယနည်းလမ်းတစ်ခုလည်း ဖြစ်သည်။

          မေလ နျူကလီယာ စမ်းသပ်ဖောက်ခွဲမှုကြောင့် ကုလသမဂ္ဂ၏ ပိတ်ဆို့ ဒဏ်ခတ်ခြင်းများ ခံရမှုသည် ပြုံယမ်းကို စေ့စပ်ဆွေးနွေးပွဲသို့ ပြန်လာအောင် ပြုလုပ်ခြင်း ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

          မြောက်ကိုရီးယားသည် နျူကလီယာကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် အမေရိကန်နှင့် တိုက်ရိုက်တွေ့ဆုံခြင်းကို တစ်ခုတည်းသော နည်းလမ်းအဖြစ် ခံယူထားပြီး၊ တွေ့ဆုံရန်လည်း တောင်းဆိုခဲ့သည်မှာ ကြာပြီ ဖြစ်ပါသည်။ မြောက်ကိုရီးယားနှင့် အမေရိကန်တို့သည် ရန်လိုသော ဆက်ဆံရေးများကို ရပ်ဆိုင်းလိုက်ပြီး၊ ယုံကြည်မှု တည်ဆောက်မှသာ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီယာကင်းစင်ရေးအတွက် အဓိပ္ပာယ်ရှိသော လုပ်ရပ်များကို ဖေါ်ဆောင်နိုင်မည် ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ သို့သော် အမေရိကန်က ၎င်းတို့နှင့် မျက်နှာချင်းဆိုင်ဆွေးနွေးခြင်း မပြုလုပ်လျှင် ၎င်းတို့၏ လမ်းကြောင်းအတိုင်းသာ လုပ်ဆောင်သွားရန် ရှိကြောင်း ပြောသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment