Transparency Myanmar

transparency.myanmar@gmail.com

Xinhua News,18th May 2010

      မြန်မာ အမျိုးသမီး သတင်းထောက် တစ်ဦးကို ထိုင်း အစိုးရ ဆန့်ကျင် ဆန္ဒပြသူ အုပ်စုတစ်စုက အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် ရန်မူ တိုက်ခိုက်ခဲ့သည်ဟု မျက်မြင်သက်သေ တစ်ဦးက ပြောကြားသည်။

      အစိုးရ ဆန့်ကျင်ရေး အဓိက ဆန္ဒပြရာ နေရာ အနီးမှ ပါသွမ်ဝါနာရမ် ဘုရားကျောင်းသို့ ဒုက္ခသည် အဖြစ် ရောက်ရှိလာသော အစိုးရ ဆန့်ကျင် ဆန္ဒပြသူ အချို့ကို အင်တာဗျူး မေးမြန်းနေစဉ် ယင်းသို့ တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ထိုင်း INN သတင်းဋ္ဌာနက ထုတ်ပြန်လိုက်သည်။

      သတင်း ရေးသားရန် အတွက် အချက်အလက်များ မေးမြန်းနေသော သတင်းထောက်ကို အစိုးရ ဆန့်ကျင် ဆန္ဒပြသူများက ဒေါသထွက်ခဲ့သည်ဟု ဆိုသည်။ အမျိုးသမီးနှင့် ကလေး ၁၀၀ ခန့်သည် ဘန်ကောက်မြို့လယ် ဆန္ဒပြရာ ရာချာပရာဆောင် ရပ်ကွက်မှ ထွက်လာကာ ဘုရားကျောင်းတွင် ဒုက္ခသည် အဖြစ် လာရောက် ခိုလှုံခြင်း ဖြစ်သည်။

      သို့ဖြစ်ရာ ရာချာပရာဆောင် ရပ်ကွက်နှင့် ကပ်လျက်တွင် တည်ရှိသော ဘုရားကျောင်းတွင် လာရောက်ခိုလှုံသော ဆန္ဒပြသူများဖြင့် ပြည့်လျှံနေလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment