Transparency Myanmar

transparency.myanmar@gmail.com

BBC News,19th May 2010

တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးက ပြီးခဲ့သည့် မတ်လက တောင်ကိုးရီးယား ရေတပ် သင်္ဘောအား မြောက်ကိုးရီးယားက နှစ်မြှုပ်ပစ်ခဲ့သည်မှ ထင်ရှားကြောင်း ပြောဆိုလိုက်ပါသည်။

နိုင်ငံခြားရေး ဝန်ကြီး Yu  Myung-hwan က အဆိုပါ ကိစ္စအား ကုလသမဂ္ဂသို့ တင်ပြရန် လုံလောက်သော အထောက်အထားများးရှိနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တောင်ကိုးရီးယား စစ်သင်္ဘော Cheonan သည် အငြင်းပွားနေသော ကိုးရီးယား ရေပိုင်နက် နယ်စပ် အနီးတွင် မတ်လ (၂၆) ရက်နေ့က နစ်မြုပ်ခဲ့ပြီး သင်္ဘောသား (၄၆) ဦးသေဆုံး ခဲ့ရပါသည်။

နိုင်ငံတကာ ပါဝင်သော အဖွဲ့က အဆိုပါ နစ်မြုပ်မှုအား စစ်ဆေး၍ တွေ့ရှိချက်ကို ကြေညာရန် ပြင်ဆင်နေစဉ် Yu ၏ မှတ်ချက်ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

ယခုကဲ့သို့ တောင်ကိုးရီးယား၏ မြောက်ကိုးရီးယား အပေါ် အပြစ်တင်မှုမှာ ရှင်းလင်း ပြတ်သားသော ပြောဆိုလိုက်မှုပင် ဖြစ်ပါသည်။

မြောက်ကိုးရီးယားက အဆိုပါ ကိစ္စအတွက် ငြင်းဆိုခဲ့ပြီး၊ နှစ်နိုင်ငံကြား တင်းမာမှု ပိုမိုတိုးပွားစေခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment